Digital ပညာရေးအစီအစဉ်၏ (၆) ကြိမ်မြောက် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ဖြင့် ကွန်ပျူတာနည်းပညာ ကျွမ်းကျင်မှုသင်တန်းများ၏ နောက်ဆုံးအသုတ်သင်တန်းများ အောင်မြင်စွာပြီးဆုံးသည့် အထိမ်း အမှတ်အဖြစ် သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသင်တန်းဆင်းပွဲတွင် အောင်မြင်ခဲ့သည့် သင်တန်းသားစုစုပေါင်း (၂၀၀၀) ကျော်ရှိခဲ့ပြီး MPT အနေဖြင့် အင်တာနက်ချိတ် ဆက်ပေးခြင်းနှင့် ကွန်ပျူတာပြုပြင်စရိတ်များအပါအဝင် ယခုနှစ်အတွက် ကွန်ပျူတာ ဆရာဖြစ်သင်တန်းသားများကိုလည်း ဤအစီအစဉ်ပြီးမြောက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းများ ဆောင်ရွက်ပေးသွားမည်လည်းဖြစ် သည်။

Photo Source – http://mpt.com.mm/

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ပြုလုပ်သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခွင့်အလမ်း နည်းပါးလှသည့် လူငယ်လူရွယ်များကို ကွန်ပျူတာကျွမ်းကျင်မှု နည်းပညာရပ်များ သင်ကြားပို့ချပေးနိုင်ရန်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ကာ နိုင်ငံတစ်ဝန်းမှ သင်တန်းသူ၊ သင်တန်းသားပေါင်း (၃၈၀၀) ကျော်တို့ကို ကွန်ပျူတာနည်းပညာများကို တက်ရောက်သင်ကြားခဲ့ကြပြီးဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါသင်တန်းများအတွက် laptops ကွန်ပျူတာ အလုံး ၃၀၀၊ အင်တာနက် ကွန်ရက်ချိတ်ဆက်မှု၊ အင်တာနက်ချိတ် ဆက်မှုအတွက်လိုအပ်သည့် ဆက်စပ်ပစ္စည်းတို့အပြင် သင်တန်းသားအားလုံး လုံလောက်စွာသင်ကြားနိုင်ရန် သင်တန်း ဆရာ၊ ဆရာမများကိုလည်း ပိုမိုတိုးမြှင့်ကာ NLD ပညာရေးကွန်ရက်နှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Photo Source – http://mpt.com.mm/

“ပညာရေးဆိုတဲ့လက်နက်ဟာ ကမ္ဘာပေါ်မှာရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တိုက်ဖျက်ကျော်လွှားနိုင်မယ့် အကောင်းဆုံး လက်နက်ဖြစ်တယ်လို့ ကျွန်တော်တို့ MPT အနေနဲ့ ယုံကြည်ထားပါတယ်။ ဒါ့ကြောင့်လည်း လူငယ်တွေအတွက် ပညာရေး ကဏ္ဍဟာ MPT အတွက်လည်း အလွန်အရေးပါတဲ့ လူမှုအကျိုးပြု ဆောင်ရွက်ချက်တွေထဲက ကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ အခု “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ဟာ မြန်မာနိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုပိုင်း ကွာဟနေတာတွေကို လျှော့ချပေးနိုင်ရုံသာမက ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ဈေးကွက်မှာအရေးပါတဲ့ ကျွမ်းကျင်မှု အတတ်ပညာတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ MPT ကနေ အနာဂတ် မျိုးဆက်သစ်တွေကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ ပေးနေသလို နိုင်ငံလူမှုစီးပွား ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီထောက်ပံ့ပေးနေတာကိုလည်း ပြသနေတာပဲဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Yoshiaki Benino က ပြောကြားခဲ့သည်။

Photo Source – http://mpt.com.mm/

“ဒီအစီအစဉ်ကတော့ ကျွန်တော့်အတွက် အရမ်းကိုကောင်းတဲ့အတွေ့အကြုံပါပဲ။ သင်တန်းဆရာ၊ ဆရာမတွေကလည်း အရမ်းတော်ကြပါတယ်။ ဒီထက်ကောင်းတဲ့ အတွေ့အကြုံမျိုးရရှိဖို့တောင် ဖြစ်နိုင်မယ်မထင်ပါဘူး။ MPT နဲ့ NLD ပညာရေး ကွန်ရက်တို့ ပူးပေါင်းဖွင့်လှစ်ပေးထားတဲ့ ဒီသင်တန်းတွေက ကွန်ပျူတာနည်းပညာပိုင်း ကျွမ်းကျင်မှုတင်မဟုတ်ဘဲ လူငယ် တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဒီသင်တန်းကနေရရှိလာ တဲ့ အသိပညာ၊ အတတ်ပညာတွေကြောင့် လက်တွေ့မှာအလုပ်ရှာဖွေရတာ အများကြီး လွယ်ကူသွားပါတယ်။ အလုပ်မှာ လည်း တတ်မြောက်ထားတဲ့ပညာတွေကို အသုံးချပြီး ပိုမိုတိကျလျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်တော့မှာဖြစ်လို့ အရမ်းပဲစိတ် လှုပ်ရှားနေပါတယ်။” ဟု သင်တန်းဆင်းတစ်ဦး ဖြစ်သူ ကိုသားငယ်လွင် ကပြောကြားသည်။
MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ်သိရှိ လိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။