အွန်လိုင်းမှတစ်ဆင့် အစားအသောက်နှင့် ဈေးဝယ်သူများ၏ လိုအပ်ချက်စိတ်ကူးများကို ဖြည့်ဆည်းပေးနိုင်မည့်Quick Food Application ကို ရန်ကုန်မြို့တွင် စတင်မိတ်ဆက်

မြန်မာနိုင်ငံအတွင်း အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုကို သဘောကျနှစ်ခြိုက်စွာ အသုံးပြုနေသူများအနေဖြင့် ပိုမိုလွယ်ကူပြီး ပြည့်စုံကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် လွယ်ကူစွာ၊ အဆင်ပြေစွာ မှာယူနိုင်မည့် Quick Food Application ၏ လုပ်ငန်းဆောင်ရွက်မှုကို ရန်ကုန်မြို့တွင် စတင်ပြီဖြစ်ပါသည်။

Quick Food သည် မြန်မာနိုင်ငံသားပိုင် လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ စားသုံးသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီသော အချက်အလက်များကို လေ့လာဆန်းစစ်ကာ တည်ဆောက်ထားပါသည်။ အစားအသောက်မှာယူခြင်းအပြင် အခြားသော အခြေခံလိုအပ်ချက်များဖြစ်သည့် ကုန်ပစ္စည်းများ၊ ဆေးဝါးများကိုလည်း Quick Food မှတစ်ဆင့် မှာယူပို့ဆောင်နိုင်မည့် နည်းလမ်းများအပြင် နီးစပ်ရာဆိုင်များမှ လိုအပ်သည်များကို ကြိုတင်မှာယူထားပြီး မိမိကိုယ်တိုင်သွားရောက်ရယူနိုင်မည့် Self-Pickup စနစ်လည်းပါဝင်ပါသည်။

Image: Quick Food

Quick Food သည် အစားအသောက်များကို အွန်လိုင်းမှတစ်ဆင့် မှာယူသုံးဆောင်ကြသူများ မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် အစားအသောက်လာပို့ချိန်တွင် ငွေသားအဆင်သင့်မရှိခြင်း၊ တစ်ချိန်တည်းတွင် မတူညီသောစားသောက်ဆိုင်များမှ မှာယူသုံးဆောင်လိုခြင်း စသည့် ပြည်တွင်းဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် တစ်ခုတည်းသော အစားအသောက်နှင့် ဈေးဝယ် Application တစ်ခုဖြစ်ပါသည်။

Quick Food ၏ ထူးခြားသောလုပ်ဆောင်ချက်များ

  • Group Order – မတူညီသော ဆိုင်များမှ တစ်ပြိုင်နက်မှာယူနိုင်ခြင်းစနစ်
  • Quick Pay – မိုဘိုင်းပိုက်ဆံစနစ်
  • Quick Credit – လကုန်ပေးစနစ်
  • Dine In – အမှာစာကြိုတင်ပို့ထားပြီး ဆိုင်တွင် သုံးဆောင်ခြင်း စနစ်
  • Instant Delivery – အမြန်ချော ပစ္စည်းပို့ဝန်ဆောင်မှုစနစ်
Group Order – မတူညီသော ဆိုင်များမှ တစ်ပြိုင်နက်မှာယူနိုင်ခြင်းစနစ်

တစ်ခုထက်မကသော စားသောက်ဆိုင်နေရာများမှ ရွေးချယ်မှာယူလိုသည့်အခါ Quick Food Group Order ကိုရွေးချယ်၍ စိတ်တိုင်းကျ မှာယူသုံးဆောင်နို်ငမည့် အားသာချက်ကို စားသုံးသူများအဆင်ပြေစေရန် ထည့်သွင်းပေးထားပါသည်။

Image: Quick Food

Quick Pay – ငွေပေးချေမှုအားလုံးဖြင့် လွယ်ကူစွာအသုံးပြုနိုင်ခြင်း

သုံးစွဲသူများအနေဖြင့် ငွေသား၊ အကြွေရှားပါးခြင်း၊ ပြန်အမ်းငွေရှုပ်ထွေးခြင်းများ မကြုံတွေ့ရစေရန် ပြည်တွင်းရှိ ဘဏ်များဖြင့် တိုက်ရိုက်ချိတ်ဆက်ထားသော ငွေပေးချေစနစ်အပြင်၊ Quick Food App ၏ ကိုယ်ပိုင် Mobile Wallet ထဲတွင် ငွေဖြည့်ထားပြီး အလွယ်တကူငွေပေးချေနိုင်ပါသည်။ Quick Pay Wallet ကို Top-up ပြုလုပ်ရာတွင် Wallet Top up Partner ဘဏ်များအဖြစ် uabpay, Citizens Pay, AYA PAY, OnePay, WavePay, OK Dollar များမှတဆင့် ငွေဖြည့်နိုင်သည့်အပငြ် MPU Card နှင့် Visa, Master Card များဖြင့်လည်း ငွေဖြည့်နိုင်ပါသည်။

