ဘောလုံးဝါသနာရှင်များအတွက် Myanmar Goal ဘောလုံး Application စတင်မိတ်ဆက်

ဘောလုံးချစ်ပရိသတ်များအတွက် ရင်ခုန်ကံစမ်း ပွဲကြိုခန့်မှန်း ပြိုင်ပွဲအစီအစဉ်ကို ယူဆောင်လာခဲ့ပြီး နေ့စဉ် နောက်ဆုံးရ ဘောလုံးသတင်းများ၊ တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့် ပွဲစဉ်များ(Livescore)၊ ကမ္ဘာ့အကောင်းဆုံးလိဂ် ၆ ခု၏ ပွဲကြိုခန့်မှန်း ချက်များ၊ အကောင်းဆုံး အမှန်ဆုံးပွဲခန့်မှန်းချက်များ၊ ပွဲစဉ်ရလဒ်များ၊ ပွဲစဉ်ဇယားများ၊ ဆောင်းပါးများနှင့်စိတ်ဝင်စားဖွယ် ပွဲ စဉ်ဗီဒီယိုများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုနိုင်မည့် Myanmar Goal ဘောလုံး Application မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်နေ့တွင် ရန်ကုန်မြို့ City Star Hotel တွင်းကျင်းပခဲ့သည်။
Myanmar Goal ဘောလုံးဝန်ဆောင်မှုအနေဖြင့် ဘောလုံးသတင်းနှင့်ပွဲစဉ်ခန့်မှန်းချက်များ ဝန်ဆောင်မှုနယ်ပယ်ထဲတွင် ၁၅ နှစ်ကျော်ကြာ ရပ်တည်ခဲ့သော အတွေ့အကြုံကောင်းများကို နည်းပညာ၏ အားသာမှုများဖြင့်ပေါင်းစပ်ကာ Myanmar Goal ဘောလုံး Application အဖြစ်မိတ်ဆက်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။ Myanmar Goal ဘောလုံး Application ထဲတွင် အင်္ဂလိပ် ပရီးမီးယားလိဂ်၊ လာလီဂါ၊ ဘွန်ဒက်စလီဂါ၊ စီးရီးအေ၊ ချန်ပီယံလိဂ်နဲ့ ယူရိုလိဂ်ဖလားပွဲစဉ်များ၏ နေ့စဉ်ရလဒ်များ၊ တိကျမှန် ကန်သော ဘောလုံးသတင်းအစုံအလင်နှင့်ပွဲခန့်မှန်းချက်များကို မြန်မာဘာသာဖြင့်နေ့စဉ်ကြည့်ရှုနိုင်သည့်အပြင် နိုင်ငံတကာ ဘောလုံးပွဲစဉ်များကို အချိန်မရွေး၊ နေရာမရွေး အင်တာနက်ဖွင့်ကာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ Myanmar Goal ဘောလုံး Application ကို Google Play Store မှတစ်ဆင့် Install ပြုလုပ်ကာ မိမိဖုန်းနံပါတ်ဖြင့် စာရင်းသွင်းဝန်ဆောင်မှု ရယူအခမဲ့အသုံးပြုနိုင်မည်လည်းဖြစ်သည်။

