Pre-Order တင်လို့ရနေပြီဖြစ်တဲ့ Huawei MateBook D15

Desktop Computer တွေ အသုံးပြုကြတဲ့ အချိန်ကနေ တစ်နေရာနဲ့တစ်နေရာသယ်ရလွယ်ကူတဲ့ Laptop တွေ အသုံးပြုတဲ့ ခေတ်ကိုပြောင်းလဲလာပါပြီ။ Laptop တွေဟာလည်း အလုပ်ခွင်မှာ စာသင်ကျောင်းတွေမှာ မရှိမဖြစ် အရေးပါတဲ့ အရာတွေအဖြစ် ပြောင်းလဲလာပါပြီ။ အသုံးများလာတဲ့အလျောက် Laptop ထုတ်လုပ်မှုတွေဟာလည်း တစ်နှစ်တစ်မျိုးမရိုးရအောင်ကို အားသာချက်များစွာနဲ့ ထွက်ရှိနေပါတယ်။ Laptop တွေကိုရွေးချယ်ဝယ်ယူတဲ့နေရာမှာ ကိုယ်အသုံးပြုမယ့် လုပ်ငန်းဆောင်တာပေါ်မူတည်ပြီး ရွေးချယ်ကြပါတယ်။

Laptop တွေဟာ ပါးလွှာပြီးပေါ့ပါးတဲ့အတွက် သယ်ရလွယ်ကူပြီး အသုံးပြုတဲ့သူကို သက်သာစေပါတယ်။ Laptop တွေကို ရွေးချယ်တဲ့နေရာမှာလည်း Creator တွေအသုံးပြုဖို့အတွက် Performance မြင့်တဲ့ Laptop မျိုးလား၊ သယ်ဆောင်ရ အသုံးပြုရလွယ်ကူတဲ့ Size သေးတဲ့ Laptopမျိုးလား၊ အကုန်အကျလဲသက်သာပြီး အသုံးပြုလို့အဆင်ပြေမယ့် Budget  Laptop မျိုးလား ဆိုပြီး ရွေးစရာတွေရှိပါတယ်။

Photo source https://consumer.huawei.com/en/

ကိုယ်ပိုင်အားသာချက်မျိုးစုံနဲ့ နည်းပညာလူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့အထဲမှာ Huawei နည်းပညာကုမ္ပဏီ ကလည်း မပါမဖြစ်ပါဘဲ။ နည်းပညာကြောင့်အားလုံးက အဆင်ပြေလွယ်ကူလာပြီးတော့ အသုံးပြုသူတွေဟာလည်း ကိုယ့်အတွက် အချိန်ကုန်သက်သာ အသုံးပြုရအဆင်ပြေတာကိုပဲ ရွေးချယ်လာကြပါတယ်။ ဒီလိုအချက်အလက်တွေနဲ့ ကိုက်ညီတဲ့ Laptop တွေထဲမှာ Huawei MateBook D Series မှာပါဝင်တဲ့ Huawei MateBook D 15 ကလည်းတစ်ခု အပါအဝင် ဖြစ်ပါတယ်။ MateBook D 15 မှာတော့ Windows 10 Home ပါဝင်မှာ ဖြစ်ပါတယ်။ အလျား 357.8 mm နဲ့ အနံ 229.9 mm ရှိပြီး အလေးချိန်အားဖြင့်တော့ SSD တစ်ခုတည်း သီးသန့်အတွက်က 1.53 kg နဲ့ SSD + HDD ဆိုရင်တော့ 1.62 kg အလေးချိန်ရှိမှာ ဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ကတော့ 15.6 inches ဖြစ်ပါတယ်။Huawei MaceBook D 15 ဟာ ပါးလွှာပေါ့ပါးတဲ့ Laptop တစ်လုံးဖြစ်တဲ့အတွက် တစ်နေရာနဲ့တစ်နေရာယူသွားရတဲ့သူတွေအတွက် တကယ်ကို အဆင်ပြေစေမှာ ဖြစ်ပါတယ်။ 1920 x 1080 Resolution ကိုအသုံးပြုထားပြီး Screen-To-Body ratio က 87% ဖြစ်တဲ့ အတွက် မျက်နှာပြင်ကျယ်ပြီး အသုံးပြုရအဆင်ပြေစေမှာ ဖြစ်ပါတယ်။ Body ကို အလူမီနီယံနဲ့ ပြုလုပ်ထားပြီး Mystic Silver နဲ့ Space Grey အရောင်နှစ်ရောင်ရရှိမှာ ဖြစ်ပါတယ်။ 

