MPT မှ အများပြည်သူတို့စုပေါင်းဆောင်ရွက်ခြင်းအထိမ်းအမှတ်“နှလုံးသားထဲကမြန်မာ” လှုပ်ရှားမှုအစီစဉ်များဆက်လက်လုပ်ဆောင်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် ဒီဂျစ်တယ်နည်းပညာတိုးတက် မှုများအတွက် ဦးတည်ဆောင်ရွက်နေခြင်းပြီး အများပြည်သူတို့ စုပေါင်းဆောင်ရွက်ခြင်းအထိမ်းအမှတ်အဖြစ် “နှလုံးသားထဲ ကမြန်မာ”လှုပ်ရှာမှုအစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
MPT မှ မိမိတို့လူမှု အဖွဲ့အစည်းအကြား နေ့စဉ်ရင်ဆိုင်နေရသည့် အခက်အခဲများကို စုပေါင်းဆောင်ရွက်ခြင်းဖြင့် ကျော်လွှား နိုင်မည့်အပြင် လူမှုအကျိုးပြုလုပ်ငန်းများကိုဒေသခံအဖွဲ့အစည်းများ၊ NGO အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်ဖော်ပြပါ ကဏ္ဍများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

(၁) နိုင်ငံတစ်ဝှမ်း စုပေါင်း သွေးလှူဒါန်းပွဲများ
MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသွေးလှူဒါန်းခြင်း အစီအစဉ်သည် အသက်ရှင်သန်ရေးအတွက် သွေး၏ အရေးပါပုံကို ပြည်သူများအကြား အသိအမြင်များ ပိုမိုရရှိလာစေရန် ၊ သွေးလှူဒါန်းသူစေတနာရှင်များ ပိုမိုပေါ်ထွန်းလာစေရန်နှင့် ကျန်းမာရေးကဏ္ဍအတွက်သွေးလိုအပ်မှုကို တစ်တပ်တစ်အားထောက်ပံ့ပေးရန် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါသည်။ အဆိုပါသွေးလှူဒါန်းခြင်းအစီအစဉ်ကို ရန်ကုန်မြို့ရှိ အမျိုးသားသွေးဌာနှင့် တိုင်းနှင့်ပြည်နယ်အစုံရှိ ဒေသပေါင်း ၁၇ ခုမှ ဆေး ရုံများတွင်ပြုလုပ်ခဲ့ပြီး MPT အဖွဲ့သားများ၊ ဒေသခံ သွေးလှူရှင်များပါဝင်ခဲ့ကြကာ လက်ရှိအချိန်အထိ စုစုပေါင်းလူဦးရေ (၃၀၀၀) ကျော်တို့မှ သန့်စင်သောသွေးကို ပါဝင်လှူဒါန်းခဲ့ကြပြီးဖြစ်ကြောင်းသိရသည်။

Photo Source – https://www.mpt.com.mm

(၂) နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုအစီအစဉ်
MPT ၏ နိုင်ငံတစ်ဝှမ်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းအစီအစဉ်ကို သဘာဝဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့် ကာဗွန်ထုတ်လွှတ်မှု များ လျော့ချနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်ရေးတို့နှင့်ပတ်သက်သော အသိအမြင်များ ပိုမို မြင့်မားလာစေရန်တို့အပြင် အများပြည်သူတို့အကြားတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အရေးပါမှုကို ပိုမိုသိမြင်လာစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။
MPT ၏ “စိမ်းလန်းစေဖို့ရှေ့ဆက်စို့” အစီအစဉ်ဖြင့် လက်ရှိအချိန်အထိ သစ်ပင်ပေါင်း (၁၂၀၀၀) ကျော်ကို လူဦးရေ (၈၀၀၀) ကျော်ခန့်ဖြင့် အတူတကွ စိုက်ပျိုးခဲ့ပြီးလည်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

