GrabFood မှ GrabKitchen ကို ရန်ကုန်မြို့တွင် ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းစားသောက်ဆိုင်များအား အစားအသောက် အခမဲ့ပို့ဆောင်ပေးမည်

Grab သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော GrabKitchen ကို ရန်ကုန်မြို့ အရှေ့အလယ်ပိုင်း၊ တာမွေမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှစတင်ပြီး ဖွင့်လှစ်မည် ဖြစ်သည်။ စုပေါင်းစားဖိုဆောင်တစ်ခုပုံစံ ဖန်တီးထားသည့် GrabKitchen ဆိုင်ခန်းနေရာတွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များအတွက် Grab အက်ပလီကေးရှင်းမှ မှာယူသည့် အစားအသောက် အမှာစာများကို ပြင်ဆင်ချက်ပြုတ်ပေးနိုင်ရန် နေရာတစ်ခု ထားရှိပေးမည်လည်းဖြစ်သည်။
ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen ကို COVID-19 ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန် စားသောက်ဆိုင်များအားလုံး ပါဆယ်အော်ဒါဖြင့်သာ ရောင်းချရမည်ဟု တာဝန်ရှိသူများမှ ညွှန်ကြားချက် ထုတ်ပြန်ထားချိန်နှင့် လာမည့် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ရုံးပိတ်ရက် (၁၀) ရက်အတွင်း စားသောက်ဆိုင်အားလုံးနီးပါး ပိတ်ထားမည်အချိန်တို့အမီ စတင်စမ်းသပ်ဖွင့် လှစ်လိုက်ခြင်းလည်းဖြစ်သည်။ အဆိုပါ အချိန်ကာလများတွင် ရန်ကုန်မြို့နေ ပြည်သူများမှာ မိမိတို့ နှစ်သက်သည့် အစားအစာများကို ပြတ်လပ်မှုမရှိစေဘဲ Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood မှတစ်ဆင့် မှာယူနိုင်မည်ဖြစ်သည်။ GrabKitchen ရှိ နာမည်ကျော် စားသောက်ဆိုင်အမျိုးမျိုးမှ အစားအသောက်များကို အမှာအော်ဒါတစ်ခုတည်းတွင် စုပေါင်း မှာယူနိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/GrabMM/

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအတွင်း ၆ နိုင်ငံမြောက်အဖြစ် GrabFood ဝန်ဆောင်မှုမှ စုပေါင်းမီးဖိုဆောင်အဖြစ် GrabKitchen ကို ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ပြီး စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်နိုင်ငံများတွင် စုပေါင်းစားဖိုဆောင် (၅၀) ကျော်ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။ အစားအသောက် သယ်ယူပို့ဆောင်ရေးကို ပိုမိုမှီခိုအားထားလာရသည့် အချိန်အခါတွင် စုပေါင်းစားဖိုဆောင်များမှတစ်ဆင့် စားသောက် ဆိုင်ပိုင်ရှင်များသည် Grab ကွန်ယက်နှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ခွင့် ရရှိမည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် ပိုမိုတိုးချဲ့လုပ် ကိုင်နိုင်လာပြီး စားသုံးသူအရေအတွက် တိုးပွားလာမည်ဖြစ်သည်။ GrabFood မှ GrabKitchen ဆိုင်ခန်းနေရာတွင် လိုအပ်သည့် အခြေခံ အသုံးအဆောင်များကို စီမံထားရှိပေးမည်ဖြစ်ပြီး Grab အက်ပလီကေးရှင်းမှလည်း ဈေးကွက် ထိုးဖောက်ရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်သောကြောင့် စားသောက်ဆိုင်များအနေဖြင့် အစားအစာ ပြင်ဆင်၊ ချက်ပြုတ်ရေးတွင်သာ အကောင်းဆုံးဖြစ်စေရန် အာရုံစိုက်နိုင်မည် ဖြစ်သည်။
ရန်ကုန်မြို့၏ ပထမဦးဆုံးသော GrabKitchen သည် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဓမ္မဒါနလမ်းပေါ်ရှိ Super Container Park တွင် တည်ရှိသည်။ ဆိုင်ခန်းနေရာကို နံနက် ၁၀ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တာမွေ၊ သင်္ကန်းကျွန်း၊ တောင်ဥက္ကလာပနှင့် မင်္ဂလာတောင်ညွှန့် စသည့် ရန်ကုန်မြို့ရှိ မြို့နယ် (၄) နေရာတွင် GrabFood ဝန်ဆောင်မှု ရယူနိုင်သည့် ဧရိယာများကို တိုးချဲ့လိုက်ပြီ ဖြစ်ပါသည်။
GrabKitchen တွင် ဆိုင်ခန်းနေရာများယူ၍ လာမည့် ရုံးပိတ်ရက်များတွင် အစားအသောက် အော်ဒါများကို လက်ခံ ရောင်းချပေးမည့် မိတ်ဖက် စားသောက်ဆိုင်များမှာ ကြက်ကြော်မျိုးစုံ၊၊ ဒန်ပေါက်၊ Tikka ဟင်းလျာများနှင့် မဆလာလက်ဖက်ရည်များ၊ ထမင်းနှင့် ကြက်သားဟင်း အစုံလိုက်၊ နာမည်ကျော် Bubble Tea နှင့် Milk Tea များ၊ Heineken ၊ Tiger ၊ ABC နှင့် Bawdar – Thirst quenching ဘီယာများ၊ Best Choice Kyae-Oh & BBQ – ဝက်နံရိုးမီးတောက်၊ စားသုံးသူအကြိုက် စားချင့်စဖွယ် မာလာရှမ်းကော တို့ဖြစ်သည်။

