ကိုရီးယားဘာသာစကားလေ့လာနေသူတွေ အထောက်အကူဖြစ်စေမယ့် Application များ

ကိုရီးယားဘာသာစကားဟာ ခုခေတ်လူငယ်တွေအတွက် ပြည်တွင်းအလုပ်အကိုင်အပြင်၊ ပြည်ပအလုပ်အကိုင်အခွင့်အ လမ်းပိုင်းဆိုင်ရာတွေအတွက်ပါ အရေးပါတဲ့ဘာသာစကားတစ်ခုလည်းဖြစ်ပါတယ်။ ဘာသာစကားတစ်ခုခုကို ကျွမ်းကျင်ပိုင် နိုင်စွာတတ်မြောက်ထားခြင်းကလည်း အလုပ်အကိုင်အခွင့်အလမ်းအတွက်များစွာအထောက်အကူလည်းဖြစ်စေပါတယ်။

Photo Source- Screenshot by Myanmar Tech Press

အခုဖော်ပြပေးမယ့် Mobile Application တွေကတော့ ကိုရီးယားဘာသာစကားကို လေ့လာနေသူတွေ၊ သင်တန်းတက်နေ သူတွေအတွက် ဆောင်ထားသင့်တဲ့ Application တွေပဲဖြစ်ပါတယ်။ ကိုရီးယားဘာသာစကားကို အခြေခံကနေစပြီးအလွယ် တကူလေ့လာလို့ရအောင် ဖော်ပြပေးထားတဲ့အတွက် ကိုရီးယားဘာသာစကားလေ့လာနေသူ လူကြီး၊ လူငယ်မရွေးဆောင် ထားသင့်တဲ့ Application တွေပဲဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၁) Korean Words Collection (ကိုရီးယားစကားလုံးများစုစည်းမှု)
Korean Words Collection Application ကတော့ ကိုရီးယားအခြေခံဘာသာစကားဖြစ်တဲ့ ဗျည်း (၁၉) လုံး၊ သရ (၂၁) လုံး၊ အသပ် (၂၇) လုံး၊ ကြိယာအလုံး (၅၀)၊ နာမဝိသေသနသုံး အလုံး (၁၀၀) တို့ကို ထည့်သွင်းဖော်ပြထားပါတယ်။ အသုံးပြုရ လွယ်ကူအောင် မြန်မာဘာသာနဲ့ရှင်းပြထားပြီး မိတ်ဆွေသူငယ်ချင်းများဆီကိုလည်း မျှဝေနိုင်စေရန် ပြုလုပ်ထားပါတယ်။ အ သံနားထောင်ပြီး မိမိဘာသာပြန်လည်လေ့ကျင့်စေဖို့လည်း အဆင်ပြေပါတယ်။ အသုံးပြုသူကိုယ်တိုင် စကားလုံးများထပ်မံ ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်နိုင်ပါတယ်။ အင်တာနက်ဖွင့်ပြီးအသုံးပြုရတဲ့ Application ဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၂) Speak Korea For Myanmar
Speak Korea For Myanmar Application ကလည်း ကိုရီးယားဘာသာစကားကို အခြေခံမှစပြီးနားလည်ရလွယ်ကူအောင် ဖော်ပြပေးထားပါတယ်။ နုတ်ဆက်ခြင်း၊ အထွေထွေစကားပြော၊ ကိန်းဂဏန်းအရေအတွက်များ၊ နေ့ရက်၊ အချိန်နှင့်လများ၊ လမ်းညွှန်နှင့်နေရာများ၊ သယ်ယူပို့ဆောင်ရေး၊ နေရာထိုင်ခင်း၊ အပြင်ထွက်စားခြင်း၊ ဈေးဝယ်ထွက်ခြင်း စတဲ့အကြောင်းအ ရာတွေကို လေ့လာနိုင်အောင်ထည့်သွင်းဖော်ပြထားပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၃) Basic Korean Speaking
Basic Korean Speaking Application ကလည်း ကိုရီးယားဘာသာစကားအခြေခံတွေဖြစ်တဲ့ ဗျည်း၊ ပေါင်းစပ်ဗျည်း၊ သရ၊ ပေါင်းစပ်သရ၊ အသပ်၊ ရေးနည်း၊ အသံထွက်၊ နောက်ဆက်တွဲစကားလုံးများ၊ ကိုရီးယားစကားပြော စတဲ့ အကြောင်းအရာ တွေနဲ့ စုံလင်စွာဖော်ပြပေးထားပါတယ်။ အသံထွက်လေ့ကျင့်နိုင်ရန် ပြုလုပ်ထားပြီး အသုံးတည့်လွန်းတဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။
Application များကို အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.ebzits.krwordscollection
https://play.google.com/store/apps/details?id=com.easy.speaking.korean
https://play.google.com/store/apps/details?id=com.ebzits.learningkoreanbasiclite