KBZPay မှ ချိတ်ဆက်ပေါင်းစည်းမှုများကို အဓိကထားသော ပထမဆုံးအကြိမ် ကမ်ပိန်းကျင်းပပြုလုပ်မည်

KBZPay မှ ချိတ်ဆက်ပေါင်းစည်းမှုများကို အဓိကထားသည့် ပထမဆုံးအကြိမ် တစ်နိုင်ငံလုံးဆိုင်ရာ ကမ်ပိန်းအားကျင်းပပြု လုပ်သွားမည်ဖြစ်ပြီး ကမ်ပိန်းအထိမ်းအမှတ်အနေဖြင့် ချိတ်ဆက်ပေါင်းစည်းခြင်းသင်္ကေတအဖြစ် ဆောင်ရွက်ပုံဖော်ရိုက်ကူး ထားသော ကြော်ငြာဇတ်လမ်းများအား ရုပ်မြင်သံကြားနှင့် အွန်လိုင်းရုပ်သံလိုင်းများတွင် ထုတ်လွှင့်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

Photo Source By Myanmar Tech Press

အဆိုပါ ကမ်ပိန်းပြုလုပ်မည့်ရည်ရွယ်ချက်မှာလည်း KBZPay မှ မြန်မာနိုင်ငံ၏ ထိပ်တန်းမိုဘိုင်းပိုက်ဆံအိတ်အသုံးပြုခြင်းနှင့် ရရှိသောအကျိုးကျေးဇူးများကို နိုင်ငံတစ်ဝန်းမှပြည်သူများသတိပြုမိလာစေရန်နှင့် အထူးသဖြင့်လူတစ်ဦးနှင့်တစ်ဦး၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေများနှင့် စီးပွားရေးလုပ်ငန်းများအကြား ချိတ်ဆက်ပေါင်းစည်းမှု ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ တစ်နိုင် ငံလုံးအတိုင်းအတာအနေဖြင့် ကမ်ပိန်းတစ်ခုကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကမ်ပိန်းနှင့်ဆက်စပ်၍ လည်း ၂၀၁၉ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် Media Experience အားကျင်းပပြုလုပ်ခဲ့သည်။

Photo Source By Myanmar Tech Press

“KBZPay က ဘဏ်ခွဲတွေရဲ့ အပြင်ဘက်အထိ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်အောင် ဖန်တီးပေးပြီး အားလုံးအသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတွေရရှိနိုင်အောင်နဲ့ အဲ့ဒီဝန်ဆောင်မှုတွေကနေ ပြည်သူတွေရဲ့ဘဝကိုမြှင့်တင်ပေးနိုင်အောင် စွမ်းဆောင်ပေးမယ့် ကျွန်တော်တို့ရဲ့နည်းပညာသော့ချက်တစ်ခုပါပဲ။ KBZPay ရဲ့လုပ်ဆောင်ချက်အဆင့်ဆင့်မှာ အသုံးပြုသူ တွေ၊ ဈေးဆိုင်ပိုင်ရှင်တွေနဲ့ ကိုယ်စားလှယ်တွေအပါအဝင် ဘဏ်တွေကိုပါ အစိတ်အပိုင်းတစ်ခုအနေနဲ့ ချိတ်ဆက်အသုံးပြုစေ ပြီး စီးပွားရေးစနစ်အကူးအပြောင်းကာလမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ အားလုံးပေါင်းစည်းပါဝင်နိုင်အောင် လုပ်ကိုင်ပေး လျက်ရှိပါတယ်”ဟု KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို ကပြောကြားသည်။
“အရင်နှစ်ကစပြီး KBZPay ဟာ မြန်မာနိုင်ငံမှာရှိတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေကို ငွေကြေးဆိုင်ရာနဲ့ Digital စီးပွား ရေးစနစ်မှာပါဝင်လာပြီး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်ပေါင်းစည်းပေးတဲ့သင်္ကေတအနေနဲ့ ရှိပေးခဲ့ပါတယ်။ ဒီတွန်းအားတွေ ကြောင့်ပဲ မြန်မာနိုင်ငံက လူတစ်ဦးနဲ့တစ်ဦး၊ မိသားစု၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအကြား KBZPay က ဘယ်လိုမျိုးချိတ်ဆက်ပေါင်းစည်းပေးနိုင်ခဲ့တယ်ဆိုတဲ့အကြောင်း ဘဝအတွေ့အကြုံပေါင်းများစွာကို တင်ဆက်ပြသပေးနိုင် မယ့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကမ်ပိန်းတစ်ခုကို စတင်ဖြစ်ခဲ့တာပါ”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Photo Source By Myanmar Tech Press

KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို နေ့စဉ်ဘဝတွင် ရယူအသုံးပြုလျက်ရှိသည့် ဇတ်ကောင်များအကြား အပြန်အလှန်ချိတ်ဆက် ထားမှုများအပေါ်မူတည်ပြီး ရိုက်ကူးပုံဖော်ထားသည့် အပိုင်းသုံးပိုင်းပါ ကြော်ငြာဇတ်လမ်းတွဲတစ်ခုကို KBZPay မှထုတ်လွှင့်ပြ သသွားမည်လည်းဖြစ်သည်။ အဆိုပါဇတ်လမ်းတွဲတွင် KBZPay အသုံးပြုသူများမှ စီးပွားရေးလုပ်ငန်းများအပါအဝင် လူတစ်ဦး နှင့်တစ်ဦးအကြား KBZPay ဖြင့်ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များပြုလုပ်ကာ ချိတ်ဆက်ပြီးသည့်အချိန်တွင် ခံစားရသည့် ပျော်ရွှင်ကြည့်နှုးမှုကို ပေါ်လွင်စေရန် ရိုက်ကူးထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
“မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေအားလုံးလက်လှမ်းမီတဲ့ ငွေကြေးဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ အရမ်းကိုအရေးကြီး တယ်လို့ ဖွေးယုံကြည်ထားပါတယ်။ ဒါကြောင့် KBZPay နဲ့အခုလို လက်တွဲအလုပ်လုပ်ခွင့်ရတာ ဖွေးအတွက်အရမ်းကောင်း တဲ့ အတွေ့အကြုံတစ်ခုပါ။ KBZPay က ကိုယ့်လက်ထဲမှာရှိတဲ့ ဖုန်းနဲ့တင်နေ့တိုင်းငွေကြေးဝန်ဆောင်မှုတွေရယူပြီး ကိုယ်ချစ် ခင်ရသူတွေနဲ့ ချိတ်ဆက်ပေါင်းစည်းပေးနိုင်တယ်ဆိုတော့ ဖွေးရဲ့ဗီဒီယိုလေးကနေ နေ့စဉ်ဘဝမှာ KBZPay သုံးပြီး ကိုယ်ချစ်ရ တဲ့သူတွေနဲ့ အများကြီးချိတ်ဆက်နိုင်ကြဖို့ အားပေးတိုက်တွန်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဖွေးအရင်ကတည်းက KBZPay အကောင့်ဖွင့်ထားတာပါ။ KBZ ပေးကိုသုံးကြည့်ရင်း နေ့တိုင်းငွေကြေးနဲ့ဆိုင်တဲ့အလုပ်တွေလုပ်တဲ့အခါ သုံးရတဲ့သူကိုအရမ်း ကိုအဆင်ပြေအောင် ဖန်တီးပေးထားတာတွေ့ရပါတယ်။ စားသောက်ဆိုင်တွေမှာ ငွေရှင်းတဲ့အခါ အချိန်စက္ကန့်ပိုင်းလေးပဲလို တဲ့အတွက်ကြောင့် KBZPay နဲ့ငွေရှင်းရတာ သဘောကျပါတယ်။ ပိုက်ဆံရေနေစရာမလိုတော့ပဲ ကျသင့်ငွေအတိအကျပေး လို့ရတော့ ငွေအကြွေမရှိမှာ စိတ်ပူစရာမလိုတော့ဘူး”ဟု ကြော်ငြာဇတ်လမ်းတွဲတွင် အဓိကပါဝင်သရုပ်ဆောင်ထားသည့် အကယ်ဒမီဖွေးဖွေးက ပြောကြားသည်။

Photo Source By Myanmar Tech Press

KBZPay အသုံးပြုသူများအနေဖြင့် ဘဏ်အထိလူကိုယ်တိုင်သွားရောက်ရန်မလိုပဲ မိမိငွေများကို အဆင်ပြေလွယ်ကူပြီး လုံခြုံ စိတ်ချစွာစီမံခန့်ခွဲနိုင်စေရန် ဆောက်ရွက်ပေးပြီး လူတစ်ဦးတွင် ဘဏ်အကောင့်တစ်ခုရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MPT၊ Telenor ၊ Ooredoo၊ MyTel မိုဘိုင်းဖုန်းနံပါတ်အသုံးပြုထားသော စမတ်ဖုန်းတစ်လုံးရှိရုံဖြင့် KBZPay အကောင့်ကို အခမဲ့ စာရင်းသွင်းဖွင့်လှစ်နိုင်လည်းဖြစ်သည်။
KBZPay အား ၂၀၁၈ ခုနှစ် သြဂုတ်လတွင်စတင်မိတ်ဆက်ခဲ့ပြီး တစ်နှစ်မပြည့်သေးခင်မှာပင် မြန်မာနိုင်ငံအနှံ့အပြားမှ အသုံး ပြုသူ နှစ်သန်းကျော်ရှိခဲ့ပြီး ကိုယ်စားလှယ်နှင့်ဈေးဆိုင်ပိုင်ရှင်ပေါင်း တစ်သိန်းကျော်တို့အား KBZPay မှ စာရင်းသွင်းဖွင့်လှစ် ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
KBZPay အကောင့်ဖွင့်ရန် Application အား အောက်ပါ Link တွင်ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.kbzbank.kpaycustomer