IT နည်းပညာ အသားပေးလာကြသော Business များ(IT Business များ)နှင့် Business ပြိုင်ပွဲများ။

Image Source: http://fdctech.com/syopb.html

ယနေ့ခေတ် လူငယ်များ အနေဖြင့် အနာဂတ်တွင် ကမ္ဘာကြီးအားအကျိုးပြုနိုင်သော စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ အသိပညာရှင် အတတ်ပညာရှင်များအဖြစ် ပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်ကောင်းများဖြင့် ကမ္ဘာတစ်ဝန်းတွင် နိုင်ငံတကာ အဆင့်မီ business plan ပြိုင်ပွဲများကို ကျင်းပလာကြသည်။ ထို့နည်းတူ မြန်မာနိုင်ငံတွင်လည်း ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော အရည်အချင်းပြည့်ဝသည့် လူငယ်လေးများပေါ်ထွန်းလာစေရန်၊ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို တစ်ဖက်တစ်လမ်းကအထောက်အကူပြုလာနိုင်စေရန်ရည်ရွယ်၍ business plan ပြိုင်ပွဲများ အသီးသီးပြုလုပ်ကျင်းပလာကြသည်။များသောအားဖြင့် အဆိုပါပြိုင်ပွဲများသည် အဆင့်ဆင့်ယှဉ်ပြိုင်ကြရသည်။ပြိုင်ပွဲတစ်ဆင့် ပြီးမြောက်အောင်မြင်တိုင်း သင့်လျော်သော Trainging များ၊camp များသွင်းကာ သက်ဆိုင်ရာ စီးပွားရေး နယ်ပယ်မှ professional ပုဂ္ဂိုလ် များဖြင့် လေ့ကျင့်မွမ်းမံသင်ကြားမူှများ ပြုလုပ်ခွင့်ရကြသည်။ ထို့မှတဆင့် အနိုင်ရရှိသော အသင်းအဖွဲ့အား မိမိတို့၏ project အကောင်အထည်ဖော်နိုင်ရန် လိုအပ်သော supporting များ၊ ဆုကြေးများ၊ နိုင်ငံခြားလေ့လာရေးခရီးစဉ်များ စသည်တို့ကို ဆုချီးမြင့်လေရှိသည်။

ယနေ့ခေတ် လူငယ်များအနေဖြင့် အဆိုပါ ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မိမိတို့၏ စိတ်ကူးအိပ်မက်တို့ကို အကောင်အထည်ဖော်နိုင်ရန် အခွင့်အရေးရသလို၊ စီးပွားရေးဆိုင်ရာ အတွေးအမြင် ဗဟုသုတတို့လည်း ပိုမိုတိုးတက်စေလာနိုင်သည်။

ပြီးပြည့် စုံသော Business plan တစ်ခု တွင် မဖြစ်မနေပါဝင်ရမည့်အချက်အလက်များရှိပေသည်။ Type of Product or Service၊ Business Canvas၊ Business Theme၊ Mission၊ Vision၊ Operating Plan၊ Management Summary၊ Implementation Summary၊ Financial Plan၊ Marketing Plan၊ Market Research၊ Selling Plan စသည့်အချက်များသည် ပြည့်စုံသော business plan တစ်ခုဖြစ်ရန် မရှိမဖြစ် လိုအပ်သောအချက်များဖြစ်ကြသည်။ ထိုအချက်အလက်များကို မိမိတို့ Business idea နဲ့ ကိုက်ညီအောင် လေ့လာ ရေးသား ယှဉ်ပြိုင်ကြရသည်။ ထို့အပြင် ထိုအချက်အလက်များပေါ်မူတည်၍ မိမိတို့၏ Creative idea၊ Thinking skill၊ ပြောဆိုတင်ဆက်မူှစွမ်းရည် Presentation skill၊ Problem Solving Skill အစရှိသော ပင်ကိုယ်စွမ်းရည် များနှင့်ပေါင်းစပ်ကာ ကြိုးစားယှဉ်ပြိုင်ကြရခြင်းဖြစ်သည်။

