Yangon ICT Fair (2019) ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပြူတာလုပ်ငန်းရှင်များအသင်းနှင့်ရန်ကုန်တိုင်းဒေသကြီးကွန်ပြူတာပညာရှင်အသင်းတို့ပူးပေါင်း ကာ Yongon ICT Fair (2019) ကို ရန်ကုန်မြို့၊ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ တပ်မတော်ခန်းမတွင် မေလ (၃၊၄၊၅) ရက်နေ့များတွင် မနက် (၉)နာရီမှ ညနေ ( ၆) နာရီအထိကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Source by Myanmar Tech Press

အဆိုပါပြပွဲကျင်းပရခြင်း ရည်ရွယ်ချက်မှာလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မိုဘိုင်းနှင့်အိုင်တီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဖြစ်ပြီး ယင်းကဏ္ဍကို စိတ်ဝင်စားသော နိုင်ငံဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအား ကွန်ပြူတာပစ္စည်းများ၊ ကွန်ပြူတာနှင့်ဆပ်စပ်ပစ္စည်းများ၊ နောက်ဆုံးပေါ် အီလက်ထရော နစ်ပစ္စည်းများ၊ ဆက်သွယ်ရေးကိရိယာများ၊ မိုဘိုင်းနှင့်နည်းပညာပစ္စည်းများ၊ ကွန်ပြူတာအသုံးချဆော့ဖ်ဝဲနည်းပညာများကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်ရန်ရည်ရွယ်ပြီး နိုင်ငံတော်မှချမှတ်ထားသော ဈေးကွက်စီးပွားရေးနစ်အား တစ်စိတ် တစ်ဒေသအထောက်အကူဖြစ်စေရန် ရည်ရွယ်ထားကြောင်းသိရသည်။

Photo Source by Myanmar Tech Press

အဆိုပါပြပွဲသို့ လာရောက်ကြသောဧည့်သည်များအား ဖွင့်ပွဲကာလသုံးရက်အတွင်း Lucky Draw အစီအစဉ်များကို တစ်နေ့ သုံးကြိမ်တိုင်တိုင် မဲနိုက်ရွေးချယ်ပေးအပ်ခဲ့ပြီး ပြပွဲတွင်ကုမ္ပဏီစုစုပေါင်း (၅၀) ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။ အဆိုပါပြပွဲ ကို ၂၀၁၉ ခုနှစ်အတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။

Photo Source by Myanmar Tech Press

အဆိုပါပြပွဲတွင် မြန်မာနိုင်ငံအတွက်အဓိကလိုအပ်လျက်ရှိသော နည်းပညာပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက် အကူပစ္စည်းများကို အဓိကခင်းကျင်းပြသရောင်းချခြင်းဖြစ်ပြီး IT နည်းပညာသင်ယူနေသောကျောင်းသား၊ ကျောင်းသူများ အတွက် မိုဘိုင်းဖုန်းနှင့်သက်ဆိုင်သောနည်းပညာဆိုင်ရာအထောက်အကူပြုပစ္စည်းများ၊ ကွန်ပြူတာနှင့်ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်ပစ္စည်းများ၊ Software အရောင်းဆိုင်များကို ကုမ္ပဏီပေါင်း (၅၀) ကျော်မှ ပြခန်း (၁၃၅) ခန်းဖြင့်ခင်းကျင်း ပြသရောင်းချခဲ့ခြင်းဖြစ်သည်။

Photo Source by Myanmar Tech Press

ထို့အပြင် နည်းပညာသင်တန်းကျောင်းများမှလည်း နည်းပညာသင်တန်းများကို မိတ်ဆက်ပေးထားခဲ့ပြီး တက်ရောက်လိုသူ များကို တစ်ခါထဲစာရင်းသွင်းဖြည့်စွတ်မှုကိုပြုလုပ်ပေးပြီး လျော့ဈေးများနှင့်တက်ရောက်နိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။ ပြပွဲအတွင်းသာရရှိနိုင်သော ဒစ်စကောင့်များ၊ ပြပွဲပြီး ရရှိနိုင်သော ဒစ်စကောင့်များ အပြင်ပြပွဲကို တက်ရောက်လာ သူတိုင်းအတွက် ကိုယ်ရေးအချက်အလက်များဖြည့်စွက်ပြီး LuckyDraw အစီအစဉ်များဖြင့် ကံစမ်းမဲများဖောက်ပေးခြင်း၊ ဝယ်ယူအားပေးသူများအတွက် ဝယ်ယူမှုအလိုက်မေတ္တာလက်ဆောင်များ ချီးမြှင့်ခြင်းတို့အစီအစဉ်များ ထည့်သွင်းပေးခဲ့ သည်။

Photo Source by Myanmar Tech Press

ယခင်နှစ်ပြပွဲများထက် မြန်မာနိုင်ငံသားများကိုယ်တိုင် စီစဉ်ဆောင်ရွက်သော အဆင့်မြင့်နည်းပညာကို မိတ်ဆက်ပြသ နိုင်ခဲ့ပြီး နည်းပညာတိုးတက်မြင့်မားလာမှုကိုလဲ အဆိုပါပြပွဲတွင်တွေ့မြင်ရစေခဲ့သည်။ နည်းပညာကိုစိတ်ဝင်စားပြီး ဆန်းသစ်သော နည်းပညာများကို ကြည်ရှုလိုသူများ၊ ကွန်ပျူတာနှင့် ဆက်စပ်သောပစ္စည်းများကို ဝယ်ယူလိုသူများအဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ခဲ့ပြီး တစ်နေရာထဲတွင် ရန်ကုန်မြို့တစ်ဝှမ်းရှိ နာမည်ကြီးဆိုင်များ၊ ကမ္ဘာအရပ်ရပ်မှနာ မည်ကြီးတံဆိပ်များကို ခင်းကျင်းပြသခဲ့သောကြောင့် ဈေးဝယ်လိုသူ ပြည်သူများအတွက် တစ်နေရာထဲ စုံလင်စွာရွေးချယ် နိုင်ခဲ့သည်။ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများသာမက စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနိုင်သော ဆော့ဖ်ဝဲလ်များ၊ အွန်လိုင်းဈေးရောင်းဝယ်နိုင်သောဝန်ဆောင်မှုူများကိုလဲ မိတ်ဆက်ရောင်းချမှုများပြုလုပ်ခဲ့ပါသည်။

Photo Source by Myanmar Tech Press

အဆိုပါပြပွဲကို ကျောင်းသူ၊ကျောင်းသားများ၊ နည်းပညာဆိုင်ရာစိတ်ပါဝင်စားသူများ၊ ကုမ္ပဏီများမှအဓိကထားလာရောက် လေ့လာအားပေးခဲ့ကြကြောင်းသိရသည်။