Photo Source By Myanmar Tech Press

Myanmar Goal ဘောလုံးဝန်ဆောင်မှုအနေဖြင့် ယခင်ကဘောလုံးသတင်းနှင့်ပွဲစဉ်ခန့်မှန်းချက်များကို Myanmar Goal Website တွင် နေ့စဉ်တင်ဆက်ပေးခဲ့သလို SMS Link မှ ပေးပို့ဝန်ဆောင်မှုပေးခဲ့ရာတွင်လည်း ဘောလုံးချစ်ပရိသတ်များ၏ ၁၅ နှစ်တိုင်တိုင် ရပ်တည်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ယခုအခါ မိုဘိုင်းလ်ဖုန်းအသုံးပြုမှုများပြားလာသည်နှင့်အမျှ နေ့စဉ် နောက်ဆုံးရဘောလုံးသတင်းများ၊ တိုက်ရိုက်ထုတ်လွှင့်ပြသနေသည့်ပွဲစဉ်များ၊ ကမ္ဘာ့အကောင်းဆုံးလိဂ် ၆ ခု၏ ပွဲကြိုခန့်မှန်း ချက်များ၊ အကောင်းဆုံးအမှန်ဆုံး လေးပွဲခန့်မှန်းချက်များ၊ ပွဲစဉ်ရလဒ်များ၊ ပွဲစဉ်ဇယားများ၊ ဆောင်းပါးများနှင့်စိတ်ဝင်စားဖွယ် ပွဲစဉ်ဗီဒီယိုများကို မိုဘိုင်းလ်ဖုန်းပေါ်တွင် အလွယ်တကူကြည့်ရှုနိုင်အောင် Myanmar Goal ဘောလုံး Application အဖြစ် ထုတ်လုပ်လိုက်ခြင်းဖြစ်သည်။ အင်တာနက်အသုံးပြုနိုင်သော မိုဘိုင်းလ်ဖုန်းများနှင့်တက်ဘလက်များထဲတွင် Myanmar Goal ဘောလုံး Application ကို ဒေါင်းလုတ်လုပ်ကာ ထည့်သွင်းထားရုံနှင့် နိုင်ငံတကာနှင့်ပတ်သက်သမျှ နေ့စဉ်သတင်းအစုံ အလင်အပြင် ပွဲကြိုခန့်မှန်းချက်များ၊ ပွဲပြီးသုံးသပ်ချက်များ၊ ရလဒ်များ၊ ပွဲစဉ်များအကြောင်းကို တစ်နေရာတည်းတွင် ပြီးပြည့် စုံစွာသိရှိနိုင်သည့်အပြင် ပွဲစဉ်ဗီဒီယိုများကိုလည်း မိမိစိတ်ကြိုက် ရွေးချယ်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
“မြန်မာဂိုးကတော့ ၂၀၀၄ ခုနှစ်ကနေ စပြီးတော့ ၁၅ နှစ်ကျော်လုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ စလုပ်ခဲ့တဲ့အချိန်တုန်း ကတော့ ဘောလုံးသတင်းနဲ့ ပွဲစဉ်ခန့်မှန်းချက်တွေကို အထိကထားပြီး SMS Link တွေနဲ့ ဘောလုံးဝါသနာရှင်တွေအတွက် Additional News အနေနဲ့ပို့ပေးထားပါတယ်။ Myanmar Goal Application ကိုတော့ အခုအချိန်မှာ Play Store ကနေ Free Download ဆွဲနိုင်ပြီး Package ဝယ်သုံးရတာတွေ မရှိသေးပါဘူး ဖုန်းနံပါတ်နဲ့ Register လုပ်ပြီး အသုံးပြုလို့ရပါပြီ။ ဘောလုံးဝါသနာရှင်တွေအနေနဲ့ ပွဲစဉ်တွေကို Page တွေမှဦ လိုက်ကြည့်နေရတဲ့ အတွက် တစ်ခုတစ်စည်းထဲ ဖြစ်သွားအောင် ကျွန်တော်တို့ကစုပေးလိုက်တာပါ။ အတတ်နိုင်ဆုံး သတင်းတွေကို စုံစုံလင်လင်ဖြစ်အောင် update ဖြစ်အောင် ဦးစားပေးစီစဉ်ပေးထားပါတယ်။ ” လို့ Myanmar Goal ရဲ့ Marketing Manager ဖြစ်သူ ကိုခင်လတ်မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