Photo Source https://web.facebook.com/GrabMM/

GrabFood အသုံးပြုသူများ အဆင်ပြေလွယ်ကူစေရန် GrabKitchen စားသောက်ဆိုင် အမျိုးမျိုးမှအော်ဒါများကို တစ်ကြိမ်တည်းစုစည်းမှာယူနိုင်မည်ဖြစ်သည်။ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့မှ ၂၀ ရက်နေ့အတွင်း အော်ဒါတစ်ခုလျှင် အနည်းဆုံး ငွေကျပ် (၁၀,၀၀၀) ဖိုး ဝယ်ယူသူများမှာ ပရိုမိုကုဒ် ‘GRABKITCHEN’ ကို အသုံးပြု၍ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်မည် ဖြစ်သည်။
GrabKitchen တွင် မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်များနှင့် အစားအသောက်ပို့ဆောင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ ကျန်းမာရေး နှာခေါင်းစည်း၊ လက်အိတ်၊ လက်သန့်ဆေးရည်နှင့် ဘက်တီးရီးယား ပိုးသတ်ပေးသည့် တစ်ရှုးအစိုများ အသုံးပြုရန် တိုက်တွန်းခြင်းတို့ အပါအဝင် အစားအသောက် သန့်ရှင်းမှုနှင့် COVID-19 ကြိုတင်ကာကွယ်ရေး လုပ်ဆောင်ချက်များကို စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် GrabKitchen တွင် GrabFood အော်ဒါများ လာရောက်ယူဆောင်ရာတွင်လည်း Social distancing ညွှန်ကြားချက်များအတိုင်း လိုက်နာ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ အစားအသောက် အော်ဒါများ ပြင်ဆင်နေချိန်တွင် မိတ်ဖက်အစားအသောက် ပို့ဆောင်သူများမှာ တစ်ဦးနှင့် တစ်ဦး ပေများစွာ ခွာ၍ နေရာယူစောင့်ဆိုင်းရမည် ဖြစ်သည်။
“ကျွန်တော်တို့ Grab နဲ့ပူးပေါင်းပြီး လုပ်ငန်းတွေတိုးချဲ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နာမည်ကြီး မိတ်ဖက်စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့အတူ ရန်ကုန်မြို့မှာ ပထမဦးဆုံးသော GrabKitchen ကို စမ်းသပ်ဖွင့်လှစ်နိုင်ခဲ့လို့ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့ရဲ့ မိတ်ဖက်စားသောက်ဆိုင် ပိုင်ရှင်တွေနဲ့အတူ ဆက်လက်ပူးပေါင်းလုပ်ကိုင်ပြီး အစားအသောက် ဝယ်လိုအားနဲ့ ရောင်းလိုအားကြားက ကွာဟချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်၊ တစ်နေရာတည်းမှာ အစားအသောက်မျိုးစုံကို နှုန်းထားအမျိုးမျိုးနဲ့ အစုံအလင်ရနိုင်အောင် တိုးချဲ့ဝန်ဆောင်ပေးနိုင်မယ်၊ ပြီးတော့ မှာယူစားသုံးသူတွေရဲ့ လိုအပ်ချက်အရ အဆင်ပြေ လွယ်ကူစွာ မှာယူနိုင်မယ့် အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတွေ ပေးအပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော စုပေါင်းစားဖိုဆောင် စတင်စမ်းသပ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်း မင်းက ပြောသည်။

Photo Source https://web.facebook.com/GrabMM/

GrabFood သည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခု ဖြစ်ပါသည်။ အသုံးပြုသူများသည် Grab အက်ပလီကေးရှင်းမှတစ်ဆင့် အစားအသောက်များကို တိုက်ရိုက်မှာယူနိုင်ပြီး စားသောက်ဆိုင်မှ အော်ဒါလက်ခံပြီး ပြင်ဆင်နေသည်ကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည် ဖြစ်ပါသည်။ နီးစပ်ရာ အစားအသောက်ပို့ဆောင်သူမှ အမှာ စာကို လက်ခံယူပြီးလျှင် စားသုံးသူမှ ပို့ဆောင်သူ၏ အမည်၊ ဓာတ်ပုံ နှင့် ပို့ဆောင်နေသည့် လမ်းကြောင်းကိုလည်း မြေပုံမှ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်ပါသည်။ GrabFood သည် စားသုံးသူများ လိုလားတောင့်တနေသည့် အစား အသောက်များကို ပို့ဆောင်ပေးနိုင်မည့် အမြန်ဆုံးနည်းလမ်းတစ်ခုဖြစ်သည်။