ယနေ့ခေတ် Globalization ခေတ်ကြီးတွင် ပြောင်းလဲတိုးတက်လာသော ခေတ်ရေစီးကြောင်းအရ IT နည်းပညာများအပေါ်အခြေခံပြီး လူသားတို့အတွက်အကျိုးရှိစေမည့်အရာများကိုတီထွင် လာကြပြီဖြစ်သည်။လူသားများ၏ လုပ်အားနေရာတွင် စက်ရုပ်များအစားထိုးအသုံးပြုခြင်းဖြင့် လူသားတို့၏ စွမ်းအင်တို့ကို ခြွေတာ နိုင်အောင်၊ ပင်ပန်းမူှလျော့ပါးသွားအောင် လုပ်ဆောင်လျက်ရှိကြသည်။ လူသားတို့နေ့စဉ်ဘဝ ကို IT နည်းပညာများအသုံး၍ ပိုမိုလွယ်ကူ သက်သာစေရန် ကြိုးစားဖန်တီးလျက်ရှိကြသည်။
လတ်တလော ပြုလုပ်ကျင်းပခဲ့ပြီးသော နိုင်ငံတကာအဆင့် Business Plan ပြိုင်ပွဲများတွင်လည်း နည်းပညာအသားပေး စီးပွားရေး များက နေရာယူမူှများလာသည်။IT နည်းပညာနှင့် ဆေးဖက်ဆိုင်ရာ၊ IT နည်းပညာနှင့် အရောင်းအဝယ်၊ IT နည်းပညာနှင့်စိုက်ပျိူးရေး စသဖြင့် နယ်ပယ်အသီးသီးမှပညာရပ်များကို IT နည်းပညာများနှင့်တွဲဖက် တွေးခေါ် လာကြသည်။ ဤသည်ပင်လျှင် IT နည်းပညာများ၏ အရေးပါ အရာရောက်မူှ သက်သေပေတည်း။

ပြည်တွင်းသို့ ပြန်လည် ဆန်းစစ်ကြည့်လျှင်လည်း ပြည်သူတို့၏ လူှပ်ရှားရုန်းကန်နေရသော နေစဉ်ဘဝများတွင် IT နည်းပညာများလွှမ်းမိုးလာသည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။တိုးတက်ပြောင်းလဲလာသော ခေတ်အရ ယခုအချိန်တွင် နိုင်ငံတွင်းလို့ ပြည်ပနည်းပညာစီးပွားရေးလုပ်ငန်းများ ဝင်ရောက်လုပ်ကိုင်လာကြပြီးဖြစ်သည်။ ဥပမာ ပြရသော် အငှါးယာဉ်ခေါ်နိုင်သော app များဖြစ်သည့် Grab၊ Uber ကဲ့သို့သော လုပ်ငန်းများ ပြည်တွင်းသို့ဝင်ရောက်လာကြပြီး အသုံးပြုသူများ၊ အကျိုးတူပူးပေါင်းလုပ်ကိုင်သူများလည်း အထိုက်အလျောက်များပြားလာကြသည်။ ပြည်တွင်းcompamy များဖြစ်သော Oway၊ Hello အစရှိသော အငှါးယာဉ်ခေါ်နိုင်သောစနစ် Taxi Service App များအနေဖြင့် နိုင်ငံတကာနှင့်အပြိုင် စျေးကွက်စနစ်ကို အပြိုင်အဆိုင် ယှဉ်ပြိုင်လာကြရသည်။ဤသည်ပင်လျှင် တိုးတက်မူှ၏ လမ်းစ ဖြစ်သည်။
ပြည်တွင်းရှိ အသိပညာရှင်၊ အတတ်ပညာရှင်၊ နည်းပညာရှင်၊ စီးပွားရေးပညာရှင်များနှင့် လူငယ်လူရွယ်များအနေဖြင့်လည်း ပွင့်လင်းတိုးတက်ပြောင်းလဲ လာသော ခေတ်စနစ် ကိုကောင်းစွာ အသုံးချ၍ ကမ္ဘာ့အလယ်မှာ မျက်နှာမငယ်၊နောက်ကောက်မကျန်ခဲ့ရလေအောင် ကြိုးစားစွမ်းဆောင်ရန်သင့်လှပေသည်။

