မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲမှ စကာတင်ပြိုင်ပွဲဝင် အဖွဲ့(၁၀) ဖွဲ့ကို သြဂုတ်လကုန်တွေ ကြေညာမည်

ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲမှ နောက်ဆုံးယဉ်ပြိုင်မည့် စကာတင်ပြိုင်ပွဲဝင်အဖွဲ့ (၁၀) ဖွဲ့ကို ယခုလအကုန်တွင် ကြေညာသွားမည်ဖြစ်ကြောင်းပြီး လက်တွေ့သရုပ်ပြယှဉ်ပြိုင်ခြင်းနှင့် ဆုရွေးချယ်ပေးအပ်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို လည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားစီးပွားရေးလုပ်ငန်းများ စသဖြင့် ကြိုက်နှစ်သက်ရာကဏ္ဍအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင် Solutions များကို Windows၊ Linux၊ Android၊ iOS နှင့် အခြားသင့်လျော်သည့် OS များအသုံးပြုကာ အင်္ဂလိပ် ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ ရေးသားနိုင်ကြောင်းလည်းသိရသည်။
Cloud နှင့် AI နည်းပညာပြိုင်ပွဲဖြစ်သည့် Myanmar National Cloud & AI Contest ကို နည်းပညာနယ်ပယ်တွင် အလားအလာရှိသူများ မွေးထုတ်ရန်နှင့်မြန်မာနိုင်ငံကို AI ကမ္ဘာနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပခြင်းဖြစ်ပြီး အဆိုပါပြိုင်ပွဲကို Huawei Myanmar ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံပါမောက္ခချုပ်များ ကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပညာရေးဝန်ကြီးဌာနမှသုတေသနနှင့်ဆန်းသစ်တီထွင်မှု ဦးစီးဌာနတို့ ပူးပေါင်း ကျင်းပခြင်းလည်းဖြစ်သည်။

Photo Source By Myanmar Tech Press

အဆိုပါပြိုင်ပွဲကို ဇူလိုင်လမှ စက်တင်ဘာလအထိ ကျင်းပသွားမည်ဖြစ်ရာ စာရင်းပေးသွင်းရမည့်ကာလကို ဇူလိုင် ၅ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြိုင်ပွဲဝင် Cloud နဲ့ AI နည်းပညာ Solutions ပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။ Myanmar National Cloud & AI Contest ပြိုင်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်တွင်းမှ CDSG၊ CMHL၊ IKBZ၊ ၊ MIT၊ VANGUARD နှင့် Information Matrix စသည့် စီးပွားရေးလုပ်ငန်းကြီးများကလည်း အားဖြည့်ကူညီပေးထားခြင်းလည်းဖြစ်သည်။
“ဒီနေ့ခေတ် စီးပွားရေးလုပ်ငန်းအများစုဟာ AI နဲ့ Cloud နည်းပညာကြောင့် ပိုပြီးဖွံ့ဖြိုးတိုးတက်လာကြပါတယ်။ ဒီနောက် ဆုံးပေါ်နည်းပညာတွေက စီးပွားရေးလုပ်ငန်းနယ်ပယ်အသီးသီးရဲ့ လုပ်ငန်းလည်ပတ်နိုင်မှုနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေး နိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေနဲ့ လူအဖွဲ့အစည်းအတွက် အဓိကဝန်ဆောင်မှုလုပ်ငန်းတွေမှာ ဖွံ့ဖြိုးတိုးတက်မှုနဲ့အလို အလျောက် လုပ်ငန်းလည်ပတ်နိုင်မှုစွမ်းရည်တွေ ပိုပြီးအားကောင်းလာစေဖို့ AI နည်းပညာကို ပိုပြီးမှီခိုလာလိမ့်မယ်လို့ AI နဲ့ Machine Learning နည်းပညာကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။ ကမ္ဘာ့ဦးဆောင် ICT ကုမ္ပဏီတစ်ခုဖြစ်တာနဲ့ အညီ Huawei က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ ပူးပေါင်းပြီး AI နဲ့ cloud နည်းပညာ မျိုးဆက်သစ်တွေကို မြေ တောင်မြှောက်ပေးသွားမှာပါ။ အတူတကွပူးပေါင်းဆောင်ရွက်ခြင်းကနေ Huawei ရဲ့ ကတိကဝတ်ဖြစ်တဲ့ အပြည့်အဝ ချိတ်ဆက်ပြီး အသိဉာဏ်မြင့်ကမ္ဘာကြီးတည်ဆောက်ရေးဆိုတာနဲ့အညီ မြန်မာနိုင်ငံရဲ့ ICT ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီပြိုင်ပွဲက အကျိုးသက်ရောက်မှုကောင်းတွေပေးစွမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု Huawei Myanmar ၏ CEO ဖြစ်သူ Mr. Ding Zhaoyi က ပြောကြားသည်။

Photo Source – https://www.facebook.com/huaweitechmm/

ယခုပြိုင်ပွဲမှ နည်းပညာအလားအလာရှိသူများကို မွေးထုတ်ပေးခြင်းဖြင့် မြန်မာ့သတင်းအချက်အလက်နှင့်ဆက်သွယ်ရေး နည်းပညာ (ICT) ကဏ္ဍကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး နောက်ဆုံးပေါ် နည်းပညာသစ်များဖြစ်သည့် IoT၊ 5G၊ cloud နှင့် AI တို့ကြောင့် ကမ္ဘာအဝန်းရှိ အစိုးရဌာနများနှင့် စီးပွားရေးလုပ်ငန်းများ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများ ပိုမိုလျင်မြန်လာ မည်လည်းဖြစ်သည်။
“မြန်မာနိုင်ငံရဲ့ ပထမဆုံးသော Cloud နဲ့ AI နည်းပညာပြိုင်ပွဲကို ပူးပေါင်းစီစဉ်ကျင်းပခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေ နဲ့လည်း တကယ်ပဲစိတ်လှုပ်ရှားပါတယ်။ ဒီပြိုင်ပွဲဟာ အနာဂတ် ICT ကဏ္ဍကို ပိုပြီးတောက်ပြောင်စေမဲ့ လမ်းကြောင်းတစ် ခုဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်။ ၂၀၁၇ ခုနှစ်ကစပြီး၊ ပါမောက္ခချုပ်များကော်မတီက Huawei နဲ့ပူးပေါင်းပြီး၊ အလား အလာရှိတဲ့ ICT ပညာရှင်ကျောင်းသားကျောင်းသူတွေ မွေးထုတ်ပေးဖို့ ဆောင်ရွက်နေတဲ့အစီအစဉ်တွေလည်း ရှိပါတယ်။ မြန်မာနိုင်ငံကို AI လောကနဲ့ ပေါင်းကူးပေးမယ့် အခုလိုမျိုးပြိုင်ပွဲကို Huawei နဲ့ တကွ အခြားသောမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ကျင်းပပေးနိုင်တဲ့အတွက် ဝမ်းမြောက်မိပါတယ်” ဟု မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီဥက္ကဌဖြစ်သူ ဒေါက် တာဇော်ဝေစိုးက ပြောကြားသည်။
Myanmar National Cloud & AI Contest နှင့် ပတ်သက်၍ ပိုမိုပြည့်စုံစွာ သိရှိလိုပါက Huawei Myanmar Facebookစာမျက်နှာ https://www.facebook.com/huaweitechmm/၊  တို့တွင် ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပြီး အီးမေးလ် myanmarcloud@huawei.com သို့လည်း ဆက်သွယ်မေးမြန်းနိုင် ကြောင်း သိရသည်။