ကဏ္ဍမျိုးစုံကို တစ်နေရာတည်းဖတ်ရှုလေ့လာနိုင်တဲ့ Byoh Lifestyle Application

ကျွန်တော်တို့ရဲ့နေစဉ်လှုပ်ရှားမှုတွေ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ပြီးရင် TV တွေဖုန်းတွေ အင်တာနက်တွေနဲ့ပဲ အနားယူ အပန်းဖြေကြပါတယ်။ ဖုန်းတွေ အင်တာနက်တွေကလဲ အသုံးပြုမှုပိုပြီး တွင်ကျယ်လာတဲ့အတွက် ကားစီးရင်းပဲ ဖြစ်ဖြစ်၊ လမ်းလျှောက်ရင်းပဲဖြစ်ဖြစ် ကိုယ့်ရဲ့အားတဲ့အချိန် အနားယူတဲ့အချိန်တွေမှာ တစ်ချို့ကတော့ ဂိမ်းတွေဆော့ကြ ပြီးတော့ တစ်ချို့ကတော့ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းတွေကို လေ့လာကြ ကြည့်ရှုကြပါတယ်။

ဒီလိုအချိန်တွေမှာ များသောအားဖြင့် Facebook နဲ့ YouTube ကိုအများဆုံးကြည့်ကြပြီး နောက်ပိုင်းမှာတော့ ဖုန်း App တွေလဲ မျိုးစုံပေါ်ပေါက်လာပြီ ဖြစ်ပါတယ်။ ဒီလို ပေါ်ပေါက်လာတဲ့ ဖုန်း Application တွေထဲက Byoh Lifestyle App ကတော့ ခုခေတ်လူငယ်တွေသဘောကျစေမယ့် App တစ်ခုပဲဖြစ်ပါတယ်။ 

Photo source https://www.facebook.com/byohls/

Byoh Lifestyle ကတော့ လူငယ်လူရွယ်တွေ အောင်မြင်တိုးတက်စေဖို့၊ ကျန်းမာထက်မြတ်စေဖို့၊ ဖက်ရှင်ကျလှပစေဖို့၊ တက်ကြွပျော်ရွှင်စေဖို့၊ ဗဟုသုတတွေ ကြွယ်ဝစေဖို့ ခေတ်နဲ့အညီရင်ပေါင်တန်းနိုင်ဖို့၊ လူနေမှုဘဝတွေ မြင့်တက်စေဖို့၊ နည်းပညာခေတ်ကြီးထဲမှာ သူများတွေရဲ့နောက်မှာ မကျန်ရစ်စေဖို့ အစီအစဉ်ကောင်းတွေကို နေ့စဉ်တင်ဆက်ပေးနေတဲ့ Application နဲ့ Web Portal ဝန်ဆောင်မှု ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကဏ္ဍပေါင်းများစွာပါဝင်ပြီး ကြည့်ရှုစရာအစီအစဉ်သစ်တွေနဲ့ ဖတ်ရှုစရာ ဆောင်းပါးအသစ်တွေကို နေ့စဉ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

Byoh App ကို အသုံးပြုဖို့အတွက်ဆိုရင်တော့ တစ်ရက်ကို ၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ App ထဲကို စတင်ဝင်ရောက်ဖို့အတွက် MPT ဖုန်းနံပါတ်ထည့်သွင်းဖို့လိုအပ်မှာ ဖြစ်ပါတယ်။ Byoh Application မှာပါဝင်တဲ့ ကဏ္ဍ တွေကတော့ The Hit Tunes, Digging Songs, တွေ့မယ်မေးမယ်အစီအစဉ်၊ ခိခိ ခွိခွိ၊ အနုပညာသတင်း၊ အချစ်တော် လေးတွေ၊ တွေ့ဆုံမေးမြန်းမှုများ၊ အရည်အသွေးမြင့်မှတ်စုများ၊ စိတ်အားဖြည့်မှတ်စုများ၊ ပညာရေးနှင့် သက်မွေးမှု၊ Words in the Melody၊ ဝိတ်ချဖို့ စားကြစို့၊ ဝိတ်ချသူတို့ သိထားဖို့၊ Fitness, Zumba, Yoga Food Safety, ဝတ္ထုတို အကပ်ဆေး၊ ဗဟုသုတ ဟင်းလေးအိုးကြီး၊ မေတ္တာစာလေးများ၊ ကိုယ့်အတွေး ကိုယ့်အရေး၊ ထင်ရှားကြော်ကြား ပုဂ္ဂိုလ်များ၊ နိုင်ငံတကာအနုပညာသတင်းများ၊ ရုပ်ရှင်အညွှန်း၊ စာအုပ်အညွှန်း နဲ့ အခြားအကြောင်းအရာမျိုးစုံကို ကြည့်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။ အကြောင်းအရာအသစ်တွေ အတွက်လည်း Notification မှာဖော်ပြပေးမှာ ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/byohls/