“Myanmar Goal မှာတော့ ကျွန်တော်အပါအဝင် သတင်းရေးတဲ့သူ စုစုပေါင်း ၆ ယောက်ရှိပါတယ်။ တစ်နေ့ကို ပျမ်းမျှ အားဖြင့်တော့ အနည်းဆုံး ၁၄ ပုဒ်လောက်တင်ပေးပါတယ်။ တစ်ခါတစ်လေကျရင်တော့ ပွဲအခြေအနေ ပေါ်မူတည်ပြီး များပါတယ်။ Application ကနေ ပွဲစဉ်တွေ ဆောင်းပါးတွေကို ကြည့်ရှုနိုင်ပြီးတော့ Application ကနေပြုလုပ်ထားပေးတဲ့ ပြိုင်ပွဲလေးတစ်ခုလဲ ရှိပါတယ်။ ပြိုင်ပွဲအတွက်ကတော့ Application ကို Download ဆွဲ register လုပ်ပြီးတာနဲ့ ခန့်မှန်းဆိုတဲ့နေရာမှာ ဘောလုံးပွဲစဉ်တွေကို ခန့်မှန်းနိုင်မှာ ဖြစ်ပါတယ်။ အကောင်းဆုံး ၃ ပွဲကို ရွေးချယ်ပေးထားပြီးတော့ အနိုင်ဂိုးတွေကို ခန့်မှန်းပေးလိုက်တာနဲ့ ပြိုင်ပွဲဝင်ပြီးသား ဖြစ်သွားပါပြီ။ ဆုပေးတဲ့ပုံစံကိုတော့ မဲနှိုက်တဲ့ပုံစံနဲ့ ရွေးချယ်ပေးသွားဦးမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ပွဲစဉ်သုံးခုလုံးကို မှန်အောင်ဖြေဆိုနိုင်တဲ့သူကို ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ ပထမဆုအနေနဲ့ ဆုကြေးငွေ ၅ သောင်း၊ ဒုတိယဆု အနေနဲ့ ဆုကြေးငွေ ၃သောင်းနဲ့ တတိယဆုအနေနဲ့ ဆုကြေးငွေ ၂သောင်း ဆိုပြီး သတ်မှတ်ထားပါတယ်။ ဘယ်သူမှအဖြေမမှန်တဲ့ အပတ်လဲရှိလာဦးမှာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် ဆုကြေးငွေကိုလည်း နောက်တစ်ပတ်မှာ ထပ်ပေါင်းပြီးတော့ ပထမ၊ ဒုတိယ၊ တတိယ ပြန်ပြီး ခွဲဝေ ပေးသွားမှာ ဖြစ်ပါတယ်” ဟု Myanmar Goal ရဲ့ Assistance Editor ဖြစ်သူ ကိုကောင်းထက်က ပြောကြားသည်။
Application ရဲ့ ခန့်မှန်းနေရာမှာ ပွဲစဉ်အနိုင်အရှုံးကိုခန့်မှန်းနိုင်ပြီး ဘောလုံးပွဲစဉ်ခန့်မှန်းချက်များကိုလည်း ဖတ်ရှု နိုင်ပါသည်။ Live တွင် ပွဲစဉ်အခြေအနေများကို ကြည့်ရှုနိုင်ပြီး သတင်းများတွင် လတ်တစ်လောဖြစ်ပေါ်နေသော ဘောလုံးနှင့် သက်ဆိုင်သော သတင်းများကို ဖတ်ရှုနိုင်နိုင်ပါသည်။ ဗီလင့်ခ် တွင် ဘောလုံးဗီဒီယိုများနှင့် သက်ဆိုင်သော ဗီဒီယိုများကို ကြည့်ရှနိုင်ပါသည်။ Application တွင် မိမိကြိုက်နှစ်သက်သော ဘောလုံးအသင်းကိုလည်း Favorite List တွင်ထည့်ထား နိုင်ပါသေးသည်။

Photo Source By Myanmar Tech Press

လက်ရှိတွင် ဘောလုံးဝန်ဆောင်မှုအနေဖြင့် ရင်ခုန်ကံစမ်းပွဲကြိုခန့်မှန်း ပြိုင်ပွဲအစီအစဉ်ကို Myanmar Goal မှ ကြီးမှူးကာ အ ပတ်စဉ်ကျင်းပပြုလုပ်ပေးသွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်လိုသူများအနေဖြင့် Myanmar Goal ဘောလုံး Application ၏ ခန့်မှန်းစာမျက်နှာရှိ ခန့်မှန်းပြိုင်ပွဲကိုနိုပ်ကာ အပတ်စဉ်ဖော်ပြပေးထားတဲ့ ပွဲစဉ်တွေရဲ့ ဂိုးရလဒ်များကို မှန်ကန်အောင်ခန့်မှန်း ဖြေဆိုရမည်ဖြစ်သည်။ အပတ်စဉ်ပွဲကြိုခန့်မှန်းပြိုင်ပွဲတွင် အဖြေများကို မှန်ကန်စွာ ဖြေဆိုနိုင်သူများထဲမှ သုံးဦးကိုမဲနှိုက်ရွေး ချယ်ကာ ပထမဆုငွေကျပ်ငါးသောင်း၊ ဒုတိယဆုငွေကျပ်သုံးသောင်းနှင့်တတိယဆု ငွေကျပ်နှစ်သောင်းတို့ကို အပတ်စဉ်ချီး မြှင့်ပေးသွားမည်လည်းဖြစ်သည်။ Myanmar Goal App ကိုအောက်ပါ Link မှ Install ပြုလုပ်နိုင်ပါသည်။

https://myanmargoal.com/

https://play.google.com/store/apps/details?id=com.etm.mgoal