AGD ဘဏ်မှ ပြန်လည်ဖွင့်လှစ်ထားသော ဘဏ်ခွဲအချို့အား အသိပေးထုတ်ပြန်ကြေညာ

အသုံးပြုသူများအားလုံး လိုအပ်သော အခြေခံဘဏ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် AGD ဘဏ်ခွဲအချို့ အား ပြန်လည် ဖွင့်လှစ်ထားကြောင်း သိရသည်။
အပတ်စဉ်တိုင်းတွင် ဘဏ်ခွဲများ ထပ်မံတိုးမြှင့်ဖွင့်လှစ်ခြင်းနှင့် ဝန်ဆောင်မှုများကို ထပ်တိုးဝန်ဆောင်မှုပေးသွားရန်လည်း ကြိုးစားသွားမည်ဖြစ်ပြီး၊ update စာရင်းကို https://www.agdbank.com/news တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း လည်းသိရသည်။
ထို့အပြင် AGD ATM စက်များအားလုံး Online ဖြစ်စေရန်နှင့် ငွေသားရှိစေရန်လည်း အားထုတ်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ၎င်းနှင့်ပက်သက်သော စာရင်းကိုလည်း AGD Bank ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယခုအချိန်တွင်း အဆင်မပြေမှုများရှိခဲ့ပါက နားလည်ပေးပါရန်လည်း AGD Bank မှ တောင်းဆိုထားသည်။

Photo Source https://www.facebook.com/AGDBank

ငွေထုတ်ယူခြင်းဆိုင်ရာ လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) တစ်ဦးချင်းစုငွေမှ ငွေထုတ်ယူခြင်း – တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀
(၂) လုပ်ငန်းသုံးစာအုပ်မှ ငွေထုတ်ယူခြင်း – တစ်ပါတ်လျှင် ငွေကျပ် သိန်း ၁၀၀
(၃) ATM မှတဆင့် ငွေထုတ်ယူခြင်း – တစ်ရက်လျှင် ငွေကျပ် ၁.၅ သိန်း
(မှတ်ချက်။ ။ ဧပြီလ ၂၀၂၁ မှစတင်၍ တိုကင် စနစ်ဖြင့် ဝန်ဆောင်မှုများ တနင်္လာမှ သောကြာနေ့အတွင်းသာ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။)
ဝန်ဆောင်မှု ရယူရန်နှင့် တိုကင်ထုတ်ယူ အသုံးပြုရန် လမ်းညွှန်မှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) (၉:၀၀ မှ ၁၀:၀၀၊ ၁၀:၀၀ မှ ၁၁:၀၀၊ ၁၁:၀၀ မှ ၁၂:၃၀) ဝန်ဆောင်မှုအချိန် အပိုင်းသုံးမျိုးအတွက် တိုကင် ထုတ်ပေးသွားမည်ဖြစ်ပြီး မိမိတိုကင်၏ အချိန်အတိုင်းလာရောက်ကာ ဦးရာလူစနစ်ဖြင့် ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်သည်။
(၂) Customer များသည် မိမိ ရရှိထားသော တိုကင် အချိန်အပိုင်းသာ ဝင်ရောက်ရမည်ဖြစ်ပြီး အခြားအချိန်အပိုင်းတွင် ဝင်ရောက်၍မရပါ။
(၃) Customer များသည် တိုကင် တစ်ခု အတွက် ဘဏ်ဝန်ဆောင်နှစ်မျိုး သာလုပ်ဆောင်နိုင်မည်ဖြစ်သည်။
(၄) တိုကင်များပေးဝေခြင်းကို ဘဏ်မဖွင့်မီ မိနစ် ၃၀ အလိုတွင်စတင်သွားမည်ဖြစ်ပြီး ရရှိသောတိုကင်ကိုနောက်တစ်နေ့သို့ သယ်ဆောင် အသုံးပြု၍မရပါ။
(၅) Credit card နှင့် Loan Repayment ဝန်ဆောင်မှုများကိုမူ ၁:၃၀ မှ ၂:၃၀ အတွင်း တိုကင် စနစ်မလိုပဲ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မနက်ပိုင်းတွင် ဝန်ဆောင်မှုရလိုပါက တိုကင်ယူထားရမည်ဖြစ်သည်။

Photo Source https://www.facebook.com/AGDBank

၂၀၁၀ ခုနှစ်မှစတင်၍ AGDဘဏ်သည်ဘဏ္ဍာရေးဝန်ဆောင်မူများကိုမြန်မာနိုင်ငံတွင်ဆောင်ရွက်ပေးလျက်ရှိသည်။
အောက်ပါ Link တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
https://www.facebook.com/AGDBank