AGD ဘဏ်တွင် ချက်လက်မှတ်ဖြင့်ငွေပေးသွင်းမှုများအတွက် Cheque Box မှတစ်ဆင့်ပြုလုပ်နိုင်

AGD Bank တွင် အကောင့်များတစ်ခုမှ နောက်တစ်ခုသို့ ငွေလွှဲပေးပို့ခြင်း၊ Credit Card အသုံးပြုထားသော ပမာဏအား ငွေပြန်လည်ပေးသွင်းခြင်းနှင့် ချေးငွေပြန်လည်ပေးဆပ်ခြင်းတို့အတွက် ချက်လက်မှတ်ဖြင့် တန်းစီရန် မလိုဘဲ ငွေပေးသွင်းနိုင်ရန်အတွက် AGD ဘဏ်၏ ဘဏ်ခွဲအချို့နှင့် ATM စက်များတွင် Cheque drop box (ချက်လက်မှတ်ထည့်သွင်းရန်ပုံး) များ တပ်ဆင်ပေးထားကြောင်း AGD Bank မှ ထုတ်ပြန်ထားသည်။
အဆိုပါ ချက်လက်မှတ်ထည့်သွင်းရန်ပုံးများမှာ အင်တာနက်မလိုအပ်ပဲ အလွယ်တကူ အသုံးပြု ငွေလွှဲ၊ငွေသွင်းမှုများကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ထို့ပြင် Cheque drop box များကို ဘဏ်ခွဲများမှာ နေ့စဉ်သိမ်းဆည်းပေးပြီး တစ်ပါတ်လျှင် ၂ကြိမ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့တိုင်း clearing လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် customer များ၏ ငွေပေးချေမှုများကို ဘဏ်သို့လာရောက်စောင့်ဆိုင်းဖို့မလိုဘဲ အခက်ခဲမရှိ လွယ်ကူချောမွေ့စွာ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရသည်။

Photo Source https://www.facebook.com/AGDBank

ထို့အပြင် ပြောင်းလဲထားတဲ့ အတိုးနှုန်းထားများနှင့်အတူ အသုံးပြုသူများအတွက် AGD ဘဏ်မှ ၄လ fixed deposit ကို အသစ်ဖော်ဆောင်ပေးထားသည်။ ၃ လ ကမြန်လွန်းပြီး ၆လ ကအချိန်ကြာမြင့်လွန်းသည် ဆိုသူများအတွက် ၄လ fixed deposit ကိုအကောင်းဆုံးရွေးချယ်မှုတစ်ခုအဖြစ် ပြုလုပ်ပေးလိုက်ပြီဖြစ်သည်။
AGD ဘဏ်၏ Fixed Deposit (၁ လ၊ ၃ လ၊ ၆ လ နှင့် အသစ်ဖော်ဆောင် ပေးထားသော ၄လ)တို့၏ အတိုးနှုန်းတို့ကို ၂၀၂၁ ခုနှစ်၊ ဧပြီလ၊ (၂၆) ရက်နေ့မှ စတင်ပြောင်းလဲသတ်မှတ်ထားသည်။
ထို့အပြင် AGD ATM စက်များအားလုံး Online ဖြစ်စေရန်နှင့် ငွေသားရှိစေရန်လည်း အားထုတ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၎င်းနှင့်ပက်သက်သော စာရင်းကိုလည်း AGD Bank ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
ငွေထုတ်ယူခြင်းဆိုင်ရာ လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) တစ်ဦးချင်းစုငွေမှ ငွေထုတ်ယူခြင်း – တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀
(၂) လုပ်ငန်းသုံးစာအုပ်မှ ငွေထုတ်ယူခြင်း – တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀၀
(၃) ATM မှတဆင့် ငွေထုတ်ယူခြင်း – တစ်ရက်လျှင် ငွေကျပ် ၁.၅ သိန်း
(မှတ်ချက်။ ။ ဧပြီလ ၂၀၂၁ မှစတင်၍ တိုကင် စနစ်ဖြင့် ဝန်ဆောင်မှုများ တနင်္လာမှ သောကြာနေ့အတွင်းသာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။)

Photo Source https://www.facebook.com/AGDBank

ဝန်ဆောင်မှု ရယူရန်နှင့် တိုကင်ထုတ်ယူ အသုံးပြုရန် လမ်းညွှန်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) (၉:၀၀ မှ ၁၀:၀၀၊ ၁၀:၀၀ မှ ၁၁:၀၀၊ ၁၁:၀၀ မှ ၁၂:၃၀) ဝန်ဆောင်မှုအချိန် အပိုင်းသုံးမျိုးအတွက် တိုကင် ထုတ်ပေးသွားမည်ဖြစ်ပြီး မိမိတိုကင်၏ အချိန်အတိုင်းလာရောက်ကာ ဦးရာလူစနစ်ဖြင့် ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။
(၂) Customer များသည် မိမိ ရရှိထားသော တိုကင် အချိန်အပိုင်းသာ ဝင်ရောက်ရမည်ဖြစ်ပြီး အခြားအချိန်အပိုင်းတွင် ဝင်ရောက်၍မရပါ။
(၃) Customer များသည် တိုကင် တစ်ခု အတွက် ဘဏ်ဝန်ဆောင်နှစ်မျိုး သာလုပ်ဆောင်နိုင်မည်ဖြစ်သည်။
(၄) တိုကင်များပေးဝေခြင်းကို ဘဏ်မဖွင့်မီ မိနစ် ၃၀ အလိုတွင်စတင်သွားမည်ဖြစ်ပြီး ရရှိသောတိုကင်ကိုနောက်တစ်နေ့သို့ သယ်ဆောင် အသုံးပြု၍မရပါ။
(၅) Credit card နှင့် Loan Repayment ဝန်ဆောင်မှုများကိုမူ ၁:၃၀ မှ ၂:၃၀ အတွင်း တိုကင် စနစ်မလိုပဲ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မနက်ပိုင်းတွင် ဝန်ဆောင်မှုရလိုပါက တိုကင်ယူထားရမည်ဖြစ်သည်။
၂၀၁၀ ခုနှစ်မှစတင်၍ AGDဘဏ်သည်ဘဏ္ဍာရေးဝန်ဆောင်မူများကိုမြန်မာနိုင်ငံတွင်ဆောင်ရွက်ပေးလျက်ရှိသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/AGDBank