Image Source: https://itlechner.de

ယနေ့ခေတ်ကာလကဲ့သို့ အဖက်ဖက်ကနေ တိုးတက်နေတဲ့အချိန်၌ နည်းပညာသစ်များကို မီအောင်မလိုက်နိုင်ဘဲ နောက်ကျ ကျန်ခဲ့ပါက နောင်တစ်ချိန်မှ မီအောင်ပြန်လိုက်နိုင်ဖို့ဆို သည်မှာ တော်တော်ကြီးကို ခက်ခဲသွားပေလိမ့်မည်။
အိုင်တီ နည်းပညာ ဟာလည်း အခုအချိန်မှာ တော်တော်ကြီး တိုးတက်နေပြီး ဖြစ်သည်။ IT နည်းပညာဆိုသည်ကလည်း မည်သို့ပင် ပြေးလိုက် လိုက် လိုက်လေ ဝေးလေဖြစ်တတ်ပေသည်။ဒါကြောင့် အခုဘယ်လောက် တိုးတက် တိုးတက်၊ မိမိပတ်ဝန်းကျင် ရှိ မိမိနှင့် နီးစပ်သော မိမိလက်လှမ်းမီသော နည်းပညာမှန်သမျှကို အရင်ဦးစားပေးလေ့လာသင့်ပေသည်။ ထိုမှတဆင့် မိမိ လေ့လာသင်ယူထားသော နည်းပညာများဖြင့် မိမိ ပတ်ဝန်းကျင် လိုအပ်နေသောအခြေအနေများ၊ ဖြစ်ပေါ်နေသောပြသာနာများကို ဖြေရှင်းပေးနိုင်ရန်ကြိုးစားခြင်းဖြင့် မိမိbusiness ကိုစတင်တည်ထောင်နိုင်သည်။ ဤသို့သောအရာကိုစွန့်ဦးတီထွင်လုပ်ငန်းဟုခေါ်ဆိုနိုင်သည်။
ဤသို့ဖြင့် အောင်မြင်သော စွန့်ဦးတီထွင်လုပ်ငန်းများ၊စွန့်ဦးတီထွင်သူများ Entrepreneur များ ပေါ်ပေါက်လာကြသည်။ ဥပမာအဖြစ်ကြရသော် KFC ကဲ့သို့သော Fast Food ကြက်ကြော်ဆိုင်မျိုးတွင် ကြက်ကြော်ကိုလက်နှင့်အမြန်စားကြပြီး လက်ဆေးကြရသည်။ ထိုသို့လက်ဆေးရာ လက်တွင်ပေနေသောဆီတို့က ဘေစင်မှရေဘိုဘိုင် ခေါင်းကိုဆီပေစေသည်။ လက်ဆေးပြီးရေပိတ်သောအခါ လက်ဆီပြန်ပေသည်။ ထိုပြသာနာကိုဖြေရှင်းရန် စွန့်ဦးတီထွင် ပညာရှင်တို့က ဆင်ဆာပါသော စနစ် ကို တီထွင်လိုက်ရာ နောက်ပိုင်း၌ လက်ရေဆေးရန် ကိုယ်တိုင်ရေဖွင့်စရာမလိုတော့ဘဲ ပြသာနာပြေလည်သွားသည်။