Quick Credit – ဝန်ထမ်းများအတွက် အထူးအစီအစဉ်ဖြစ်သော လကုန်ပေးငွေချေစနစ်

ထူးခြားချက်အနေဖြင့် Eat Now, Pay Later အစီအစဉ်အဖြစ် ဝန်ထမ်းတစ်ယောက်ဖြစ်ရုံဖြင့် HR ထောက်ခံချက်နှင့်တကွ Quick Food တွင် ချေးငွေ (credit) လျှောက်ထားနိုင်ပြီး အနည်းဆုံးလစာ၏ ၂၀ ရာခိုင်နှုန်း Credit လျှောက်ထားနိုင်ပါသည်။ အဆိုပါစနစ်ဖြင့် အစားအသောက်များမှာယူနိုင်ပြီး Credit အသုံးပြုထုးာသော ပမာဏကို လစဉ် (၁) ရက်နေ့မှ (၇) ရက်နေ့အတွင်း အတိုးမဲ့ပြန်လည်ပေးဆောင်နိုင်မည် ဖြစ်သည်။

Image: Quick Food

Dine In – ကြိုတင်မှာယူထားပြီး ဆိုင်တွင် အဆင်သင့်သုံးဆောင်နိုင်မည့်

အိမ်အရောက်ပို့ဝန်ဆောင်မှုများသာမက Quick Food နှင့် ချိတ်ဆက်ထားသော ဟိုတယ်နှင့် အဆင့်မြင့်စားသောက်ဆိုင်ကြီးများတွင် ဆိုင်ထိုင်ပြီး သွားရောက်သုံးဆောင်လိုသူများအတနွက် Dine-In Feature ပါဝင်ပါသည်။ ထိုထူးခြားလုပ်ဆောင်ချက်ကြောင့် စားသောက်ဆိုင်ထိုင်ရာတွင် ကြုံရလေ့ရှိသည့် စောင့်ဆိုင်းချိန်ကြာမြင့်ခြင်ူး ပြဿနာများမှ ကင်းဝေးပြီး ဟင်းပွဲများနှင့် ပက်သက်ပြီး သုံးစွဲသူတို့၏ ညွှန်ကြားချက်များလည်း ပြုလုပ်နိုင်မည်ဖြစ်သည်။ ၎င်းအပြင် ပါဆယ်မှာယူပြီး ကိုယ်တိုင်လာယူလိုသူတို့အတွက် Self-Pickup လုပ်ဆောင်ချက်လညး် ပါဝင်ပါသည်။

Instant Delivery – အခုပစ္စည်းယူ၊ အခုချက်ချင်းအရောက်ပို့

အထက်ပါအားသာချက်များအပြင် ၃ ကီလိုမီတာ အကွာအဝေးအတွင်း ချက်ချင်းပို့ဆောင်ပေးမည့် လျင်မြန်သွက်လက်သော ချက်ချင်းပို့ (Instant Delivery) စနစ်ကြောင့် အရေးတကြီးပို့ဆောင်မှု ကိစ္စရပ်များကို ပြေလည်စေမည်ဖြစ်သည်။ အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ကုန်ပစ္စည်း အသေးစားများကို ရန်ကုန်မြို့တွင် နေ့ချင်းအော်ဒါကောက်၊ နေ့ချင်းပို့ပေးသည့် ဝန်ဆောင်မှုကို Quick Food တွင် ထည့်သွင်းထားသောကြောင့် မေ့ကျန်ပစ္စည်းများ အမြန်ပို့လိုသည့် အချိန်များတွင် Pick Up ခေါ်လိုက်ရုံဖြင့် အဆင်သင့်ရှိနေမည် ဖြစ်သည်။

Image: Quick Food

ချစ်ခြင်းမေတ္တာကို ဖော်ကြားပြသပေးနိုင်မည့် – Quick Food Gift Voucher

Quick Food သည် မြန်မာနိုင်ငံသား စားသုံးသူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် စေတနာများစွာဖြင့် စီစဉ်ထားသည့် Application ဖြစ်သည့် အားလျော်စွာ Gift Voucher Feature ကိုလည်း ထည့်သွင်းထားပါသည်။ မေတ္တာလက်ဆောင် ပေးပို့လိုသည့်အခါ သို့ ချစ်ခြင်းမေတ္တာကို ပြသရာများတွင်လည်းကောင်း Quick Food Gift Voucher များကို နီးစပ်ရာစတိုးဆိုင်များနှင့် စီးတီးမတ်စုပါမားကတ်များတွင် ဝယ်ယူရရှိနိုင်ပါသည်။

“Quick Food Application ကို iOS, Android, Huawei အပြင် Desktop Version မှာပါ အလွယ်တကူ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ Quick Food Application ကို download လုပ်ပြီး အသုံးပြုနိုင်တဲ့အပြင် uabpay, KBZPay, Onepay, AYA PAY, Citizens Pay အစရှိတဲ့ Bank Application တွေရဲ့ ဝန်ဆောင်မှုတွေမှာပါ အသုံးပြုနိုင်တဲ့ Mini App တစ်ခုအနေနဲ့ ထည့်သွင်းပေးထားပါတယ်” ဟု  Ko Aung Myo Thu, Chief Executive Officer မှ ပြောကြားခဲ့ပါသည်။

နေ့ရက်တိုင်းအတူတူဖြတ်သန်းမည့် Quick Food ၏ ဝန်ဆောင်မှုများနှင့် မိတ်ဖက်များအဖြစ် ပူးပေါင်း ဆောင်ရွက်လိုသူများ အနေဖြင့် အသေးစိတ်အချက်အလက်များအကြောင်း ထပ်မံသိရှိလိုသည်များရှိပါက Quick Food Facebook စာမျက်နှာနှင့် Quick Food Website တွင်လည်း လေ့လာကြည့်ရှုနိုင်ပါသည်။