ဖုန်းနှင့်အသုံးပြုနိုင်သည့် စာရင်းကိုင် Software Modern Boss Mobile POS

နည်းပညာတွေအဆင့်အတန်းမြင့်လာတဲ့ ခေတ်မှာတော့ အရောင်းဆိုင်အားလုံးလိုလိုကတော့ လွယ်ကူမြန်ဆန်ပြီး ထိရောက်စေတဲ့ဆော့ဝဲတွေကိုသဘောကျကြတဲ့အတွက် အဆင့်မြင့်အရောင်းဆော့ဝဲမျိုးစုံကိုအသုံးပြုလာကြပြီလည်း ဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း အချိန်ကုန်ကျမှုသက်သာခြင်း၊ စာရင်းဇယားတွေကို တိကျစွာကိုယ်တွယ်နိုင်ခြင်း၊ ရောင်းလိုအားစာရင်းတွေကို အလွယ်တကူကြည့်ရှုနိုင်ခြင်း စတဲ့အားသာချက်တွေကိုရရှိနိုင်စေပါတယ်။
ကွန်ပျုတာဖြစ်စေ၊ ဖုန်းနဲ့ဖြစ်စေ အရောင်းဆိုင်တွေရဲ့ ရောင်းလိုအားအခြေအနေနဲ့ စာရင်းဇယားဆိုင်ရာတွက် ချက်မှုတွေကို ထိရောက်လျင်မြန်စွာလုပ်ဆောင်လာတာနဲ့နည်းတူ နည်းပညာအဆင့်မြင့် ဆော့ဝဲတွေဟာလည်း နေ့စဉ်နဲ့အမျှ အသစ်ထပ်မံထွက်ပေါ်နေဆဲလည်းဖြစ်ပါတယ်။ အဲ့ဒီအထဲမှာ ဖုန်းတစ်လုံးရှိရုံနဲ့ အရောင်းဆိုင်တစ်ခုရဲ့ စာရင်းဇယား၊ ဝင်ငွေ ထွက်ငွေတွေကို အလွယ်တကူကူညီဖြေရှင်းပေးနိုင်တဲ့ဆော့ဝဲတွေထဲမှာ Modern Boss Mobile POS ကလည်းတစ်ခုအပါ အဝင်ဖြစ်ပါတယ်။

Photo Source – https://m.facebook.com/modernbosspos

Modern Boss Mobile POS ဟာ ကိုယ်ပိုင်လုပ်ငန်းရှင်များ မိမိတို့လုပ်ငန်း ပိုမိုတိုးတက်ရေးအတွက် လိုအပ်သော ကုန်ပစ္စည်းအခြေအနေ၊ ငွေကြေးဆိုင်ရာ အခြေအနေများကို လွယ်ကူလျှင်မြန်ရှင်းလင်းစွာ သိရှိနိုင်ရန်ရည်ရွယ်ပြီး စနစ်တကျ ရေးဆွဲထားတဲ့ အရောင်းအဝယ်လုပ်ငန်းသုံးဖုန်းနှင့်သုံးတဲ့ စာရင်းကိုင် software တစ်ခုဖြစ်ပါသည်။ ဖုန်းတစ်လုံးထဲနဲ့ လုပ်ငန်းတစ်ခုလုံးကိုထိန်းချုပ်နိုင်မှာလည်းဖြစ်ပါတယ်။
Modern Boss Mobile POS လုပ်ဆောင်ချက်များတွေကတော့ အဝယ်စာရင်း၊၊အရောင်းစာရင်း ၊ကုန်ပစ္စည်းလက်ကျန်စာရင်း (အရေအတွက်၊ တန်ဖိုး)၊ အကြွေးစာရင်း (ရရန်ရှိ၊ ပေးရန်ရှိ)၊ အသုံးစရိတ်(ဆိုင်ခန်းခ၊ ဝန်ထမ်းလခ၊ အထွေထွေ အသုံးစရိတ် စသည်)၊ လအလိုက် အရှုံးအမြတ်စာရင်း၊ နေ့စဉ် အစီရင်ခံစာ၊ အရောင်းရဆုံးကုန်ပစ္စည်းစာရင်း စတာတွေကိုသိရှိနိုင်စေဖို့ ကူညီဖြေရှင်းပေးမှာလည်းဖြစ်ပါတယ်။

