Mahar Mobile Application မှတစ်ဆင့် မြန်မာရုပ်ရှင်များကို အကန့်အသတ်မရှိ ကြည့်ရှုနိုင်မည့် ဝန်ဆောင်မှုအစီအစဉ်ကို MPT မိတ်ဆက်

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သည့် MPT မှ ရုပ်ရှင်ကြည့်ပရိတ်သတ်များအနေဖြင့် မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း မှတစ်ဆင့် မြန်မာရုပ်ရှင်များ ကြည့်ရှုရန်အတွက် နေ့စဉ်သုံး၊ အပတ်စဉ်သုံး၊ လစဉ်သုံး စာရင်းသွင်း ဝန်ဆောင်မှုကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မိတ်ဆက်လိုက်ပြီဖြစ်ပြီး MPT သုံးစွဲသူများအနေဖြင့် မြန်မာရုပ်ရှင် နှင့် ဗွီဒီယိုများကို ဒေါင်းလုတ်ပြုလုပ်ခြင်း (သို့မဟုတ်) တိုက်ရိုက်ကြည့်ရှုခြင်းများကို အကန့်အသတ်မရှိ လုပ်ဆောင်နိုင်မည့် အပြင် ခေတ်ဟောင်းမြန်မာရုပ်ရှင်များ၊ ယနေ့ခေတ် မြန်မာရုပ်ရှင်နှင့် ဗွီဒီယိုများကိုလည်း ကြည့်ရှုနိုင်တော့နိုင်ကြမည်ဖြစ် ကြောင်းသိရသည်။

Photo Source – https://www.mpt.com.mm

မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းတွင် ဇာတ်ကားတစ်ကားအလိုက် ငှားရမ်းခ ၁၅၀ ကျပ်ပေးဆောင်ပြီး မိမိတို့ငှားရမ်း ထားသည့် ရုပ်ရှင်များအား ၇ ရက်အထိ ကြည့်ရှုနိုင်မည် ဖြစ်သည့်အပြင် ၎င်းရုပ်ရှင်များအား ဒေါင်းလုတ် ပြုလုပ်ထားပြီး ၇ ရက်အတွင်း ပြန်လည်ကြည့်ရှုနိုင်သော ဝန်ဆောင်မှုကို ၂၀၁၈ ခုနှစ်တွင် MPT မှ စတင်မိတ်ဆက်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။
ယခုဝန်ဆောင်မှုတွင် MPT အသုံးပြုသူများအနေဖြင့် ဟာသ၊ ဒရမ်မာ၊ အချစ်အလွမ်း၊ အက်ရှင် နှင့် သည်းထိပ်ရင်ဖို ဖြစ်စေမည့် ရသများကို ခံစားစေနိုင်မည့် မိမိ တို့နှစ်သက်ရာ မြန်မာရုပ်ရှင်ဇာတ်ကားများကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်ပတ်လျှင် ၅၄၉ ကျပ်၊ တစ်လလျှင် ၁၉၉၉ ကျပ်နှုန်းဖြင့် အကန့်အသတ်မရှိ ခံစားကြည့်ရှုနိုင်မည် လည်းဖြစ်သည်။ ဇာတ်ကားတစ်ကားလျှင် ပျမ်းမျှအနေဖြင့် 330 MB ရှိနိုင်ပြီး ဒေါင်းလုတ် ပြုလုပ်ခြင်းနှင့် မိုဘိုင်းလ်ဖုန်းများတွင် သိမ်းဆည်းခြင်းများကို အလွယ်တကူ ပြုလုပ်နိုင်ကြမည်ဖြစ်သည်။

Photo Source – https://www.facebook.com/maharmobilemovieapp/

မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းကို လိုတရ Web portal ဖြစ်သည့် http://mh.lotayamm.com တွင် ဒေတာဖိုး ကုန်ကျမှုမရှိဘဲ ဒေါင်းလုတ် ရယူနိုင်မည်ဖြစ်ပြီး အန်းဒရိုက်ဖုန်းအသုံးပြုသူများအတွက် Google Play Store သို့မဟုတ် http://www.mahar.app/downloads/mahar.apk တွင်လည်း အင်တာနက် အသုံးပြုခအတွက် data ဖိုး ကျသင့်ငွေပေး ဆောင်ပြီး ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/maharmobilemovieapp/

“မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းနဲ့ နဲ့ ကျွန်တော်တို့ ပူးပေါင်းပြီး ဆောင်ရွက်နေတဲ့နေရာမှာ ယခင်အချိန်တွေက ရုပ်ရှင်ကားတွေနဲ့ ဒီနေ့ခေတ်လူငယ်တွေကြား ကွာဟနေတဲ့ ကွာဟချက်တွေကို နီးကပ်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ဒါက ဒီဂျစ်တယ် ခေတ်မတိုင်က လုံးဝမရှိခဲ့တဲ့ အရာပါ။ အခုအချိန်မှာ မျိုးဆက်သစ်တွေအနေနဲ့ မဟာမိုဘိုင်းလ် အက်ပလီကေးရှင်း ကိုသုံးပြီး ရုပ်ရှင်တွေထဲမှာ ထင်ဟပ်နေခဲ့တဲ့ မြန်မာလူမျိုးတွေရဲ့ အမွေအနှစ်၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကို ပိုမိုနားလည်တန်ဖိုး ထားလာကြပါပြီ။ MPT အနေနဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို မြန်မာလူမျိုးတွေရဲ့ လက်ထဲကို အရောက် ပို့ပေးနေပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့် 3G နဲ့ 4G/LTE+ ကွန်ရက်တွေ ကတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ နေရာဒေသအသီးသီးကို ကမ္ဘာ့အဆင့်မီဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပဲဖြစ်ပါ တယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ ပြောကြား ခဲ့ပါသည်။

Photo Source – https://www.facebook.com/maharmobilemovieapp/

မဟာမိုဘိုင်းလ် အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီးလျှင် MPT သုံးစွဲသူများအနေဖြင့် MPT ဖုန်းနံပါတ်/ Email အကောင့်/ Facebook အကောင့်တို့ဖြင့် စာရင်းသွင်းပြုလုပ်ရန်လိုအပ်ပြီး ရုပ်ရှင်များကို တိုက်ရိုက်ကြည့်ရှုနိုင်သည့် အပြင် ဒေါင်းလုတ်လုပ်ပြီး အက်ပလီကေးရှင်းဖြင့်လည်း ကြည့်နိုင်မည်လည်းဖြစ်သည်။
မဟာမိုဘိုင်းလ်အက်ပလီကေးရှင်း ဝန်ဆောင်မှု နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက 106 သို့ဖုန်းခေါ်ဆို၍ ၎င်း၊ MPT ၏တရားဝင် ဖေ့စ်ဘွတ် စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာ ဖြစ်သည့် https://www.mpt.com.mm သို့ ဝင်ရောက်ပြီး၊ MPT ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ အကြောင်းကို အသေး စိတ်လေ့လာနိုင်မည် ဖြစ်ပါသည်။