CB Bank Digital Banking ဝန်ဆောင်မှုများကို MPT၊ Ooredoo၊ Telenor နှင့် Mytel တို့၏ Mobile Data ဖြင့်သုံးစွဲနိုင်

CB Bank Customer များအနေဖြင့် Digital Banking ဝန်ဆောင်မှုများဖြစ်သည့် CB Pay၊ Internet Banking နှင့် Mobile Banking တို့ကို မိုဘိုင်းလ်အော်ပရေတာ MPT၊ Ooredoo၊ Telenor နှင့် Mytel တို့၏ Mobile Data အား အသုံးပြု၍ သုံးစွဲနိုင်နေပြီဖြစ်ကြောင်း CB Bank မှ ထုတ်ပြန်ထားသည်။
ယခုလက်ရှိတွင် မိုဘိုင်းလ်အော်ပရေတာ MPT၊ Ooredoo၊ Telenor နှင့် Mytel တို့၏ Mobile Data အား အသုံးပြု၍ အခြား သော App များကိုလည်း ကောင်းမွန်စွာအသုံးပြုနိုင်နေပြီလည်းဖြစ်သည်။
CB Bank အနေဖြင့် အများပြည်သူအသုံးပြုလိုသည့် ဘဏ်လုပ်ငန်းဆိုင်ရာ ငွေကြေးဝန်ဆောင်မှုများကို ကြိုးစားဆောင်ရွက်ပေးလျက်ရှိရာ ဘဏ်ခွဲများအား ဝန်ဆောင်မှုအမျိုးအစားအလိုက် Customer များ၏ လိုအပ်ချက်ဖြည့် ဆည်းပေးနိုင်စေရန် ဖွင့်လှစ်ဝန်ဆောင်မှုပေးနေသည့်အပြင် ATM & CRM စက်များ၊ CB Pay၊ Internet Banking စသည့် Digital Banking စနစ်များဖြင့်လည်း စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးလျက်ရှိသည်။
၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်နေ့အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့တို့တွင် ငွေသားထုတ်ယူနိုင်သော ATM၊ ငွေသားပေးသွင်းခြင်း/ ထုတ်ယူခြင်း ဆောင်ရွက်နိုင်သော CRM စက်များထားရှိသည့် CB Bank ၏ ဘဏ်ခွဲနေရာများကို CB Bank လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

Photo Source https://www.facebook.com/CBBankmyanmar

ငွေသားထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ CB Bank ဘဏ်ခွဲများ၏ ATM များတွင်သာမက အများပြည်သူသွားရောက်ငွေထုတ်ယူနိုင်ရန် အချို့ သောရှော့ပင်းစင်တာများ၊ ဆေးရုံများအပါအဝင် ဟိုတယ်များ အစရှိသည့်နေရာများတွင် ငွေသားဖြည့်တင်းပေးလျက်ရှိကြောင်းလည်းသိရသည်။
CB Bank အနေဖြင့် အများပြည်သူသို့ Digital Banking ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးနေသည့်အပြင် ဘဏ်ခွဲလုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘဏ်ခွဲများ အပတ်စဉ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဘဏ်ခွဲများနှင့် ဖွင့်လှစ်ချိန်များ၊ ဝန်ဆောင်မှုအမျိုးအစား များကို CB Bank လူမွန်ကွန်ရက် စာမျက်နှာတွင် ဖော်ပြအသိပေးထုတ်ပြန်ထားကြောင်းသိရသည်။
ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် Customer များ နှောင့်နှေးကြန့်ကြာမှု လျော့နည်းစေရန် တိုကင်စနစ် ပြုလုပ်ထားပြီး သက်ဆိုင်ရာဘဏ်ခွဲအလိုက် တိုကင်ပေးမည့်အချိန်နှင့် သတ်မှတ်တိုကင်အရေအတွက်ကိုလည်း အောက်ဖော်ပြပါ ဇယား များတွင် ကြိုတင်ကြည့်ရှုနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ CB Bank ဘဏ်ခွဲများ၏ ATM /CRM များတွင်သာမက အများပြည်သူ သွားရောက်ငွေထုတ်ယူနိုင်ရန် အချို့သော ရှော့ပင်းစင်တာများ၊ ဆေးရုံများနှင့် ဟိုတယ်များ စသည့်နေရာများရှိ ATM စက်များတွင်လည်း ငွေသားဖြည့်တင်းပေးလျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo Source https://www.facebook.com/CBBankmyanmar

ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် လက်ရှိကာလ၌ အခက်အခဲအချို့နှင့် အဆင်မပြေမှုများရှိပါက Customer များအနေဖြင့် သည်းခံနားလည်ပေးပါရန် CB Bank က မေတ္တာရပ်ခံထားသည်။
၂၈ နှစ်တာကာလအတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ၉,၀၀၀ ခန့်အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခုခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ရန် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးဆောင်နေသည်။
အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/CBBankmyanmar