Better HR System ၏ လုပ်ငန်းအရှိန်အဟုန်တိုးမြှင့်တင်ရန်အတွက် SeedMyanmar မှဒေါ်လာသိန်းဂဏန်းရင်းနှီးမြှုပ်နှံ

Better HR System ၏ အနေဖြင့်လုပ်ငန်းအရှိန်အဟုန်တိုးမြှင့်ရန်အတွက် SeedMyanmar ဒေါ်လာသိန်းဂဏန်း ရင်းနှီးမြှုပ်နှံ ငွေကိုပေးအပ်ခဲ့ကြောင်း Better HR မှသတင်းထုတ်ပြန်ထားသည်။
Better HR ဆိုသည်မှာလည်း မြန်မာနိုင်ငံတွင်ရှိသော ထိပ်တန်း Digital Consulting Company တစ်ခုဖြစ်သည့် Nexlabs Company မှ B2B Product တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံရှိ အသေးစား၊ အလတ်စားကုမ္ပဏီများ၏ ဝန်ထမ်းစီမံခန့်ခွဲမှုနှင့် လစာပေးစနစ်များကို ဖြေရှင်းပေးသော Solution တစ်ခုလည်းဖြစ်သည်။ ထို့ပြင် Better HR Application သည် Cloud-based Software ဖြစ်ပြီး အချက်အလက်တွေစုဆောင်းရန်၊ စီမံခန့်ခွဲရန် အဓိက stakeholders များဖြစ်သည့် ဝန်ထမ်း၊ အလုပ်ရှင်၊HR မန်နေဂျာ၊ တာဝန်ခံမန်နေဂျာ၊နှင့်စီမံခန့်ခွဲမှုများကို ပိုပြီးလွယ်လွယ်ကူကူရရှိနိုင်စေရန် ကူညီပေးနိုင်သော application တစ်ခုလည်းဖြစ်သည်။ Better HR သည် မြန်မာနိုင်ငံအတွင်းမှ HR နည်းပညာပိုင်းဆိုင်ရာ SaaS startup Company တစ်ခုလည်းဖြစ်သည်။

Photo Source – https://www.facebook.com/joinbetterhr/

Better HR SaaS(Software as a service) Solution သည် ကုမ္ပဏီများ၏ HR Administrative အပိုင်းကို စီမံပေးရန်နှင့် လစာပေးစနစ်များအပြင် အလုပ်ချိန်စီမံခန့်ခွဲခြင်း၊ ခွင့်ရက်စီမံခန့်ခွဲခြင်း၊ အချိန်ပိုအလုပ်ဆင်းမှုစီမံခန့်ခွဲခြင်း၊ ရုံးတွင်းပိုင်း ဝန်ထမ်းများဆက်သွယ်မှုရှိစေရန်ထည့်သွင်းပေးထားခြင်း အစရှိတဲ့လုပ်ငန်းခွင်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေကိုကြားခံ ဒစ်ဂျစ် တယ် နည်းပညာဖြစ်သော web dashboard နှင့် mobile application များမှာ တွင်တွင်ကျယ်ကျယ်ထိရောက်စွာ အသုံးပြုနိုင်မည်လည်းဖြစ်သည်။
Better HR System ကို အသုံးပြုခြင်းဖြင့် ရုံးပိုင်းဆိုင်ရာတွေမှာ နေ့စဉ်ဖြေရှင်းနေရသည့် Attendance Tracking၊ Leave Management၊ Overtime Management၊ Employee Information Management၊ Notification and Announcement၊ Automated Summary and Reports စတဲ့များပြားလှသော HR လုပ်ငန်းစဉ်တွေကို လွယ်လွယ်ကူကူပြီး မြောက်စေရန် ကူညီပေးနိုင်မည်လည်းဖြစ်သည်။Cloud Based စနစ်ဖြစ်သည့်အတွက်ကြောင့် မည်သည့်နေရာမှမဆိုအသုံးပြုနိုင်ပြီး Security မြင့်မားသော Cloud စနစ်ဖြစ်သည့်အတွက် အရေးကြီးတဲ့အချက်အလက်များအတွက်လည်း လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/joinbetterhr/

ဝန်ထမ်းတွေများအနေဖြင့်လည်း Better HR Application အားဖုန်းထဲတွင်သွင်းထားရမည်ဖြစ်ပြီး ဖုန်းထဲမှတစ်ဆင့် Attendance Record၊ Leave Request and Leave History၊ Overtime Request၊ Manual Check In Request၊ Announcements၊ Employee Contact အစရှိသော Feature များကို အသုံးပြုနိုင်မည်လည်းဖြစ်သည်။ HR ဌာနများအ တွက် ဝန်ထမ်းလစာများတွက်ချက်သည့်အခါတွင်လည်း လွယ်ကူလျင်မြန်စေရန်အတွက် Payroll Feature ပါဝင်သော System တစ်ခုလည်းဖြစ်သည်။
“SeedMyanmar ကနေ ရရှိတဲ့ ရင်းနှီးမြှပ်နှံမှုကို ကျွန်တော်တို့ရဲ့ Product Development နဲ့ Business Development Expansion ကဏ္ဍတွေမှာ အသုံးပြုသွားမှာဖြစ်ပြီး Human Resources Management ကဏ္ဍအတွက် ပိုမိုကောင်းမွန်တဲ့ Solutions တွေcဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု Better HR ၏ CEO ဖြစ်သူ ဦးရဲမြတ်မင်းမှ ပြောကြားသည်။

Photo Source – https://www.facebook.com/joinbetterhr/

Better HR အနေဖြင့်လည်း ရင်းနှီးမြှပ်နှံမှုမှရရှိသော ငွေများကို Sales နှင့် Marketing ပိုင်းတွင်ထိရောက်စွာအသုံးပြုသွား မည့်ဖြစ်ပြီး ပြည်တွင်းဈေးကွက်တင်မက ပြည်ပဈေးကွက် အထိထိုးဖောက်နိုင်အောင် ရည်ရွယ်ထားကြောင်းလည်းသိရ သည်။ Better HR အား လက်ရှိတွင် Yoma Strategic Holding Limited အပါအဝင် အခြားအမျိုးမျိုးသော clients ပေါင်း (၄၀) ကျော်(ဝန်ထမ်းဦးရေ ၂၀၀၀ ကျော်) မှ စတင်အသုံးပြုနေပြီးဖြစ်ကြောင်းလည်းသိရသည်။ လက်ရှိတွင်လည်း မြန်မာနိုင်ငံအတွင်းမှ talented ဝန်ထမ်း ၂၃ ဦးဖြင့် လည်ပတ်လျက်ရှိကြောင်းသိရသည်။
၂၀၁၈ ခုနှစ်၊ Myamar Employer Awards တွင် “Most innovative use of technology in HR” ကဏ္ဍအတွက် nexlabs က Better HR ဖြင့် Silver ဆုကို ရရှိခဲ့ပြီးဖြစ်ကြောင်းလည်းသိရသည်။