တက္ကသိုလ်ကျောင်းသားများတင်ဆက်တဲ့ Hackathon UNI HACK CHALLENGE 2

 

၈လပိုင်း ၂၆ရက်နေ့တွင် Kanaung Hub Incubation Center မှာကျင်းပတဲ့ Uni Hack Challenge 2ကိုသွားကြည့်တယ်။

ကျောင်းသားများတင်ဆက်တဲ့ Hackathonမှာ ကျောင်းသား၆ယောက် ၁ဖွဲ့လုပ်ပြီးတော့ စုစုပေါင်း အဖွဲ့၂၀ က တင်ဆက်ပါတယ်။
Universityရဲ့ Hackathon နဲ့ Uni Hackဆိုတဲ့နာမည်ဖြစ်လောက်တယ်။ဒီတစ်ခေါက်နဲ့ဆို၂ခေါက်မြောက်ကျင်းပ ခြင်းဘဲဖြစ်ပါတယ်။


တစ်ဝက်လောက်ကနေကြည့်ပြီးတော့ နောက်ဆုံးထိကြည့်မလို့လုပ်ထားခဲ့ပေမဲ့ တစ်ဖွဲ့ချင်းစီရဲ့တင်ဆက်မှုနဲ့ မေးခွန်းတွေက အချိန်ကြာခဲ့သည့်ကြောင့်လား သက်မှတ်ထားသည့်အချိန်ရောက်နေပေမဲ့နောက်မှာ အဖွဲ့များ  ကျန်ရှိနေသေးပြီး နောက်ဆုံးထိကြည့်နေခဲ့မယ်ဆိုရင် ၂နာရီ ၃နာရီလောက်ကျော်သွားနိုင်တဲ့အတွက် ဆုရတဲ့လူကိုတော့မကြည့်ခဲ့လိုက်ရပါဘူး။
(ဆုရရှိသူကိုတော့ http://www.unihackchallenge.org မှာတင်ထားတဲ့အတွက် ကြည့်စေချင်ပါတယ်။)

Logo ရဲ့ Design တို့ Video တို့နဲ့ပတ်သက်တဲ့ တင်ဆက်မှုကတော့ အကုန်လုံးနည်းပါး Level ကမြင့်ကြတယ် လို့ထင်မိပါတယ်။
ထိုသို့သော creative လိုအရာတွေနည်းမယ်လို့ထင်ခဲ့ပေမဲ့ အတိုင်းထက်လွန် တော်တော်လေးကို ကောင်းခဲ့ပါတယ်။

တင်ဆက်နေတဲ့အချိန် error screen ကထွက်လာလိုက် CSS ကမရှိတဲ့ HTML ရဲ့ screen ရဲ့ အဖွဲ့တွေက များပြီး UI ကမကောင်းတဲ့ဟာတွေလည်းရှိခဲ့ပေမဲ့ Hackathon(တကယ်တမ်းတော့ အချိန်ဘယ်လောက်ကြာခဲ့ လဲဆိုတာကိုတော့မသိပေမဲ့) ဆိုရင်တော့ မတတ်နိုင်ဘူးလို့ထင်ပါတယ်။

ဒီအထဲမှာမှ နောက်ဆုံးတကယ်ကို စီးပွားရေးဘက်မှာလည်း development ဖြစ်စေမယ့်အဖွဲ့တွေလည်းရှိနိုင်ပြီး
ထိုသို့မဟုတ်ရင်တောင် ပါဝင်တင်ဆက်တဲ့ လူတွေအတွက်လည်းကောင်းတဲ့ အတွေ့အကြုံရနိုင်ပါတယ်။
ယခုမှစ၍လည်း နှစ်စဉ်နှစ်တိုင်းကျင်းပမယ်လို့ထင်လို့ဒီလို လှုပ်ရှားမှုတွေကနေတစ်ဆင့် ကျောင်းသားများရဲ့ level တွေကို မြင့်တင်သွားရင်ကောင်းမယ်လို့ထင်မိပါတယ်။