Mitsubishi Motors မှ ဂျပန်နည်းပညာဖြင့်ထုတ်လုပ်ထားသော New ASX Model ကားအမျိုးအစား စတင်မိတ်ဆက်

Mitsubishi Motors မှ ဂျပန်နည်းပညာဖြင့် ထုတ်လုပ်ထားသော New ASX Model ကားအမျိုးအစားစတင်မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၃၀ ရက်တွင် ရန်ကုန်မြို့ Pan Pacific Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပွဲတွင် New ASX Model ကားအမျိုးအစား၏ လုပ်ဆောင်ချက်အသေးစိတ်အချက်အလက်များကိုရှင်းလင်းပြောကြား ခဲ့သည်။ New ASX Model ကားအမျိုးအစားသည် ဂျပန်နိုင်ငံမှတိုက်ရိုက်တင်သွင်းလာသော ကားများဖြစ်ပြီး လက်ရှိဈေးနှုန်း မှာ ဒေါ်လာ ၄၂၉၀၀ ကျသင့်မည်ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များတွင် Car Showroom များဖွင့်လှစ်ရောင်းချ လျက်ရှိကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/mitsubishimotorsmyanmar/

“မြန်မာနိုင်ငံမှာ ပထမတန်းစားကားသစ်တစ်စီး ပိုင်ဆိုင်ထားရတဲ့အတွေ့အကြုံကို ကျွန်တော်တို့ရဲ့ Customers တွေဆီကို ယူဆောင်လာမှာဖြစ်ပြီး Mitsubishi Motors မိသားစုအဖွဲ့အစည်းများမှာ ပါဝင်လာဖို့ ကားချစ်သူမြောက်မြားစွာကို ကြိုဆို ဖိတ်ခေါ်သွားမှာပါ။ လက်ရှိဝန်ဆောင်မှုတွေသာမကပဲ နောက်လာမယ့် ကျွန်တော်တို့ရဲ့ Model ကိုပါ အဆင့်မြှင့်တင်ပေးသွား မှာပါ။ မြန်မာနိုင်ငံမှာ Mitsubishi ပြန်လည်ဆန်းသစ်ခြင်းရှေ့ပြေးအနေနဲ့ ပထမဆုံးခြေလှမ်းကတော့ ၆ လအတွင်းမှာ မြန်မာ နိုင်ငံဈေးကွက်ထဲကို ကျွန်တော်တို့ Model အသစ်သုံးမျိုးနဲ့မိတ်ဆက်ပေးသွားမှာပါ။ မြန်မာနိုင်ငံက ကားချစ်သူတွေကို ပျော် ရွင်ကျေနပ်ဖွယ်ရာ စံချိန်စံညွှန်းတွေပေးစွမ်းချင်တဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်နဲ့အတူ သင့်တင့်မျှတတဲ့ ဈေးနှုန်းတစ်ခုနဲ့ရ ရှိနိုင်မယ့် Mitsubishi Motors ရဲ့ စိတ်လှုပ်ရှာစရာကောင်းခြင်း၊ ယုံကြည့်အားထားရခြင်း၊ ဆန်းသစ်ပြောင်းလဲခြင်းနဲ့ ပတ်ဝန်း ကျင်ညစ်ညမ်းမှုမရှိခြင်း စတဲ့လက္ခဏာရပ်တွေကို ဒီ Models သုံးမျိုးစလုံးက ဖော်ဆောင်ပြသပေးသွားမှာပါ။ ကျွန်တော်တို့ရဲ့ ဒီ Models တွေဟာ Dynamic Shield လို့ခေါ်တဲ့ ရောနှောပေါင်းစပ်ထားတဲ့ ဒီဇိုင်းအသစ်တစ်ခုက ကြံကြံခိုင်ပြီး အင်အားကြီး မားတဲ့ပုံရိပ်တစ်ခုကို ကားမောင်းသူတွေထံပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်။ ပိုအရေးကြီးတာက သူရဲ့ရှေ့ခေတ်ပြေးနေတဲ့ နည်းပညာတွေ၊ လုံခြုံစိတ်ချရတဲ့လက္ခဏာရပ်တွေနဲ့ သက်တောင့်သက်သာဖြစ်မှုတွေကြောင့် Models အသစ်တွေဟာ ကား မောင်းသူတွေရဲ့ စွန့်စားချင်တဲ့စိတ်ဆန္ဒတွေကို ပိုမိုကြီးမားလာစေမှာပါ။ ဒါကို Mitsubishi Mortors ရဲ့ခေတ်သသစ်တစ်ခုအ ဖြစ်နဲ့ မြန်မာနိုင်ငံက ကားချစ်သူတွေထံ ယူဆောင်လာပေးမှာဖြစ်ပါတယ်” ဟု Mitsubishi Motors မှ Managing Director Mr.Kawamoto ကပြောကြားသည်။

