အရောင်းဆိုင်များအတွက် ဈေးသက်သာပြီးအသုံးဝင်လွန်းတဲ့ On Hand POS

အရောင်းဆိုင်တစ်ဆိုင်ရဲ့ အဓိကလိုအပ်ချက်ကတော့ ပစ္စည်းတွေလျင်မြန်စွာရောင်းချနိုင်ဖို့နဲ့ အရောင်းအဝယ်ပိုင်းဆိုင်ရာ စာရင်းဇယားတွေကို တာဝန်ယူဖြေရှင်းနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် အချိန်ကုန်သက်သာပြီး စာရင်းဇယားတွေကို တိကျ မြန်ဆန်စွာဖြေရှင်းပေးနိုင်ခြင်းကလည်း လုပ်ငန်းအောင်မြင်မှုအတွက် အထောက်အကူတစ်ခုဖြစ်စေနိုင်ပါတယ်။
အရောင်းဆိုင်တွေရဲ့ ပစ္စည်းဝင်ထွက်စာရင်းတွေကို တစ်ခုချင်းစီကို နေ့စဉ်လိုက်လံမှတ်ထားရေတွက်နေရတာကလည်း ဝန် ထမ်းအင်အားလိုသလို အချိန်လည်းကုန်စေပါတယ်။ အဲ့ဒါကြောင့် ဆိုင်တစ်ဆိုင်လုံးရဲ့ စာရင်းဇယားတွေကို လွယ်ကူမြန်ဆန် စွာဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုတော့ သိရှိထားဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ခုနောက်ပိုင်း အရောင်းဆိုင်တွေ မှာ အရောင်းပိုင်းဆိုင်ရာ Software တွေကို ကွန်ပျူတာ၊ ဖုန်း စတဲ့ အရာတွေနဲ့ လွယ်ကူစွာအသုံးပြုလာကြတဲ့အထဲမှာ On Hand POS လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/OnHandPOS/

On Hand Mobile POS ကတော့ Small Business မှ Enterprise Business Level အထိ အသုံးပြုနိုင်မည့် Cloud base Mobile Point of Sale Application တစ်ခုဖြစ်ပါတယ်။ Cloud base Application ဖြစ်တဲ့အတွက် အချိန်မရွေး နေရာမရွေး Report ကြည့်ရှုနိုင်၊ Invoice ထုတ်ပေးနိုင်မှာလည်းဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အပေါ် မူတည်ပြီး မိမိစိတ်ကြိုက် Plan ကိုရွေးချယ် အသုံးပြုနိုင်မှာလည်းဖြစပါတယ်။ အသုံးပြုရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာစေတဲ့အပြင် ON-HAND POS ကို Mobile၊ Tablet နဲ့ Desktop စတဲ့ Device တွေမှာ အသုံးပြုနိုင်ပါတယ်။
On Hand POS ရဲ့လုပ်ဆောင်ချက်တွေကတော့ အရောင်းအဝယ်စာရင်းတွေကို အချိန်မရွေးနေရာမရွေး Invoice ထုတ်ပေး နိုင်မှု၊ Data များကို Cloud ပေါ်တွင် လုံခြုံစွာသိမ်းဆည်းနိုင်မှု၊ လက်ကျန်ပစ္စည်း Inventory များကို Track လုပ်နိုင်မှုများပဲ ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/OnHandPOS/

On Hand Application ရဲ့အဓိကအားသာချက်က Phone/Tablet တို့ကို အသုံးပြုရလွယ်ကူတဲ့ Point Of Sale System အဖြစ်သို့ပြောင်းလဲပေးသွားမှာဖြစ်ပြီး Cloud ပေါ်မှာသိမ်းထားတဲ့အားသာချက်ကတော့ သုံးနေတဲ့ Phone/Tablet တို့ ပျောက်ပျက်သွားခဲ့မယ်ဆိုရင်တောင် အရောင်းစာရင်းတွေ မပျောက်ဆုံးနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။ ဒါ့အပြင်အချိန်မရွေး နေရာမရွေး ဆိုင်ရဲ့အရောင်းစာရင်းတွေနဲ့ ကုန်ပစ္စည်းတွေကို Real Time Tracking ပြုလုပ်နိုင်မှာလည်းဖြစ်ပါတယ်။
အသုံးပြုနိုင်မည့် ဆိုင်များကတော့ Retail အရောင်းဆိုင်များ၊ ဖက်ရှင်ဆိုင်များ၊ ဘီယာဆိုင်များ၊ စားသောက်ဆိုင်များ၊ ကား Workshop / Service များ၊ တယ်လီဖုန်းဆိုင်များ၊ ကလေးအသုံးအဆောင်ပစ္စည်းအရောင်းဆိုင်များ၊ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်များ၊ အလုကုန်ပစ္စည်းအရောင်းဆိုင်နှင့် အလှပြင်ဆိုင်များ၊ ဆေးခန်းနှင့်ဆေးဆိုင်များ၊ အအေးဆိုင်များ၊ စာအုပ် ဆိုင်များ၊ မီနီမတ် နှင့် စူပါမားကတ်များ၊ ကိတ်မုန့်၊ပေါင်မုန့်ဆိုင်များ၊ အွန်လိုင်းရှော့ပင်နဲ့ အခြားဆိုင်အမျိုးမျိုးတွေမှာအသုံးပြု နိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင်လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များနဲ့ တခြားသော Invoice ထုတ်ပေးနေရတဲ့ service ဆိုင်တွေ / အရောင်းဆိုင်တွေအားလုံးမှာ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/OnHandPOS/

အသုံးပြုပုံကလည်း ရိုးရှင်းပါတယ်။ Application ကို Install ပြုလုပ်ပြီးတာနဲ့ Sign Up ပြုလုပ်ကာ ဆိုင်အတွက်ကိုယ်ပိုင် Database တစ်ခုကို Cloud ပေါ်မှာတည်ဆောက်ပေးပြီး စတင်အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ အစမ်းအနေဖြင့်လည်း ၁၄ ရက်တိတိ အခမဲ့အသုံးပြုခွင့်ပေးထားပြီး Software တပ်ဆင်ခပေးစရာမလိုပဲ အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းက လည်း တစ်လကို ရှစ်ထောင်ကျပ်လောက်နဲ့ 10GB Cloud Storage ပါရရှိနိုင်မှာလည်းဖြစ်ပါတယ်။ On Hand POS Software ဖွင့်ပြီး ကလစ်တစ်ချက်နှိပ်ယုံနဲ့လုပ်ငန်းတွေ မြန်ဆန်စွာပြီးမြောက်နိုင်မှာဖြစ်သလို ဆိုင်ဝန်ထမ်းတွေအတွက် လည်း သင်တန်းမလိုဘဲ အလွယ်တကူ သုံးလို့ရတဲ့အတွက် ပိုအဆင်ပြေစေပါတယ်။
On Hand POS အသုံးပြုပုံအနေနဲ့ ဦးစွာ Play Store တွင် On Hand POS ဟုရိုက်ထည့်ပြီးရှာပါ။ Install ပြုလုပ်ပါ။ အကောင့်ဖွင့်ဖို့အတွက် Sing Up ကိုနိုပ်ပြီးအချက်အလက်တွေကိုဖြည့်သွင်းပြီး အသုံးပြုနိုင်မှာလည်းဖြစ်ပါတယ်။
On Hand POS ကို အောက်က Link တွင် Install ပြုလုပ်ရယူနိုင်ပါတယ်။
http://bit.ly/OnHandMobilePOS