အိမ်မှာနေပြီး အစားအစာတွေ မှာစားချင်သူတွေအတွက် သိထားသင့်တဲ့ Food Delivery App များ

အရင်ကတော့ ရန်ကုန်မြို့မှာ ကိုယ်စားချင်တဲ့အစားအစာတွေကို စားသောက်ဆိုင်တွေမှာ အလွယ်တကူပဲသွားရောက်မှာယူ စားသောက်ဖို့အဆင်ပြေပါတယ်။ ခုလို COVID-19 ကြောင့် အိမ်ပြင်မထွက်ချင်တဲ့ ကာလမှာတော့ ကိုယ်စားချင်တဲ့ အစားအစာတွေကို အလွယ်တကူသွားရောက်မစားသောက်နိုင်တာကလည်း သောကတစ်မျိုးပါပဲ။ စားချင်တာကို အိမ်မှာလုပ် စားလို့ရတယ်ဆိုပေမယ့် ကိုယ်ကြိုက်တဲ့အစားအသောက်ကို မချက်ပြုတ်တတ်တဲ့သူတွေ နာမည်ကျော်စားဖိုမှူးတွေရဲ့ လက်ရာ အစားအသောက်သန့်ရှင်းကောင်းမွန်တာတွေကိုပဲ စားသုံးချင်တဲ့သူတွေအတွက်တော့ စားစရာတွေကို အိမ်တိုင်ရာ ရောက်လိုက်လံပို့ဆောင်ပေးနေတဲ့ Food Delivery တွေကိုတော့ သိထားရင်တော့ ပိုအဆင်ပြေသွားစေပါတယ်။
COVID-19 ကြောင့်အိမ်ပြင်မထွက်ချင်ဘူးဆိုပေမယ့် လက်ထဲမှာရှိတဲ့ဖုန်းတစ်လုံးနဲ့လည်း ဒီနေ့ခေတ်မှာအဆင်ပြေနေပါပြီ။ ကိုယ်နေထိုင်တဲ့နေရာနဲ့အနီးဆုံးမှာရှိတဲ့ စားသောက်ဆိုင်က အစားအသောက်တွေကိုအလွယ်တကူမှာယူစားသောက်နိုင်ဖို့ အလွယ်ကူဆုံးလုပ်ဆောင်ချက်တွေနဲ့ ဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။ အိမ်တွင်းအောင်းနေပြီး အစားအစာကောင်းကောင်း တွေကို နှစ်သက်မြတ်နိုးတဲ့သူတွေအတွက်တော့ အခုဖော်ပြပေးမယ့် Food Delivery App တွေက မဖြစ်မနေဆောင်ထားဖို့ လိုပါလိမ့်မယ်။

Photo Source https://web.facebook.com/GrabMM/

Grab Application
Grab Application ကနေ Grab Food ကိုဝင်ရောက်ပြီးတော့ အစားအစာတွေကို မှာယူနိုင်မှာ ဖြစ်ပါတယ်။ မှာယူလို့ရနိုင်တဲ့ ဆိုင်တွေကို ပြထားမျာဖြစ်ပြီးတော့ ကိုယ်စားချင်တာကိုရွေးပြီး တစ်ခုမှာမှာလား ဘယ်လောက်မှာမှာလဲဆိုပြီး ရွေးချယ်နိုင် ပါတယ်။ မှာယူပြီးရင်လဲ ဘယ်နေရာကိုလာပို့ရမယ်ဆိုတဲ့ လိပ်စာကို မြေပုံမှာထောက်ပြီး သတ်မှတ်ပေးနိုင်ပါတယ်။ ကိုယ်မှာ ထားတဲ့အစားအစာ၊ အခွန်ကောက်ခံမယ့်ပမာဏနဲ့ ပို့ဆောင်ခကိုပါ တစ်ခါတည်းပြပေးမှာ ဖြစ်ပါတယ်။ အကယ်၍ Promo Code တွေရှိတယ်ဆိုရင်လည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/foodpanda.vouchers.9