(၃) နိုင်ငံအဝှမ်း စုပေါင်း သန့်ရှင်းရေးလုပ်ရှားမှုများ
MPT မှ စိမ်းလန်းစေဖို့ရှေ့ဆက်စို့ ဟူသည့် ဆောင်ပုဒ်ဖြင့် ယင်း၏ ဝန်ထမ်းများ၊ သုံးစွဲသူပြည်သူများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဒေသအသီးသီးရှိ မိဘပြည်သူများနှင့် အတူပူးပေါင်းကာ အထင်ကရနေရာများ၊ စေတီပုထိုးများ နှင့် အများပြည်သူ နေရာများတွင် သန့်ရှင်းရေး လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ ပါသည်။ ပြည်သူအများအနေဖြင့် သန့်ရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သော ပတ်ဝန်းကျင်ကိုအလေးထားစေနိုင်ရန် အတွက် ထိုကဲ့သို့ ကျယ်ပြန့်သော လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော နိုင်ငံအဝှမ်းဆောင်ရွက်မှုများမှ တစ် ဆင့် ပြည်သူ (၁၅၀၀၀) ကျော် ပူးပေါင်းပါဝင်ခဲ့ကြကြောင်းလည်းသိရသည်။

Photo Source – https://www.mpt.com.mm

“ MPT အနေနဲ့ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဖော်ဆောင်နေတဲ့ ဝန်းကျင်အတွက်လည်း လူမှုအကျိုးပြု လုပ်ငန်းတွေကို ပြန်လည်ပြီး ပေးစွမ်းဆောင်ရွက်နေပါတယ်။ လူမှုအဖွဲ့အစည်းတွေ တိုးတက်လာတာနဲ့အညီ သူတို့ရဲ့ လိုအပ်ချက်တွေဟာလည်းပိုပိုပြီး တိုးလာသလို ကျွန်တော်တို့အနေနဲ့ အဲဒီလိုတိုးတက်လာတဲ့ လိုအပ်ချက်တွေကို ဖြည့်စွမ်းနိုင်ဖို့အတွက် ဝန်ဆောင်မှုတွေကို တိုးတက်ပြီးပေးအပ်နေပါတယ်။ ဒီလိုပေးအပ်နိုင်တာကတစ်ဆင့် သုံးစွဲသူနဲ့ ဝန်ဆောင်မှုပေးသူအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး MPT နဲ့ မြန်မာပြည်သူတွေအကြားမှာ ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတစ်ခုကို ဖန်တီးဖြစ်ပေါ်စေမှာပါ။ MPT ဟာ မြန်မာနိုင်ငံကို ရှေ့ကိုလှမ်းချီနိုင်စေဖို့ အတွက် နည်းပညာ ကဏ္ဍမှာရော လူမှုဝန်းကျင်အတွက် လိုအပ်တဲ့ ကဏ္ဍ တွေမှာပါ ဖြည့်စွမ်း ဆောင်ရွက်သွားမှာပါ “ ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာန၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်း ကပြောကြားသည်။

Photo Source – https://www.mpt.com.mm

MPT အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေပြီး ဆက်လက်၍ ယခုနှစ်အတွင်း ၈ ကြိမ်မြောက် နိုင်ငံအဝှမ်းသွေးလှူဒါန်းခြင်းအဖြစ် ဇူလိုင်လ ၁၈ ရက်တွင်လည်းကောင်း၊ တတိယ အကြိမ်မြောက် နိုင်ငံအဝှမ်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအား ဇူလိုင်လနှင့် သြဂုတ်လများတွင်လည်းကောင်း၊ ပြည်သူ အများအသိအမြင်များတိုးတက်လာစေရန်နှင့် အလေ့အကျင့်ကောင်းများရရှိစေရန်အတွက် MPT ၏ “စိမ်းလန်းစေဖို့ရှေ့ ဆက်စို့” လှုပ်ရှားမှုကိုလည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တတိယအကြိမ်မြောက်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများ၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် https://www.mpt.com.mm သို့ မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် ဖြစ်သည့် https://www.facebook.com/mptofficialpage/ သို့ ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။