CarDB Website မှကြီးမှူးကာ CarDB SUV Show 2019 ကားအရောင်းပြပွဲကျင်းပမည်

မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကားအရောင်းအဝယ် Website ဖြစ်သော CarDB Website မှကြီးမှူးကာ SUV အမျိုးအစား မော်တော်ယာဉ်သီးသန့်ပြပွဲကြီးကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ရန်ကုန်မြို့ရှိ Novotel Hotel တွင် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြပွဲနှင့်ပတ်သက်၍လည်း မီဒီယာများနှင့်သတင်းစာရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ Novetel Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

အဆိုပါပြပွဲကို ကျင်းပရခြင်းရည်ရွယ်ချက်မှာလည်း ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ကားနှင့်ဆက်စပ်သည့် လုပ်ငန်းများ၊ မော်တော်ယာဉ်အရစ်ကျဝယ်ယူနိုင်သော ဘဏ်နှင့်အာမခံလုပ်ငန်းများမှတဆင့် ဈေးကွက်အတွင်းရှိ မိမိလိုအပ် သောမော်တော်ယာဉ်နှင့်သက်ဆိုင်သော ဝန်ဆောင်မှုအမျိုးမျိုးကို ပြည်သူများတစ်နေရာတည်းတွင် စိတ်ကြိုက်ဝယ်ယူနိုင်ရန် အတွက် အခွင့်အလမ်းတစ်ရပ်ဖန်တီးပေးခြင်းအားဖြင့် မြန်မာနိုင်ငံရှိမော်တော်ယာဉ်လုပ်ငန်းစုကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
ပြပွဲတွင်ထည့်သွင်းပြသရောင်းချသွားမည့် SUV အမျိုးအစားကားများမှာ BMW ၏ X1 နှင့် X2၊ GAC ၏ GS 5၊ GS 7 နှင့် GS 8၊ Hyundai ၏ Creta နှင့် Tuscon၊ JLR ၏ Jaguar F Pace၊ Land Rover All New Discovery နှင့် Range Rover All New Evoque၊ Toyota ၏ Rush နှင့် Fortuner၊ Volvo ၏ XC40၊ XC 60၊ XC 90 စသည့်ကားအမျိုးအစားများပါဝင်ပြသ ရောင်းချသွားမည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/CarsDB/

“အရင်တုန်းကလည်း ရန်ကုန်နဲ့မန္တလေးမြို့တွေမှာ ကားအရောင်းပြပွဲတွေပြုလုပ်ခဲ့ပြီးပါပြီ။ အဲ့ဒီပွဲတွေမှာလည်း ကားအစီးရေ များစွာရောင်းချရပြီး အမေရိကန်ဒေါ်လာသန်းချီရရှိခဲ့ပါတယ်။ ခုပြုလုပ်ကျင်းပမယ့်အရောင်းပြပွဲဟာလည်း ကားချစ်သူတွေအ တွက်စိတ်ဝင်စားစရာအကောင်းဆုံးနေရာတစ်ခုပါပဲ” ဟု CarDB မှ Operation Manager ဦးမျိုးသီဟ ကပြောကြားသည်။
အဆိုပါပြပွဲတွင် မော်တော်ယာဉ်ပစ္စည်းရောင်းချသောဆိုင်များ၊ မော်တော်ယာဉ်နှင့်ဆက်စပ်သော ဝန်ဆောင်မှုအမျိုးမျိုးကို ဆောင်ရွက်ပေးသောလုပ်ငန်းများလည်းပါဝင်ပြသသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးကြသူများအတွက် ပျော်ရွှင် ဖွယ်ရာ Lucky Draw အစီများထည့်သွင်းပြုလုပ်သွားမည်လည်းဖြစ်သည်။ ထို့အပြင် ပြပွဲကျင်းပသည့် ပထမနေ့ညနေပိုင်း တွင် အစားအသောက်အစီအစဉ်များနှင့်အတူ Live Music Band တို့ဖြင့်ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး VIP Session အ စီအစဉ်များလည်းထည့်သွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါအရောင်းပြပွဲကို The Offical Sponsor အဖြစ် AYA Bank မှပူးပါင်းပါဝင်ပံ့ပိုးသွားမည်ဖြစ်ပြီး ပြပွဲတွင် Wine Supporting Parter အဖြစ် The Wine House Myanmar မှလည်းကောင်း Media Partner အဖြစ် Redline Media မှ လည်းကောင်းပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/CarsDB/

CarDB ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် မော်တော်ယာဉ်ရောင်းသူနှင့်ဝယ်သူများကို Online မှတဆင့် တိုက်ရိုက် ချိတ်ဆက်ပေးသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော Portal ကြီးတစ်ခုအဖြစ်စတင်ခဲ့ပြီး ယခုအချိန်တွင် အမျိုးအစားစုံလင်လှ သော မော်တော်ယာဉ်ပေါင်း နှစ်သောင်းဝန်းကျင်ကို CarDB တွင်လစဉ်လတိုင်းရောင်းရန်ရှိနေပြီဖြစ်သည်။ ထို့အပြင် CarDB Website နှင့်ဖုန်း Application တို့ကို လစဉ်အသုံးပြုသူသုံးသိန်းမှ အကြိမ်ရေပေါင်း ၁၀ သန်းကျော်စိတ်ဝင်တစားဝင်ရောက် ကြည့်ရှုလျက်ရှိနေပြီး ကားချစ်သူများလည်ပတ်ရာနေရာတစ်ခုလည်းဖြစ်သည်။
CarDB သည် ကားရောင်းဝယ်ရာနေရာတစ်ခုဖြစ်သည့်အပြင် ကားနှင့်ပတ်သက်သောဆက်စပ်ပစ္စည်းများ၊ ပြည်တွင်းလမ်း ပန်းဆက်သွယ်ရေးနှင့်မော်တော်ယာဉ်သတင်းများ၊ သုံးသပ်ချက်များ၊ ဆောင်းပါးများ၊ အသိပေးမှုများ၊ ကားလမ်းညွှန်နှင့်အ ခွန်နှင့်သက်ဆိုင်သောသတင်းများကို ပုံမှန်တင်ဆက်ပေးမှုများကို ပြုလုပ်ပေးလျက်ရှိပြီး မြန်မာပြည်ရှိ အကြီးမားဆုံးမော် တော်ယာဉ်ပြပွဲများကို စီစဉ်ကျင်းပပေးလျက်ရှိကြောင်းလည်းသိရသည်။