ခရီးဝေးBus Booking ဖြစ်တဲ့ Dream Ticket Myanmar


Image Source: https://dreamticketmm.com/

ခရီးဝေးBus ကုမ္ပဏီ JJ Express ရဲ့ Bus Booking App ကိုဟိုတစ်လောကမှ မိတ်ဆက်ပေးခဲ့ပါတယ်။ ထိုအချိန်မှာဘဲ တစ်ခြားခရီးဝေးBus Booking Service လည်း release ဖြစ်နေတဲ့အတွက် အဲ့ဒါကိုလည်းမိတ်ဆက်ပေးချင်ပါတယ်။

ထို site ကတော့ Dream Ticket Myanmar ဘဲဖြစ်ပါတယ်။


Page ကိုတော့ ဂျပန်လိုရေးထားသောကြောင့် ဂျပန်လူမျိုးအတွက်ပေမဲ့ နောက်ပိုင်းမှာ အင်္ဂလိပ် Site တို့ မြန်မာ Site တို့ပါလုပ်မယ်လို့ပြောသံကြားပါတယ်။

အသုံးပြုနည်းအနေနဲ့တော့ အရင်ဦးဆုံး စထွက်မည့်နေရာ၊ စိုက်ရောက်မည့်နေရာ၊ စီးမည့်နေ့ ကိုရွေးချယ်ပြီးရှာပါမယ်။

ထိုအချိန် ရှာဖွေသည့်ရလာဒ်ပေါ်လာပြီး ထိုအထဲမှ ကိုယ် Booking လုပ်ချင်တဲ့ Bus ကိုရွေးချယ်ပါမယ်။


Shwe Sin Set Kyar
GI Group EXPRESS
FAMOUS Express
Shwe Mandalar Express
Thein Than Kyaw Express
Zay Yar SHWE PYI EXPRESS
ဆိုတဲ့ ကုမ္ပဏီ ၆ခုရဲ့ ခရီးဝေး Bus ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့်အတွက် ရှာဖွေပြီးပေါ်လာတဲ့ Bus လည်းအမျိုးမျိုးရှိပြီး မနက်ခင်းထွက်ရှိမည့်ကားမှစ၍ညဘက်ထွက်ရှိမည့်ကာဟူ၍ ရွေးချယ်ရမည့်ကားတွေ များပြီး ကိုယ်နှင့်ကိုက်ညီတဲ့ ကားကိုတွေ့နို်င်ပါတယ်။(ကိုယ်စားလှယ်Bus ကုမ္ပဏီတွေကိုလည်း ဒါ့ထက်တိုးဖို့လည်းရှိပါသေးတယ်)

ထို့နောက် စီးမည့်လူဦးရေနှင့် Booking လုပ်သူရဲ့ကိုယ်ရေးအချက်အလက်များကိုဖြည့်ထည့်ပြီး credit card နဲ့ငွေပေးချေရပါမယ်။
SSL လည်းရှိနေတဲ့အတွက် စိတ်ချစွွာ ကိုယ်ရေးအချက်အလက်များနှင့် Credit Card ရဲ့အကြောင်းကိုဖြည့်သွင်းနိုင်ပါမယ်။

Booking လုပ်တာပြီးသွားရင် စထွက်မည့်ရက်မတိုင်မီ ရရက်ကြိုပြီးတော့ Bus Ticket က Email ကနေပို့လာမှာဖြစ်ပြီး ထိုနေ့တွင် Bus terminal ရဲ့ Booking လုပ်ထားတဲ့ Bus ကုမ္ပဏီရဲ့ ကောင်တာမှာ အဲ့ဒါကို ကြည့်ရင်ရပါပြီ။
စာရွက်မှာ Print ထုပ်ပြီးမယူသွားလည်း Smart Phone နဲ့ Mail ရဲ့စာမျက်နှာကိုကြည့်ရင်ရတဲ့အတွက် ticket ကိုယူဖို့မေ့ကျန်ခဲ့့အတွက် Bus ကိုမစီရတဲ့အဖြစ်မျိုး မဖြစ်တော့ဘူးပေါ့။

Bus Terminal ကိုသွားရမဲ့နေရာကိုတော့ Google Map မှာလည်းပြထားပြီး Bus Terminal အတွင်းရှိ Area တစ်ခုချင်းစီရဲ့မြေပုံရဲ့ ပုံလည်းရှိတဲ့အတွက် ပထမဦးဆုံးသွားမည့်လူလည်းသွားရလွယ်ပါတယ်။

Dream Ticket Myanmar  ကနေ Booking လုပ်လည်း Ticket ဖိုးမှာ အနည်းငယ်သော ဝန်ဆောင်မှုပမာဏဘဲ ထည့်သွင်းထားတဲ့အတွက် Ticket ကိုသွားဝယ်ရမည့်အချိန် ၊ လမ်းစရိတ် ၊ စိတ်ဖိစီးမှု များအပေါ်စဉ်းစားကြည့်လိုက်ရင် ခရီးဝေး Bus ကိုBooking လုပ်ချင်တဲ့လူတွေအတွက်တော့ တကယ်ကိုအသုံးတည့်မှာပါ။