အရောင်းဆိုင်များအတွက်လိုအပ်တဲ့ အရောင်းထိန်းချုပ်စနစ် Global POS Software

Global POS (Point of Sale Software အရောင်းထိန်းချုပ်စနစ်) ဟာ Retail စတိုးဆိုင်များ၊ ဖုန်းနှင့် ကွန်ပြူတာပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များ၊ Fashion ဆိုင်များ၊ အရောင်းအဝယ်လုပ်ငန်းများအတွက် အဆင်ပြေလွယ် ကူစေမည့် အရောင်း software တစ်ခုဖြစ်ပါတယ်။
GlobalPOS ဆိုတာကတော့ Company များနှင့် Retail လုပ်ငန်းများ၏ အရောင်းအဝယ်စာရင်း အကြွေးစာရင်းများနဲ့ လက်ကျန်စာရင်းများကို ထိန်းချုပ်ပေးနိုင်သော Software တစ်ခုဖြစ်ပါတယ်။ GlobalPOS ကို ပြည်တွင်း Software Company ဖြစ်တဲ့ Global Wave Technology မှ ၂၀၁၂ ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့ပြီး ယခုချိန်ထိ Customer ပေါင်း ၄၀၀ ကျော်သုံးစွဲလျက်ရှိပါတယ်။ GlobalPOS ကို အရောင်း Invoice ၊ Receipt ၊ Bill ၊ Voucher ထုတ်ပေးတဲ့လုပ်ငန်း တိုင်းမှာအသုံးပြုလို့ရမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/GlobalPointOfSale/

GlobalPOS မှာ ပုံမှန်လုပ်ဆောင်ချက်တွေဖြစ်တဲ့ အရောင်း ၊ အဝယ် ၊ အကြွေး ၊ ကုန်ပစ္စည်းလက်ကျန်တွေအပြင် Unit Composition ၊ Attributes နဲ့ Assemble ဆိုတဲ့ လုပ်ဆောင်ချက်တွေပါဝင်မှာလည်းဖြစ်ပါတယ်။ Unit Composition ဆိုတာက ကုန်ပစ္စည်းတွေရဲ့ Box ၊ Packing ၊ Pcs တွေအထိ ထိန်းချုပ်တဲ့စနစ်ပဲဖြစ်ပါတယ်။ Box အလိုက်ရောင်းဈေး ၊ Pcs အလိုက်ရောင်းဈေးတွေအပြင် ကုန်ပစ္စည်းလက်ကျန်ကိုပါ Box တွေ Pcs တွေအလိုက်ကြည့်ရှု့နိုင်မှာဖြစ်ပါတယ်။ (ဥပမာ ပိသာ ၊ ကျပ်သား ၊ ကိုက် ၊ ထွာ ၊ ဘူး ၊ ဒါဇင်) စတာတွေကို ဆိုလိုခြင်းပဲဖြစ်ပါတယ်။
Attributes ဆိုတာကတော့ ကုန်ပစ္စည်းတွေကို အသေးစိတ်ထိ ခွဲခြားသိရှိနိုင်တဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။ Attributes ကို Simple Attributes နဲ့ Unique Attribute ဆိုပြီး ၂ ပိုင်းခွဲခြားထားပါတယ်။ Simple Attribute ဆိုတာကတော့ Size တွေ Color တွေ လိုမျိုးပုံစံတွေ အထိထိန်းချုပ်နိုင်ပါတယ်။ )ဥပမာ-လက်ကျန် လုံးပေါင်းအစား Large Size အဖြူရောင် ဘယ်နှစ်ထည်) စတာတွေကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ Small Size အနက်ရောင် ဘယ်နှစ်ထည်ဆိုပြီး အသေးစိတ်သိရှိနိုင်မှာဖြစ်ပြီး Unique Attribute ဆိုတာကတော့ Serial No ၊ ESN No များအထိထိန်းချုပ်နိုင်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဥပမာ-လက်ကျန် လုံးပေါင်းအစား ဘယ် Serial No ၊ ဘယ် ESN No က ဘယ်တုန်းကဝယ်ပြီး ဘယ်တုန်းကရောင်းတယ်အထိ အသေးစိတ်ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/GlobalPointOfSale/