Food Panda Application
ကိုယ့်ရဲ့အိမ်လိပ်စာရုံးလိပ်စာကို မှန်ကန်စွာရိုက်နှိပ်လိုက်ပါ။ ကိုယ်ကြိုက်တဲ့ စားသောက်ဆိုင်ကိုရွေးချယ်ပြီးမှာ ယူနိုင်ပါ တယ်။ အစားအသောက်တွေကိုပြင်ဆင်ပြီးလို့ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ foodpanda ရဲ့ပို့ဆောင်ရေးသမားတွေက အိမ်အရောက်လာရောက် ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ မှာယူသူအနေနဲ့ စောင့်ကြည့်ချင်တယ်ဆိုရင်လည်း ပို့ဆောင်ရေး သမားတွေဘယ်နေရာမှာ ဘယ်လိုလာနေတယ်ဆိုတာကအစ ကြည့်ရှုနိုင်ပါသေးတယ်။
Food Panda မှာ အော်ဒါတင်ဖို့အတွက် လွယ်ကူတဲ့အချက်သုံးချက်ပဲရှိပါတယ်။ ပထမအဆင့်အနေနဲ့ Foodpanda App မှာ Log in ဝင်ပြီး ပို့ဆောင်ပေးရမယ့်လိပ်စာကို ထည့်သွင်းပေးရပါမယ်။ ဒုတိယအဆင့်အနေနဲ့ နှစ်သက်ရာစားသောက်ဆိုင်ကို ရွေးချယ်ပြီး သုံးဆောင်လိုသော မီနူးကို Cart ထဲသို့ ထည့်သွင်းရပါမယ်။ တတိယအဆင့်အနေနဲ့ကတော့ ငွေပေးချေတဲ့နည်း လမ်းကိုရွေးချယ်ရမှာဖြစ်ပါတယ်။ Food Panda မှာအစားအသောက်တွေကိုပို့ဆောင်ပေးမယ့်အချိန်ကတော့ မနက် ၈ နာရီ ကနေ ည ၁၀ နာရီအထိပဲဖြစ်ပါတယ်။ ဘယ်လောက်ဖိုးပဲမှာမှာ ပို့ဆောင်ခအခမဲ့လည်းဖြစ်ပါတယ်။
ပထမဆုံးအနေဲ့ food panda app ကို Install လုပ်ရပါမယ်။ Register လုပ်ပြီးလို့ Current location ကို နှိပ်လိုက်တာနဲ့ အနီးအနားမှာရှိတဲ့ စားသောက်ဆိုင်လေးတွေကျလာမှာဖြစ်ပြီး မိမိစိတ်ကြိုက်အစားအစာတွေကို ရွေးချယ်မှာယူစား သောက်နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://web.facebook.com/JozrinFoodDelivery/

Jozrin Food Delivery Application
Jozrin Food Delivery Application ကတော့ လက်ရှိရန်ကုန်မြို့တွင်းမြို့နယ် ၁၉ မြို့နယ်အတွင်း Food Service Delivery ပြုလုပ်ပေးနေတဲ့ Application တစ်ခုလည်းဖြစ်ပါတယ်။ အချိန်တိကျမြန်ဆန်ပြီး သန့်ရှင်းအရသာရှိတဲ့ အစားအသောက်တွေ ပို့ဆောင်ပေးနေတဲ့ ဝန်ဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ မိမိဖုန်းထဲမှာအလွယ်တကူဆောင်ထားနိုင်ပြီး အသုံးပြုရလွယ်ကူ တဲ့ Mobile Application တစ်ခုလည်းဖြစ်ပါတယ်။
လတ်တလောအတွက် ရန်ကုန်မြို့တွင်းမှာယူစားသောက်လို့ရတဲ့ မြို့နယ်တွေကတော့ လသာ၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဒဂုံ၊ အလုံ၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပုဇွန်တောင်၊ မင်္ဂလာတောင်ညွှန့်၊ သုဝဏ၊ ဗဟန်း၊ စမ်းချောင်း၊ ကမာရွတ်၊ သင်္ယန်းကျွန်း၊ လှိုင်၊ တာမွေ၊ ကျောက်မြောင်း၊ ရန်ကင်း၊ တောင်ဥက္ကလာ စတဲ့မြို့နယ်တွေဖြစ်ပြီး နယ်မြို့များအနေဖြင့် ပဲခူး မြို့တွင်းမှာလည်းမှာယူစားသောက်နိုင်မှာလည်းဖြစ်ပါတယ်။ ပို့ဆောင်ခအနေနဲ့ကိုလည်း Application ထဲမှာဖော်ပြထားမှာ ဖြစ်ပါတယ်။
အရင်ဆုံး Jozrin Food Delivery App ကို Play Store ကနေ Install ပြုလုပ်ရပါမယ်။ ပြီးတာနဲ့ Facebook ဖြင့်အလွယ်တ ကူဝင်ရောက်နိုင်မှာဖြစ်ပြီး မိမိတည်နေရာကိုသိရှိဖို့အတွက် Location ကိုဖွင့်ထားရမှာပဲဖြစ်ပါတယ်။ မိမိတည်နေရာကို ရွေးချယ်ပြီးတာနဲ့ စားချင်တဲ့အစားအသောက်တွေကို စိတ်ကြိုက်ရွေးချယ်နိုင်မှာလည်းဖြစ်ပါတယ်။ ဈေးနှုန်းနဲ့ကျသင့်ငွေကို လည်း တစ်ပါတည်းတွေ့မြင်နိုင်မှာဖြစ်သလို Delivery အတွက်ကျသင့်ငွေကိုလည်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ မိမိ ဖုန်းနဲ့ပတ်ကို ရေးသွင်းပြီးအော်ဒါတင်ပြီးဖြစ်ပါတယ်။ ဖုန်းဆက်ပြီးဆက်သွယ်ချင်ရင်တော့ ဖုန်းနံပါတ် 09 698699599 ကို ဆက်သွယ်နိုင်ပါသေးတယ်။