နောက်ဥပမာ တစ်ခုဆိုရသော် အိမ်ရှင်မများနေ့စဉ် အသုံးပြု သည့် မီးဖိုချောင်၏ မရှိမဖြစ် ဟင်းခတ်ရာတွင်သုံးသော ငရုတ်သီးမူှန့်တွင် အကြောင်းအမျိုးမျိုးကြောင့် မူှိများပါလာတတ်သည်ကိုဓာတ်ခွဲစမ်းသပ်ရာမှတွေ့ရှိခဲ့သည်။ထိုမိူများကို လူသားများ ကိုအဆိပ်အတောက်ဖြစ်စေပြီးအချိန်ကြာမြင့်လာသည်နှင့်အမျှ ကင်ဆာရောဂါဖြစ်စေကြောင်းလေ့လာတွေ့ရှိခဲ့ကြသည်။ ထိုပြသာနာကိုအဖြေရှာ ကြရာ ငရုတ်သီးမူှန့်အဖြစ်မရောက်မီ ငရုတ်စိုက်ပျိုးသူများသည် စက်ရုံသို့မတင်ပို့မီ နေလှန်းအခြောက်ခံကြရသည်။ ထိုအခါ နေလှန်းရသော ငရုတ်သီးပမာဏ များလွန်းသောအခါ ညဖက်အခါ၌ ငရုတ်သီးများကိုဒီအတိုင်းထားရာ အပူအအေး ပြောင်းလဲမူှမမျှတဘဲ မိူှများတွယ်လာလေ့ရှိသည်။ ထို့အပြင် စက်ရုံသို့တင်ပို့ရန် ပြုလုပ်ရာတွင်လည်းအလေးချိန်စီးစေရန်ရည်ရွယ်၍ ရေများဖြန်းပေးရသည်။ ထိုအခါ ရေများမခြောက်ဘဲ မိူှများထပ်တွယ်လာရသည်။ ဤသို့ဖြင့် စက်ရုံသို့အရောက်အမူှန့်ကြိတ်သောအခါ မိူှများပါ ရောပါ၍ လူများစားသုံးသောအခါအန္တရာယ်ဖြစ်ကြရပေသည်။ ထိုပြသာနာဖြေရှင်းနိုင်ရန် စွန့်ဦးတီထွင် စီးပွါးရေးပညာရှင်တို့က မိုးလုံလေလုံ ဆိုလာအသုံးပြု အခြောက်ခံ ဖန်ပေါင်းများတီထွင်အသုံးပြုကြသည်။ ဤသည်ပင်လျှင် IT နည်းပညာအခြေပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်။

ထို့နည်းတူစွာပင် ကျန်းမာရေးနှင့်ပက်သက်သော ပစ္စည်းကိရိယာများကိုလည်း IT နည်းပညာ အခြေပြု၍ တီထွင်အသုံးပြုလာကြသည်။ ဥပမာ လမ်းလျှောက်သည့်ခြေလှမ်းအရေအတွက်ကိုတွက်ချက်ပေးနိုင်သည့်စက်များ၊ နှလုံးခုန်သည့်အရေ အတွက်ကိုတွက်ချက်ပေးနိုင်သည့်စက်များ၊ သွေးကြောရှာပေးနိုင်သည့်စက်ကိရိယာများ စသဖြင့် အင်မတန်ကြီးကျယ်ခမ်းနား၍ လူသားတို့အတွက်အလွန်တရာအသုံးဝင်သော ပစ္စည်းကိရိယာများကို IT နည်းပညာအခြေခံ၍ ထုတ်လုပ်အသုံးပြုလာနိုင်ကြပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ယနေ့ခေတ်ရေစီးကြောင်းနှင့်အညီ စီးပွားရေး လုပ်ငန်းအတော်များများတွင် IT နည်းပညာ များကိုအသုံးပြု၍  မိမိစီးပွားရေးလုပ်ငန်းများကို ပိုမို တိုးချဲ့ အောင်မြင်အောင် သူ့ထက်ငါ အပြိုင်အဆိုင် ကြိုးစားလုပ်ဆောင်လာကြသည်။
နည်းပညာနှင့်ကင်းသောစီးပွားရေးဆိုသည်မှာ မရှိသလောက်ပင် ရှားလာသည်။ မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော Bank များဆိုလျှင်လည်း သူ့ထက်ငါ အပြိုင်အဆိုင် နည်းပညာအသစ်များဖန်တီးကာ ပြည်သူများ၏ နေ့စဉ်ဘဝ ငွေရေးကြေးငွေ အသုံးပြုမူှလွယ်ကူသက်သာစေရန် ဝန်ဆောင်မူှပေးလျက်ရှိကြသည်။ထို့ပြင် မြန်မာနိုင်ငံရှိ
City Martများ၊ Super Marketများ၊ 24 hours Store များ ၊နှင့် တပိုင်တနိုင် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်လေးများကအစ အရောင်းအဝယ် စနစ်များတွင် Point of sales system ကဲ့သို့သော ပိုမိုလွယ်ကူမြန်ဆန် စေသည့်စနစ် များကိုအသုံးများလာကြသည်။ အခြားစီးပွားရေးလုပ်ငန်းများတွင်လည်း သက်ဆိုင်ရာ Software System များကိုအသုံးပြု၍ မိမိလုပ်ငန်းပိုမို စနစ်တကျ  လျင်မြန်တိုးတက်လာအောင် လုပ်ဆောင်လျက်ရှိကြသည်။ ယနေ့ခေတ် ပြည်တွင်းရှိ စီးပွားရေးနယ်ပယ် အသီးသီး တွင် အသုံးများလျက်ရှိသော Software System များမှာ Financial Management System၊ Travel And Tour Management System၊ Gym Management System၊ HR Management System အစရှိသော Software System များဖြစ်ကြပေသည်။ ထိုကဲ့သို့ စီးပွားရေးလုပ်ငန်းများ၏ လိုအပ်ချက်ပေါ်မူတည်၍ Software System ရေးပေးသော IT group များ၊ IT Company များ လည်း များစွာပေါ်ပေါက်လာကြသည်။ စီးပွားရေး ကြေညာများ ကြေညာကြရာတွင်လည်း ပုံမှန် သမာရိုးကျ Marketing များမှ Digital Marketing ဖက်သို့ ကူးပြောင်းလာကြသည်။

