Digital Marketing လုပ်ငန်းအတွက် အသုံးဝင်တဲ့ Mobile Application များ

ယနေ့ခေတ်အနေအထားအရ အွန်လိုင်းပေါ်ကနေရောင်းတာဝယ်တာတွေက ပိုမိုကျယ်ပြန့်လာပါတယ်။ အဲ့ဒီအတွက် Digital Marketing လုပ်ငန်းပိုင်းဆိုင်ရာတွေကိုကျယ်ပြန့်လာသလို မိမိရဲ့ပစ္စည်းတွေကို အွန်လိုင်းပေါ်မှာ လူသိများပြီးအရောင်း အဝယ်ဖြစ်ဖို့အတွက် Content ပိုင်းဆိုင်ရာ၊ ဒီဇိုင်းပိုင်းဆိုင်ရာတွေကလည်း အဓိကအရေးပါအရာရောက်တဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတာလည်းဖြစ်ပါတယ်။ အခုဖော်ပြမယ့် App တွေကတော့ Digital Marketing သင်တန်းဆင်းပြီး လုပ်ငန်းစတင် လုပ်ကိုင်တော့မယ့်သူတွေအတွက် များစွာအသုံးဝင်လှတဲ့ Mobile Application တွေပဲဖြစ်ပါတယ်။

Photo Source – https://play.google.com/store/apps/details?id=com.facebook.pages.app&hl=en

(၁) Facebook Pages Manager App
Digital Marketing လုပ်ငန်းကိုင်နေသူတွေအတွက် Facebook Page တစ်ခုထက်မနည်းတော့ မဖြစ်မနေပြုလုပ်အသုံးပြု ရမှာကျိန်းသေပါပဲ။ အဲ့ဒီအတွက် မိမိတို့ကိုယ်တွယ်နေတဲ့ Page တွေကိုအလွယ်တကူကိုင်တွယ်အသုံးပြုနိုင်တဲ့ အသုံးဝင်တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ တစ်နေရာတည်းမှာ Control လုပ်နိုင်ပြီး Marketer တိုင်းသုံးတဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.facebook.pages.app&hl=en

 

Photo Source – https://play.google.com/store/apps/details?id=com.canva.editor&hl=en

(၂) Canva Graphic Design App
မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို လူသိများပြီး အရောင်းအဝယ်ဖြစ်စေဖို့ Content ရေးပြီးတင်လိုက်ရုံနဲ့မပြီးသေးပါဘူး။ ပစ္စည်းတစ်ခုကို လူကြိုက်များဆွဲဆောင်မှုရှိအောင် ဒီဇိုင်းပိုင်းကိုလည်း သေသပ်လှပစွာ ပြုလုပ်တတ်ဖို့လည်း အရေးကြီးပါတယ်။ အဲ့ဒီအတွက် Canva Graphic Design App က များစွာအထောက်အကူဖြစ်စေပါလိမ့်မယ်။ Free အသုံး ပြုနိုင်သလို ပိုမိုကောင်းမွန်တဲ့ Features တွေကိုလိုချင်ရင်လည်း ငွေပေးပြီးအသုံးပြုနိုင် ပါတယ်။ အောက်ပါ Link မှဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.canva.editor&hl=en

Photo Source – https://play.google.com/store/apps/details?id=com.niksoftware.snapseed&hl=en

(၃) SnapSeed App
မိမိရဲ့ ပစ္စည်းတွေကို ရိုက်ထားတဲ့ဓာတ်ပုံတွေကို ကောင်းမွန်လာအောင် ပြုပြင်ဖန်တီးပေးနိုင်တဲ့ ကောင်းမွန်တဲ့ Mobile App တစ်ခုလည်းဖြစ်ပါတယ်။ ဓာတ်ပုံဝါသနာပါသူ တော်တော်များများ သိရှိပြီးဖြစ်သလို Digital Marketing လုပ်ငန်းမှာလည်း ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ဖန်တီးပေးနိုင်မှာလည်းဖြစ်ပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.niksoftware.snapseed&hl=en

Photo Source – https://play.google.com/store/apps/details?id=com.xvideostudio.videoeditorlite&hl=en

(၄) Video Show Lite App
Digital Marketing လုပ်ငန်းတွေမှာ ရံဖန်ရံခါ Video Content တွေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်းကို လူသိများထင်ရှားလာအောင် ကြော်ငြာပေးရတဲ့အခါမျိုးတွေရှိပါတယ်။ အဲ့ဒီအတွက် Video Edit App များစွာထဲကမှ လူသုံးများနေတဲ့ Mobile App တစ်ခုလည်းဖြစ်ပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Video Clip တွေကိုဖန်တီးပေးနိုင်သလို App ကိုအသုံးပြုရ တာလည်း လွယ်ကူစေပါတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.xvideostudio.videoeditorlite&hl=en

Photo Source – https://play.google.com/store/apps/details?id=com.facebook.analytics&hl=en

(၅) Facebook Analytics
Digital Marketing လုပ်ငန်းမှာ မိမိကိုင်တွယ်နေရတဲ့ Page တွေရဲ့ တိုးတက်မှုနှုန်းကို စဉ်ဆက်မပြတ်လေ့ လာသုံးသပ်နေ ရမှာလည်းဖြစ်ပါတယ်။ မိမိကိုယ်တွယ်နေတဲ့ Page အားလုံးရဲ့ Insight, Engagement, Popular hour တွေကို သိရှိနိုင်အောင် ကူညီဆောင်ရွက်ပေးတဲ့ Mobile Application တစ်ခုဖြစ်ပါတယ်။ Digital Marketing လုပ်ငန်းလုပ်သူတွေ အတွက်မဖြစ်မနေ ဆောင်ထားသင့်တဲ့ App တစ်ခုဖြစ်ပြီး အခြား Features တွေလည်း ပါဝင်ပါသေးတယ်။ အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.facebook.analytics&hl=en