App ရဲ့ပင်မစာမျက်နှာမှာတော့ အသစ်တင်ထားတဲ့ ဆောင်းပါးတွေကို ဖတ်ရှုနိင်ဖို့အတွက် အသစ်၊ ပျော်စရာ ရွှင်စရာ ဟာသ အစီအစဉ်တွေကို ကြည့်ရှုနိုင်မယ့် ပျော်စရာတံခါး၊ အောင်မြင်ကျော်ကြားသူတွေရဲ့ စကားသံတွေ အဆိုအမိန့် တွေကို ကြည့်ရှုနိုင်မယ့် အောင်မြင်ရေးတံခါး၊ ကျန်းမာရေးတံခါး၊ အလှအပတံခါး၊ ဖက်ရှင်အကြောင်းအရာတွေ၊ ဗေဒင်၊ လူမှု ပတ်ဝန်းကျင်အကြောင်း၊ ခရီးသွားနဲ့ နည်းပညာအကြောင်း စတာတွေကို ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပါတယ်။

Byoh Lifestyle Application ကို Google Play Store မှာ Download ရယူနိုင်မှာဖြစ်ပြီးတော့ iOS Device တွေမှာတော့ အသုံးပြုလို့ မရနိုင်သေးပါဘူး။ Byoh Lifestyle Application ကို Android Version 4.3 နှင့်အထက် Android Smartphone တွေအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ကြည့်ရှုစရာ၊ ဖတ်ရှုစရာကဏ္ဍပေါင်းများစွာ တင်ဆက်ပေးနေတဲ့ Byoh Lifestyle ဝန်ဆောင်မှုကို အသုံးပြုမယ်ဆိုရင် နေ့စဉ်ကြေး ၉၉ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။ နေ့စဉ်ကြေး ၉၉ ကျပ်ထဲနဲ့ Byoh Lifestyle ဝန်ဆောင်မှုရဲ့ နေ့စဉ်တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းတွေကို ကြည့်ရှုခံစားနိုင်ပြီ ဖြစ်ပါတယ်။ 

Photo source https://www.facebook.com/byohls/

ဝန်ဆောင်ခအတွက် ကျသင့်ငွေကို Byoh Lifestyle ဝန်ဆောင်မှုမှာ မှတ်ပုံတင်ပြီး အကောင့်ဖွင့်ခဲ့တဲ့ MPT ဖုန်းဘေလ် ထဲက ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဖုန်းဘေလ်ကြိုဖြည့်ပြီး အသုံးပြုသူဆိုရင်တော့ ဝန်ဆောင်ခကို ဖုန်းငွေလက်ကျန် ထဲက ဖြတ်တောက်သွားမှာ ဖြစ်ပြီးတော့ သုံးပြီးမှငွေချေတဲ့ စနစ်ကို အသုံးပြုသူဆိုရင်တော့ ဖုန်းဘေလ်ကောက်ခံတဲ့ အခါမှ ကျသင့်ငွေကို MPT ကတွက်ချက်ကောက်ခံသွားမှာ ဖြစ်ပါတယ်။

Byoh Lifestyle ဝန်ဆောင်မှုနှင့် ပက်သက်ပြီး မေးမြန်းလိုပါက ဖုန်းနံပါတ် ၁၀၆ (သို့မဟုတ်) ၀၁၂၃၀၅၂၇၃ တို့ကို ၂၄ နာရီအချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်သလို Byoh Lifestyle Facebook Page ရဲ့ Messenger ကနေလည်း ၂၄ နာရီအချိန်မရွေး မေးမြန်းနိုင်ပါတယ်။ အသေးစိတ်သိလိုတဲ့အချက်တွေအတွက် Byoh Lifestyle ရဲ့ Facebook Page (https://www.facebook.com/byohls/) မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Byoh Lifestyle Application ကိုတော့ အောက်ပါ လင့်ခ်မှာ Download ဆွဲနိုင်မှာ ဖြစ်ပါတယ်။

https://play.google.com/store/apps/details?id=com.etm.smyouth&hl=en