Photo Source https://consumer.huawei.com/en/

Laptop ရဲ့ လုပ်ဆောင်မှုပိုင်းတွေအတွက် AMD Ryzen 5 3500U Processor နဲ့ Intel Core i5 10th Generation အသုံးပြု ပေးထားတာ ဖြစ်ပါတယ်။ Graphic Processor ကတော့ Nvidia GetForce MX250 ဖြစ်ပါတယ်။ Ram 8GB DDR4 ကို အသုံးပြုထားပြီး 16GB အထိ တိုးမြင့်အသုံးးပြုနိုင်မှာ ဖြစ်ပါတယ်။ 256GB SSD နဲ့ 256 GB SSD + 1 TB HDD နှစ်မျိုး ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်တဲ့ Batter ပမာဏကတော့ 42 WHR ဖြစ်ပါတယ်။ USB-C အမျိုးအစား အားသွင်းစနစ်ကို အသုံးပြုထားတဲ့အတွက် မိနစ်သုံးဆယ်အတွင်း 53% ထိအားဝင်မြန်ဆန်စေမှာ ဖြစ်ပါတယ်။ Laptop မှာတော့ USB-A 2.0, 3.0, USB-C, HDMI နဲ့ 3.5mm နားကြပ်ပေါက် ပါဝင်မှာ ဖြစ်ပါတယ်။ Web Camera အဖြစ် 1MP Camera ပါရှိမှာဖြစ်ပြီးတော့ 720 resolution အထိရရှိမှာ ဖြစ်ပါတယ်။ Huawei MateBook D15 မှာထူးခြားချက်အနေနဲ့ကတော့ web Camera က Screen ရဲ့အပေါ်ဖက်မှာ ရှိမနေဘဲ Keyboard ထဲမှာ Pop-Up ပုံစံမျိုးနဲ့တည်ရှိနေမှာ ဖြစ်ပါတယ်။  Huawei MateBook D 15 မှာ Two-in-One Power Button and Touch Fingerprint Sensor ပါဝင်မှာပဲ ဖြစ်ပါတယ်။ Stereo Speaker နှစ်လုံးပါဝင်မှာ ဖြစ်ပါတယ်။ 

Photo Source https://www.facebook.com/HuaweimobileMM/

လွယ်ကူမြန်ဆန်ပြီး အချိန်ကုန်သက်သာတာကို သဘောကျတဲ့သုံးစွဲသူတွေအတွက် အကြိုက်တွေ့စေမယ့် အချက် ကတော့ Huawei Share ပါဝင်တာပဲ ဖြစ်ပါတယ်။ Huawei Share က Huawei ရဲ့ Ecosystem တွေနဲ့ချိတ်ဆက်ပေးပြီး အသုံးပြုရ လွယ်ကူမြန်ဆန်စေမှာ ဖြစ်ပါတယ်။ Laptop ကို ဖုန်းနဲ့ထိလိုက်တာနဲ့ Laptop နဲ့ ဖုန်းကိုချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ Laptop နဲ့ချိတ်ဆက်လိုက်တာနဲ့ ဖုန်း screen က Mirror Sharing လုပ်သလို Laptop မှာ ပေါ်နေမှာ ဖြစ်ပြီးတော ဇာတ်ကားကြည့်တာြဖစ်ဖြစ်၊ ဂိမ်းဆော့တာဖြစ်ဖြစ်၊ Screen ကြီးကြီးနဲ့တန်းကြည့်နိုင်မှာ ဖြစ်ပါတယ်။ Internet ဖွင့်စရာမလိုပဲ သူ့ရဲ့ Local Servier နဲ့ချိတ်တာဖြစ်တဲ့အတွက် အင်တာနက် ကုန်စရာမလိုပါဘူး။ ဖုန်းနဲ့ရိုက်ထားတဲ့ ပုံတွေကိုလည်း Laptop Screen ကနေ Mouse နဲ့ဆွဲယူလိုက်တာနဲ့ကူးယူပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်မှုကောင်းပြီး ပါးလွှာပေါ့ပါးတဲ့ Huawei MateBook D 15 ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ စိတ်ဝင်စားဝယ်ယူလိုချင်တဲ့သူတွေအနေနဲ့လည်း သတ်မှတ်ထားတဲ့ Huawei အရောင်းဆိုင်တွေမှာ Pre-Order တင်နိုင်ပြီ ဖြစ်ပါတယ်။ မတ်လ (၂၀) ရက်နေ့ကနေ မတ်လ (၃၀) ရက်နေ့အထိ Pre-Order တင်နိုင်မှာြဖစ်ပြီးတော့ Pre-Order တင်ထားတဲ့သူတွေအနေနဲ့လည်း Huawei FreeBud 3 ကို လက်ဆောင်အဖြစ် ပြန်လည်ရရှိမှာ ဖြစ်ပါတယ်။ Huawei MateBook D 15  မှာတော့ အာမခံအဖြစ် 1 + 1 Warranty (1 year standard warranty + 1 year extended warranty) ရရှိမှာ ဖြစ်ပါတယ်။

အသေးစိတ်သိရှိလိုတဲ့အချက်တွေကိုတော့ Huawei ရဲ့ Facebook Page မှာ ဝင်ရောက်ကြည့်ရှု စုံစမ်းနိုင်ပါတယ်

https://www.facebook.com/HuaweimobileMM/