Photo Source – https://www.facebook.com/mitsubishimotorsmyanmar/
“RVR လို့ လူသိများတဲ့ ဒီကားရဲ့ ရှေ့က Model ကိုလည်း မြန်မာနိုင်ငံက ကြိုက်နှစ်သက်ကြတဲ့အတွက် ဂျပန်နိုင်ငံက အစီး ရေထောင်နဲ့ချီကာ တင်ပို့ထားခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအောင်မြင်တဲ့ Model ကို မိတ်ဆက်ခွင့်ရတဲ့အတွက် အတိုင်းမ သိဝမ်းမြောက်မိပါတယ်။ အရင် Model က အောင်မြင်မှုရခဲ့သလို အခု Model အသစ်ဖြစ်တဲ့ ASX Model ကလည်း ဈေး ကွက်ထဲမှာ အားရကျေနပ်စေနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်။ ASX Model အသစ်ဟာ နူးညံညင်သာပြီး မြို့ပြ နဲ့လိုက်လျှောညီထွေမှုရှိသလို ကြံကြံခံနိုင်ပြီး အင်အားကြီးမားတဲ့ ပုံရိပ်တစ်ခုကိုပေးစွမ်းဖို့ Dynamic shield ကိုထည့်သွင်း ထားတဲ့ Impact နဲ့ Impulse ဆိုတဲ့ ကိုယ်ပိုင်ဒီဇိုင်းကို SUV အဖြစ်ဆန်းသစ်ပြောင်းလဲထားတာပါ။ အဆင့်မြှင့်တင်ထားတဲ့ Design တွေနဲ့ ထူးခြားမှုတွေရှိတဲ့ New ASX Model ကို မြန်မာနိုင်ငံဈေးကွက်က လက်သင့်ခံလိမ့်မယ်လို့ ကျွန်တော်တို့ယုံ ကြည်ပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ရဲ့ New ASX Model ကားအမျိုးအစားတွေဟာ ဂျပန်နိုင်ငံကနေတိုက်ရိုက်တင်သွင်းတာဖြစ်ပါတယ်။ ဒီ ရောက်မှ ပြန်လည်တပ်ဆင်တာမျိုးမဟုတ်ပါဘူး။ ကားချစ်သူတွေ အသုံးပြုသူတွေအတွက် သက်တောင့်သက်သာရှိစေသလို အလိုအလျောက်စနစ်တွေပါဝင်တဲ့အတွက် အမျိုးသား၊ အမျိုးသမီး တွေတိုင်းမောင်းနှင်ရတာအဆင်ပြေစေမှာလည်းဖြစ်ပါ တယ်။ ကား Showroom နဲ့ Service တွေကိုလည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့တွေမှာ ဖွင့်လှစ်ထားပြီးလည်းဖြစ် ပါတယ်”ဟု Mitsubishi Motors မှ ကိုကျော်မြတ်သူက ပြောကြားသည်။

Photo Source – https://www.facebook.com/mitsubishimotorsmyanmar/

Mitsubishi Motors သည် ၁၉၁၇ ခုနှစ်တွင် ပထမဆုံး Model ကိုထုတ်လုပ်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော်သမိုင်းကျော်ရှိပြီးဖြစ် ကာ ရှေးအကျဆုံး ကား Brand တစ်ခုလည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော Renault-Nissan Alliance တွင်ပါ ဝင်ခဲ့ပြီးနောက် Mitsubishi Motors သည် အကြီးဆုံး Automotive ထုတ်လုပ်ရေးအုပ်စုထဲတွင် တစ်ခုအပါအဝင်ဖြစ်ခဲ့ ကြောင်းလည်းသိရသည်။