လူငယ်များအတွက် ASEAN Data Science Explorers ပြိုင်ပွဲ

အာဆီယံတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းသားများအတွက် အာဆီယံဖောင်ဒေးရှင်းနှင့် SAP မှ ASEAN Data Science Explorer ပြိုင်ပွဲကို ကြီးမှူးကျင်းပပေးနေပြီဖြစ်ပါတယ်။ ထိုပြိုင်ပွဲကို အာဆီယံနိုင်ငံများဖြစ်ကြသော အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းဒါရူဆလမ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား နှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာတက္ကသိုလ်ကျောင်းသားများ ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများသည် လူဦးရေစုစုပေါင်း သန်း၆၀၀ကျော်နှင့် အလျင်မြန်ဆုံးကြီးထွားဖွံဖြိုးလာသော နိုင်ငံများဖြစ်သည့်အလျောက် လူမှုရေး၊ ကျန်းမာရေး နှင့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကိုကြုံတွေ့နေရဆဲဖြစ်သည်။ ထို့ကြောင့် အာဆီယံနိင်ငံများမှ အဖိုးတန်လူငယ်များကို ဖိတ်ခေါ်ပြီး ဒေတာများကို အသုံးချခြင်းဖြင့် အဓိကကျသော ပြသနာများကို မီးမောင်းထိုးပြစေလိုသော ရည်ရွယ်ချက်ဖြစ်သည်။

Photos Source- https://aseandse.org/#

ပြိုင်ပွဲစည်းကမ်းချက်များ
အာဆီယံနိုင်ငံများတွင်နေထိုင်ပြီး သက်ဆိုင်ရာတက္ကသိုလ်များတွင် သင်ကြားလျက်ရှိသော အသက်၁၆နှင့်အထက် နိုင်ငံသားများဖြစ်ရမည်ဖြစ်သည်။

Photos Source- https://aseandse.org/#

ပြိုင်ပွဲတွင်ရရှိမည့်ဆုများ
သက်ဆိုင်ရာနိုင်ငံတစ်ဝှမ်းအဆင့်အနေဖြင့် နောက်ဆုံးအဆင့်ကိုတက်ရောက်နိုင်ခဲ့ပါက ပထမဆု ဒေါ်လာ ၈၀၀၊ ဒုတိတယဆု ဒေါ်လာ ၄၀၀ နှင့် တတိယဆုကို ဒေါ်လာ၂၀၀ ရရှိမည်ဖြစ်သည်။
Regional အဆင့်ကို တက်ရောက်နိုင်ခဲ့ပါက ပထမဆု ဒေါ်လာ ၁၅၀၀၊ ဒုတိယဆု ဒေါ်လာ ၁၀၀၀ နှင့် တတိယဆုဒေါ်လာ ၅၀၀ ကိုချီးမြှင့်ဖြစ်သည်။

ပြိုင်ပွဲကျင်းပရန် မြန်မာနိုင်ငံအနေနဲ့လည်း မန္တလေးနည်းပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် နှင့် ရန်ုကုန်နည်းပညာတက္ကသိုလ်တို့မှ ကူညီပံ့ပိုးပေးထားပါသည်။
ADSE နှင့်ပက်သက်၍ သတင်းအချက်အလက်များ ရယူလိုခြင်း၊ အဖွဲ့များနှင့် ယှဉ်ပြိုင်ရန်လိုအပ်သော အကူအညီ နှင့် training ကိုရယူလိုပါက အောက်ပါအတိုင်းဆက်သွယ်နိုင်ပါသည်။
Dr. Nang Saing Moon Kham
Professor, Faculty of Information Science, UCSY
moonkham@ucsy.edu.mm

အသေးစိတ်သိရှိလိုပါက
https://aseandse.org/#