မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို MPT မှ စတင်

ဇာတ်လမ်းတိုများကို ဖတ်ရှုရန်နှစ်သက်သူများနှင့်ဇာတ်လမ်းတိုများကို နှစ်သက်သော်လည်း အချိန်ရှားပါးပြီး၊ စာဖတ်ရန် အချိန်မပေးနိုင်သူများအတွက် အပြန်အလှန်ပြောဆိုနေသကဲ့သို့ ဖတ်ရှုနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို MPT မှ စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
အဆိုပါဝန်ဆောင်မှုတွင် တစ်နေ့တာစိတ်ကြည်နူးလန်းဆန်းစေမည့် ဇာတ်လမ်းတိုများကို မိမိတို့မိုဘိုင်းလ်ဖုန်းပေါ်တွင် တိုက် ရိုက်ဖတ်ရှုနိုင်ပြီဖြစ်ကာ ၎င်းဝန်ဆောင်မှုသည် ဇာတ်လမ်းတိုများကို တစ်ခုခုအားစောင့်ဆိုင်းနေသည့်အချိန်တွင် အပြန် အလှန်ပြောဆိုနေသကဲ့သို့ လွယ်ကူစွာဖတ်ရှုနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို နိုင်ငံပေါင်း ၄၅ နိုင်ငံတွင် မိုဘိုင်းလ်နည်းပညာများနှင့် ဝန်ဆောင် မှုပေးနေသော ကုမ္ပဏီဖြစ်သည့် UPSTREAM ကုမ္ပဏီနှင့်ပူးပေါင်း၍ဆောင်ရွက်ခြင်းဖြစ်ကာ လွယ်လွယ်ကူကူ ဖတ်ရှုနိုင် သည့် ဇာတ်လမ်းတိုများကို တင်ဆက်ပေးထားခြင်းဖြစ်ပြီး အမြဲတမ်းသွားလာလှုပ်ရှားနေသူများ၊ အချိန်မအားလပ်ဘဲ အလုပ်အလွန်များသူတို့အတွက် အလွယ်တကူ ဖတ်ရှုနိုင်ရန်အထူးစီစဉ်ထားသည့် အဆိုပါဝန်ဆောင်မှုတွင် ဇာတ်လမ်းတို များစွာကို မည့်သည့်အချိန်၊ နေရာ၌မဆို လွယ်လင့်တကူ ဖတ်ရှုနိုင်မည်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/mptofficialpage/