Image Source: http://fdctech.com

လူငယ်များအနေဖြင့်လည်း IT လုပ်ငန်းဖြင့် စီးပွားရေး သမားသမားတစ်ဖြစ်အဖြစ် စီးပွားရေးလောကသို့ဝင်ရောက်         တော့မည်ဆိုပါက ရေတိုထက်ရေရှည်ကို   မျှော်မှန်းကြည့်သင့်သည်။။ ထို့အတွက် မိမိက  မည်သည့်အလုပ်မျိုးကို ဝါသနာသည် ကအဓိက ကျလှပေသည်။ IT နှင့်ပက်သက်သောစီးပွားရေးမျိုးကိုဝါသနာပါသောသူသည် IT ပညာကို အခြေခံအားဖြင့်သိကိုသိထားသင့်ပြီး မိမိကျွမ်းကျင်မူှအလိုက် အောင်မြင်မှု ရရှိလာမည်ဖြစ်သည်။ IT နှင့်ပက်သက်သော Service ပေးသည့်လုပ်ငန်းဖြစ်စေ၊ IT နှင့်ပက်သည့်သည့် Product ထုတ်သည့်လုပ်ငန်းဖြစ်စေ မိမိ လုပ်ကိုင်မည့်လုပ်ငန်း ၏ Frame တစ်ခုက်ိုကောင်းစွာပုံဖော်နိုင်ရမည်ဖြစ်သည်။ ထို့အတွက် မိမိလုပ်ကိုက်မည့် လုပ်ငန်းနှင့်ပက်သက်သော ပြည်တွင်း စီးပွားရေးစျေးကွက်၊ ပြည်ပစီးပွားရေးစျေးကွက်တို့ကို သိရှိနားလည်ထားရန်လိုအပ်သည်။IT Business လုပ်ကန်းဖြစ်သည့်အလျှောက် စဉ်ဆက်မပြတ်အသစ်ထွက်နေသော IT နည်းပညာများ၊ IT product များကိုမျက်ခြေမပြတ်အမြဲစောင့်ကြည့်နေရမည်ဖြစ်သည်။မိမိလုပ်ငန်းProcess တစ်ခုလုံးကို သေချာကျွမ်းကျင်ပိုင်နိုင်ပြီးဆိုပါက လုပ်ငန်းစတင်လည်ပတ်ရန် budget လိုအပ်လာပြီးဖြစ်သည်။ ယနေ့ခေတ်တော်တော်များများ လူငယ်များကတော့ အရင်းအနှီးမကြီးမားသော လုပ်ငန်းအမျိုးအစားများကိုရွေးချယ်လုပ်ကိုင်လေ့ရှိသည်။ မိမိကိုယ်ပိုင် စီးပွားရေး လုပ်ငန်းမစတင်မီ ဝန်ထမ်းဘဝဖြင့်ဖြတ်သန်းကာ အတွေ့အကြုံ နှင့် ငွေအရင်းအနှီးစုဆောင်းကြသူများလည်းရှိသည်။ တချို့ကမူ မိမိ Idea နှင့်လုပ်ငန်းကို လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပြီးအကျ်ိုးတူပူးပေါင်းလုပ်ကိုင်နိုင်မည့် အထက်ကပြောခဲ့ပြီးသော Business Plan ပြိုင်ပွဲများကိုဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် Budget နှင့် စီးပွားရေးNetwork များ၊ Link များကိုရှာဖွေကြသည်။ လုပ်ငန်းအတွက်လိုအပ်သောငွေအရင်းအနှီးနှင့် ပညာများ စုံပြီးဆိုရင် နောင်မဆုတ် ဇွဲမလျော့သောစိတ်နှင့် ရေရှည်ကိုအမြဲမျှော်တွေးက IT business လုပ်ငန်းဖြင့် စီးပွားရေး လောကသို ခြေစုံပစ်ဝင်ရောက်ရန်သာလိုအပ်ပေတော့သည်။