Assemble ကိုအသုံးပြုပြီး ကုန်ပစ္စည်းတစ်ခုရောင်းလိုက်ရုံနဲ့ သူနဲ့ဆက်စပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေရဲ့ လက်ကျန်တွေပါ လိုက်လံထိန်းချုပ်နိုင်ပါတယ်။ ဥပမာ-ဟင်းပွဲတစ်ပွဲ ၊ အအေးတစ်ခွက် ၊ အသားတစ်တုံး ၊ကန်တော့ခြင်းတစ်ခြင်း ရောင်းလိုက် ရုံနဲ့ ဆက်စပ်ပါဝင်နေတဲ့ ပစ္စည်းတွေရဲ့လက်ကျန်ပါ Auto လျော့နည်းပေးသွားတဲ့ စနစ်ပဲဖြစ်ပါတယ်။
အရောင်းပိုင်း Functions အတွက် Tablet များဖြင့်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပြီး မိမိ သတ်မှတ်ထားတဲ့ Category အလိုက် Pending Bill များကိုလည်း ထုတ်ယူသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် Table မအားသေးတာတွေ ၊ Room မအားသေးတာတွေပါ မှတ်ထားနိုင်တော့ လုပ်ငန်းအတွက်ပိုပြီး အသုံးတည့်စေပါတယ်။ GlobalPOS မှာ Expense ၊ Income တွေကို နေ့အလိုက် မှတ်သားထားနိုင်ပြီး Invoice ၊ Voucher Template များကို ကိုယ်တိုင်ပြင်ဆင်နိုင်တဲ့ Features ပါဝင်တော့ တခုခုပြင်ဖို့လိုတိုင်း သုံးစွဲသူကိုယ်တိုင် လျင်မြန်စွာပြင်ဆင်နိုင်မှာလည်းဖြစ်ပါတယ်။
Administrator ၊ Manager ၊ Account ၊ Cashier စတဲ့ User Level များစိတ်ကြိုက်ဖန်တီးပြီး ပြင်ဆင်မှု ၊ဖျက်သိမ်းမှုများကို ထိန်းချုပ်နိုင်တော့ လုံခြံမှုလဲပိုပြီးရှိစေပါတယ်။ မြန်မာလို၊ English နှစ်မျိုးအသုံးပြုနိုင်တဲ့အပြင် မိမိလုပ်ငန်းနဲ့လိုက်ဖက်ညီတဲ့ စကားလုံးများကို ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ Notification စနစ်တွေဖြစ်တဲ့ Reorder ၊ Over Balance ၊ Expire နဲ့ ကြွေးကျန်တွေကိုလဲသိရှိနိုင်သလို Data Security ပိုင်းအတွက် Auto Backup System ပါဝင်တော့ ပိုပြီးစိတ်ချရစေပါတယ်။ အခြားအသုံးဝင်တဲ့ Features များစွာပါဝင်ပါတယ်။

Photo Source – https://www.facebook.com/GlobalPointOfSale/

အရောင်းအဝယ် Report တွေကို နေ့အလိုက် ၊ လအလိုက် ၊ နှစ်အလိုက် ကြည့်ရှု့နိုင်သလို အကြွေးစာရင်း ၊ ကုန်ပစ္စည်းလက်ကျန် နဲ့ Expense / Income Report ၊ FIFO Report ၊ Profit and Loss Report ၊ Net Profit Report တွေအထိပါ သိရှိနိုင်မှာဖြစ်ပါတယ်။ GlobalPOS ကို Server စက်အတွက် အပြီးအစီး (၃) သိန်းကျပ်ကျသင့်မှာဖြစ်ပြီး Client စက်တစ်လုံးထပ်တိုးတိုင်း တစ်သိန်းကျပ် ထပ်ဆောင်းကျသင့်မှာဖြစ်ပါတယ်။ နှစ်စဉ်ကြေး လစဉ်ကြေးပေးစရာမလိုအပ်တော့ ပါဘူး။ GlobalPOS သုံးစွဲဖို့အတွက် အနည်းဆုံး Processor i3 ၊ Memory 4G ရှိတဲ့ PC Computer (သို့) Laptop တစ်စုံသာ အဓိကလိုအပ်မှာဖြစ်ပါတယ်။ လုပ်ငန်းလိုအပ်ချက်အရ Cash Receipt Printer ၊ Barcode Printer ၊ Barcode Scanner များနှင့်လည်း ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ တစ်ချို့ကုန်ပစ္စည်းတွေမှာ Original Barcode ပါဝင်ပြီး တစ်ချို့မှာတော့ မပါဝင်တဲ့အတွက် GlobalPOS မှ လူသုံးများတဲ့ TSC အမျိုးအစား Barcode Printer များဖြင့်ချိတ်ဆက် ပြီးကိုယ်ပိုင် Barcode များဖန်တီးနိုင်အောင် လုပ်ဆောင်ပေးထားပါတယ်။
Devices များကိုမိမိစိတ်တိုင်းကျ ဝယ်ယူလိုပါက GlobalPOS မှ ကူညီပြီးအကြံဉာဏ်ပေးသွားမှာဖြစ်သလို GlobalPOS တွင်လဲဝယ်ယူရရှိနိုင်ပါတယ်။ GlobalPOS ဝယ်ယူတဲ့ Customer များအတွက် Training One Course အဖြစ် တစ်နေ့ကို ၃ နာရီ နဲ့ ၂ ရက်တိတိ Customer ဆီသို့လာရောက်သင်ကြားပြသပေးသွားမှာဖြစ်ပါတယ်။ Service အနေနဲ့ GlobalPOS ဝယ်ယူတဲ့ Customer များကို ၂ လတိတိ Free Service ပေးသွားမှာဖြစ်ပါတယ်။ Service ကာလကျော်လွန်သွားပါကလည်း Phone ဖြစ်စေ ၊ Service Technician ကိုယ်တိုင်ဖြစ်စေ သက်သာသောနှုန်းထားများဖြင့် အကောင်းဆုံး Service ပေးသွား မှာဖြစ်ပါတယ်။
ရန်ကုန်နဲ့မန္တလေးမြို့ ပြင်ပမြို့များမှ ဝယ်ယူအသုံးပြုလိုပါက GlobalPOS မှ အသက်သာဆုံး နှုန်းထားများဖြင့် အကောင်းဆုံး လာရောက်ပြီး ကူညီလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။
GlobalPOS မှအသေးစိတ် အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.globalpos.com.mm