Image Source: https://www.kbzbank.com/mm/
ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုဆီသို့ အလွယ်တကူ ငွေလွှဲပို့နိုင်ဖို့အတွက် မြန်မာငွေလွှဲကဒ်(Myanmar Remit Card) ဆိုတဲ့ ငွေလွှဲကဒ်တစ်ခုကို KBZ Bank နဲ့ ထိုင်းနိုင်ငံက Kasikorn Bank တို့ပူးပေါင်းစီစဉ်လိုက်ပါတယ်။ ထိုင်းရောက် မြန်မာတွေအနေနဲ့ အဲဒီကဒ်ကိုသုံးပြီး မြန်မာပြည်က ငွေလက်ခံမယ့်အကောင့်တစ်ခုစီသို့ တစ်ရက်ကိုတစ်ကြီမ်နှုန်းနဲ့ ထိုင်းဘတ်ငွေတစ်သိန်း(ကျပ် ၃၉သိန်း၀န်းကျင်) အထိ အများဆုံး လွဲပို့နိုင်မှာ ဖြစ်ပါတယ်။