မြန်မာနိုင်ငံရှိ ပြည်သူများကလည်း ကလေးအစလူကြီးအဆုံး စမတ်ဖုန်းကိုယ်စီ၊ Hand Phone ကိုယ်စီနှင့် ဆက်သွယ်ရေးကိစ္စများအပြင် အခြား function များ ဖစ်သည့်App များကို ကောင်းစွာအသုံးပြုလာနိုင်ကြသည်။ ကမ္ဘာနှင့်ရင်ဘောင်တန်းဆက်သွယ်နိုင်သော Social Media များကိုလည်း အသုံးပြုဆက်သွယ်နိုင်ကြကာ သတင်းများကိုအချိန်နှင့်တပြေးညီ ရယူလာနိုင်ကြသည်။ ထို့သို့ပြောင်းလဲ တိုးတက်နေသော ခေတ်ကြီးတွင် လူငယ်များအနေဖြင့်လည်း မိမိ သိလိုသော အကြောင်းအရာ ဗဟုသုတ များကို ဖုန်းများ၊ ကွန်ပျူတာ များစသော device များမှလွယ်လင့်တကူရှာဖွေ နိုင်သည့်အတွက် ကောင်းသည့်ဖက်မှအသုံးပြု လျှင် လွန်စွာ အကျိုးရှိလှပေသည်။ ထိုမှတဆင့်တက်၍ ယနေ့ခေတ်လူငယ်များသည် ပညာရေးတစ်ဖက်နှင့် IT ပညာများကိုလေ့လာအသုံးပြုပြီး ဝင်ငွေ ရှာလာနိုင်သည်ထိပင် IT နည်းပညာများကအရေးပါအရာရောက်လာပြီးဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များအနေဖြင့် ကမ္ဘာနှင့်အမှီ ရင်ဘောင် တန်း နိုင်စေရန် IT နည်းပညာများကို မကျွမ်းကျင်သည့်တိုင် ခေတ်မနောက်ကျစေရန်လေ့လာသင်ယူသင့်သည်။ထိုမှတဆင့် မိမိ ၏ တွေးခေါ်နိုင်စွမ်းအား၊ မိမိ၏စီးပွားရေး အမျှော်အမြင်တို့ကို ပေါင်းစပ်၍ လူသားတို့ တွက် အကျိုးရှိစေနိုင်မည့် အရာများ၊ စီးပွားရေးများကို IT နည်းပညာအခြေခံ၍ စွန့်ဦးတီထွင် စီးပွားရေးပညာရှင်များဖြစ်အောင် ကြိုးစားသင့်သည်။ ထိုသို့ကြိုးစားနိုင်စေရန်လည်း ယခု တိုးတက်နေသောခေတ်စနစ်အရ အထက်ကပြောခဲ့ပြီးသော Business Plan ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ရန်အခွင့်အရေးရှိနေပြီဖြစ်ပြီး လူငယ်တိုင်း အောင်မြင်သောစီးပွားရေးလုပ်ငန်းရှင်ကြီးများဖြစ်လာနိုင်ရန် အလားအလာရှိနေပြီဖြစ်သည်။ ထို့ကြောင့် လက်ရှိ အခြေအနေခေတ်ကာလတို့ကို သုံးသပ်၍ မိမိ အနာဂတ် အိပ်မက်များအတွက်  IT နည်းပညာများနှင့် စီးပွားရေးပညာရပ်များကို ကြိုးစားသင်ယူလေ့လာရန် တိုက်တွန်းလိုက်ရပါသည်။