CB ဘဏ်မှ ဘဏ်ခွဲများ၏ ဖွင့်လှစ်ချိန်များ၊ ဝန်ဆောင်မှုအမျိုးအစားများကို အသိပေးထုတ်ပြန်

CB Bank အနေဖြင့် အများပြည်သူသို့ Digital Banking ဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ဝန်ဆောင်မှုပေးနေသည့်အပြင် ဘဏ်ခွဲလုပ်ငန်းဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဘဏ်ခွဲများ အပတ်စဉ် တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိရာ မြန်မာနိုင်ငံတစ်ဝန်း ယခုသီတင်းပတ်အတွင်း ဖွင့်လှစ်ထားရှိသည့် ဘဏ်ခွဲများနှင့် ဖွင့်လှစ်ချိန်များ၊ ဝန်ဆောင်မှုအမျိုးအစား များကို ဖော်ပြအသိပေးထုတ်ပြန်ထားကြောင်းသိရသည်။

Photo Source https://www.facebook.com/CBBankmyanmar/

ဘဏ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် Customer များ နှောင့်နှေးကြန့်ကြာမှု လျော့နည်းစေရန် တိုကင်စနစ် ပြုလုပ်ထားပြီး သက်ဆိုင်ရာဘဏ်ခွဲအလိုက် တိုကင်ပေးမည့်အချိန်နှင့် သတ်မှတ်တိုကင်အရေအတွက်ကိုလည်း အောက်ဖော်ပြပါ ဇယား များတွင် ကြိုတင်ကြည့်ရှုနိုင်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ CB Bank ဘဏ်ခွဲများ၏ ATM /CRM များတွင်သာမက အများပြည်သူ သွားရောက်ငွေထုတ်ယူနိုင်ရန် အချို့သော ရှော့ပင်းစင်တာများ၊ ဆေးရုံများနှင့် ဟိုတယ်များ စသည့်နေရာများရှိ ATM စက်များတွင်လည်း ငွေသားဖြည့်တင်းပေးလျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Photo Source https://www.facebook.com/CBBankmyanmar/

ဘဏ်ခွဲများဖွင့်လှစ်ပြီး ဝန်ဆောင်မှုများဆောင်ရွက်ပေးရာတွင် လက်ရှိကာလ၌ အခက်အခဲအချို့နှင့် အဆင်မပြေမှုများရှိပါက Customer များအနေဖြင့် သည်းခံနားလည်ပေးပါရန် CB Bank က မေတ္တာရပ်ခံထားသည်။

Photo Source https://www.facebook.com/CBBankmyanmar/

၂၈ နှစ်တာကာလအတွင်း CB Bank သည် ဝန်ထမ်းပေါင်း ၃၀ ကျော်မှ ဝန်ထမ်းပေါင်း ၉,၀၀၀ ခန့်အထိ တိုးချဲ့ ခန့်ထားနိုင်ခဲ့ပြီး ဘဏ်ခွဲပေါင်း ၂၄၅ ခုခန့်ကို ဖွင့်လှစ်ထားနိုင်ခဲ့ပါသည်။ Customer များ၏ လိုအပ်ချက်များနှင့် အံဝင်ခွင်ကျဖြစ်ရန် စီမံထားသည့် ဘဏ်ဝန်ဆောင်မှုများကို ကုမ္ပဏီများ၊ အဖွဲ့အစည်းများ၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်း Customer များအတွက် ဝန်ဆောင်မှုများကို အကောင်းဆုံးပေးဆောင်နေသော ဘဏ်တစ်ခုဖြစ်သည်။