Photo Source – https://m.facebook.com/modernbosspos

Modern Boss Mobile POS အားသာချက်တွေကတော့၊ အသုံးပြုရလွယ်ကူစေပါတယ်။ အသုံးပြုသူများအနေဖြင့်လည်း နာရီဝက်အချိန်ပေးရုံနဲ့တတ်မြောက်နိုင်မှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် တာဝန်ခွဲဝေနိုင်ခြင်း၊ မီးပျက်မှာ မပူရခြင်း၊ ပစ္စည်း ပျောက်မှာ မပူရခြင်း၊ ဝယ်ဈေး/ရောင်းဈေး အလွယ်တကူ ပြန်ကြည့်နိုင်ခြင်း တို့ဖြစ်ပါတယ်။
Modern Boss Mobile POS ရဲ့အထူးလုပ်ဆောင်ချက်များအနေနဲ့ကတော့ အင်္ဂလိပ် – မြန်မာ နှစ်ဘာသာဖြင့်အသုံးပြုနိုင် ပါတယ်။ လျှို့ဝှက်နံပါတ် သတ်မှတ်ထားသောLogin စနစ် ပါရှိတာကြောင့် လုံခြုံစိတ်ချရပါတယ်။ Backup File စနစ်ပါရှိသောကြောင့် ဖုန်းတစ်ခုခုဖြစ်သွားရင်လည်း အချက်အလက်တွေ ပျက်စီးသွားခြင်းကို ကာကွယ်နိုင်ပါတယ်။ QR Code စနစ်နဲ့ သုံးနိုင်တာ ကြောင့်သွက်လက်မြန်ဆန်စွာ ရောင်းချနိုင်မှာလည်းဖြစ်ပါတယ်။
Modern Boss Mobile POS နဲ့သင့်တော်တဲ့ဆိုင်တွေကတော့ ဖုန်းအရောင်းဆိုင်များ၊ ၊ကားအပိုပစ္စည်းဆိုင်များ၊ဆိုင်ကယ် အပိုပစ္စည်းဆိုင်များ ၊ဖက်ရှင်ဆိုင်များ၊ Online Shop များ၊ စတိုးဆိုင်များ၊ ဖိနပ်ဆိုင်များ၊ လုံချည်ဆိုင်များ၊ ဆန်ဆိုင်များ၊ အိမ်သုတ်ဆေးဆိုင်များ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးပစ္စည်းဆိုင်များနဲ့ အခြားအရောင်းအဝယ်လုပ်ငန်းတွေမှာ အသုံးပြုနိုင် မှာလည်းဖြစ်ပါတယ်။

Photo Source – https://m.facebook.com/modernbosspos

Modern Boss Mobile POS ဆော့ဝဲကိုမိမိဖုန်းထဲတွင် စတင်ထည့်သွင်းအသုံးပြုတော့မည်ဆိုရင်တော့ ကုတ်နံပါတ်ထည့်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီ ကုတ်နံပါတ်ကိုတော့ ဆော့ဝဲပြုလုပ်တဲ့ကုမ္ပဏီဆီမှာဝယ်ယူရမှာ လည်းဖြစ်ပါ တယ်။ ဝယ်ယူမှုပုံစံ နှစ်မျိုးရှိပြီး လအလိုက် သက်တမ်းတိုးဝယ်ယူခြင်းကတော့ သုံးလကို မြန်မာကျပ် သုံးသောင်း ကျသင့်မှာ ဖြစ်ပြီး အပိုင်ဝယ်ယူခြင်း(တစ်သက်စာ)အတွက် မြန်မာကျပ် တစ်သိန်းခွဲကျသင့်မှာလည်းဖြစ်ပါတယ်။
ထပ်မံအသေးစိတ်သိရှိလိုပါကလည်း ဖုန်းနံပါတ် 09- 799 433 220 နဲ့ Email လိပ်စာ mbpos.mm@gmail.com တို့မှဖြစ် စေ Modern Boss Mobile POS Facebook Message Box မှဖြစ်စေ ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါတယ်။ Version အသစ်များကို Google Play store တွင် download ရယူနိုင်မှာလည်းဖြစ်ပါတယ်။
အောက်ပါ Link များမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://m.facebook.com/modernbosspos
https://play.google.com/store/apps/details