Chat Tin Zat Lan ဝန်ဆောင်မှုမှတစ်ဆင့် ဖတ်ရှုသူများသို့ စိတ်လှုပ်ရှားဖွယ်၊ စိတ်ဝင်စားဖွယ် ပြည်တွင်းနှင့်နိုင်ငံတကာ ရသများကို ခံစားစေနိုင်မည့် ဇာတ်လမ်းတိုများပါဝင်မည်ဖြစ်ပြီး စိတ်လှုပ်ရှားစရာများနှင့်သည်းထိတ်ရင်ဖိုခံစားရမည့် ဇာတ် လမ်းတိုများကို အပြန်အလှန်ပြောဆိုနေသကဲ့သို့ ဖတ်ရှုနိုင်ရန်စီစဉ်ထားခြင်းဖြစ်သည်။ ဇာတ်လမ်းတိုများကို ဖတ်ရှုရန်အ တွက် သုံးစွဲသူများအနေဖြင့် စာအုပ်များကဲ့သို့ စာမျက်နှာများ လှန်သွားရန်မလိုအပ်ဘဲ မိုဘိုင်းလ်ဂိမ်း ကစားသကဲ့သို့ပင် မိုဘိုင်းလ်ဖုန်းမျက်နှာပြင်ကို ထိတွေ့ကာ next button (နောက်တစ်ခု) ဖြင့် ဇာတ်လမ်းအဆုံးအထိ ဖတ်ရှုနိုင်မည်လည်းဖြစ် သည်။
Chat Tin Zat Lan ဝန်ဆောင်မှုတွင် ကဏ္ဍ ၅ မျိုး ဖြစ်သည့် လျှို့ဝှက်သည်းဖို၊ ချစ်ခြင်းဖွဲ့၊ ဟာသ၊ အလွမ်းအဆွေးနှင့် ဖြစ်ရပ်ဆန်းကြယ်တို့ပါဝင်မည်ဖြစ်ပြီး အပတ်စဉ်တိုင်းတွင် ဇာတ်လမ်းအသစ်များကို ထပ်မံထည့်သွင်းသွားမည်ဖြစ်သော ကြောင့် အသစ်အသစ်သောဇာတ်လမ်းတိုများကို အမြဲမပြတ်ဖတ်ရှုနိုင်မည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ နှစ် သက်သဘောကျသည့် ဇာတ်လမ်းတိုများကို ထပ်ခါတလဲလဲ ဖတ်ရှုမည်ဆိုလျှင်လည်း ဝန်ဆောင်ခအပြင် နောက်ထပ်အခ ကြေးငွေ ထပ်မံပေးစရာမလိုဘဲ ဖတ်ရှုနိုင်မည့်အပြင် မိမိနှစ်သက်ရာဇာတ်လမ်းတိုများအတွက်လည်း ကြိုက်နှစ်သက်မှု အပေါ်မှုတည်၍ အဆင့်သတ်မှတ်ချက်များ ပေးသွားနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

“MPT အနေနဲ့ မြန်မာပြည်သူတွေအတွက် သူတို့ဘဝရဲ့ဆောင်ရွက်မှုတွေတိုင်းမှာ ပါဝင်နိုင်စေဖို့၊ သူတို့အတွက်လို အပ်တဲ့၊ ကိုက်ညီတဲ့ အစီအစဉ်သစ်တွေ ပေးနိုင်ဖို့အတွက် အမြဲတမ်းကြိုးစားနေပါတယ်။ ဒီ Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကလည်း အဲဒီလိုအစီအစဉ်သစ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ အချိန်တိုလေး အတွင်းမှာ ဖတ်ရှုသူတွေရဲ့ စိတ်ကို ကြည်နူးအောင်၊ စိတ်လှုပ်ရှားလာအောင်၊ အတွေးအမြင်သစ်တွေ ပွင့်လင်းလာအောင် လုပ်ပေးနိုင်မယ့် ဇာတ်လမ်းတိုလေး တွေကို တင်ဆက်ထားပြီးတော့ ဘယ်အချိန်၊ ဘယ်နေရာမှာမဆို လွယ်လွယ်ကူကူ ဖတ်ရှုနိုင်အောင် ရည်ရွယ်ဆောင်ရွက် ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ MPT ကို သုံးစွဲသူတွေရဲ့ ဘဝအတွေ့အကြုံတိုင်းကို တန်ဖိုးထားတဲ့အတွက် ဘယ်လိုအချိန် နေရာမျိုးမှုာမဆို အတွေ့အကြုံသစ်တွေ ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတာလည်းဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Reizo Umeda မှ ပြောကြားသည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှုကို ရယူလိုသည့် MPT သုံးစွဲသူများအနေဖြင့် 8181 သို့ ON ဟု SMS (စာတို) ပေးပို့၍ သော်လည်းကောင်း Lo Ta Ya Portal https://lotaya.mpt.com.mm/event/244 မှတစ်ဆင့် စာရင်သွင်းပြုလုပ်၍သော်လည်းကောင်း ရယူနိုင်ပြီး တစ်ရက်လျှင် ၉၉ ကျပ် ကျသင့်မည် ဖြစ်သည်။
Chat Tin Zat Lan (ချက်တင်ဇာတ်လမ်း) ဝန်ဆောင်မှု အပါအဝင် MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သည့် https://www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။