တရုတ်မိန်းကလေးများရဲ့ live Video ၀န်ဆောင်မှုစျေးကွက် တစ်ဟုန်ထိုးကျယ်ပြန့်လာ

Image Source : https://www.linkedin.com

နုပျိုလှပတဲ့ မိန်းကလေးတွေရဲ့  live Video ၀န်ဆောင်မှုတွေဟာ တရုတ်ပြည်အမျိုးသားတွေကြား အထူးရေပန်းစားလို့နေပါတယ်။ ဒီလိုဖျော်ဖြေရေးအစီအစဥ်တွေကို ကြည့်ရှုသူတွေ နေ့စဥ်သန်းနဲ့ချီပြီး ရှိနေပါတယ်။ တရတ်နိင်ငံဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံးဖြစ်သလို လူပျိုလူလွတ် အမျိုးသားဦးရေဟာလည်း အမျိုးသမီးဦးရေထက် အဆမတန် ပိုမိုများပြားလို့နေပါတယ်။ ဒါ့ကြောင့်စျေးကွက်ရဲ့ လိုအပ်ချက်အရ ဒီလိုမိန်းကလေးငယ်တွေရဲ့ ဖျော်ဖြေရေး၀န်ဆောင်မှု အထူးအောင်မြင်လာရတာပေါ့။ ဒီကဏ္ဍရဲ့တန်ဖိုးကလည်း ဒေါ်လာ ၄.၃ ဘီလီယမ်လောက်တောင် ရှိတယ်လို့ဆိုကြပါတယ်။ ဒီဖျော်ဖြေရေး၀န်ဆောင်မှုတွေမှာ ရေပန်းစားတဲ့မိန်းကလေးတွေရဲ့ ၀င်ငွေဟာလည်း တစ်လဒေါ်လာသိန်းနဲ့ချီပြီးရှိနေပါတယ်။

ဒီလုပ်ငန်းတွေကို အစိုးရကိုယ်တိုင်ကလည်း စည်းကမ်းတကျ ခွင့်ပြုပေးထားပါတယ်။ အရင်နှစ်တုန်းက သတ်မှတ်စည်းကမ်းဖောက်ဖျက်တဲ့ ၀က်ဆိုဒ်လေးထောင်ကျော်နဲ့ လုပ်သား (၁၈၀၀၀) လောက်ကို အစိုးရက အပြစ်ပေးတဲ့အနေနဲ့ လုပ်ကိုင်ခွင့်ရုပ်သိမ်းလိုက်ပါတယ်။ တရုတ် မိန်းကလေးငယ်တွေရဲ့ live Video ၀န်ဆောင်မှုတွေနဲ့ ပက်သက်ပြီး ဒီလင့်ခ် ထဲကသတင်းအပြည့်အစုံကို အောက်မှာဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

တရုတ်မှာ မိန်းကလေးငယ်များ Live Video ကနေ အမျိုးသားများအား ဖျော်ဖြေခြင်း၊ စကားပြောခြင်း စတဲ့ ၀န်ဆောင်မှု စျေးကွက် တစ်ဟုန်ထိုး ကြီးမားလာပါတယ်။ နေ့စဉ် နေ့တိုင်း အွန်လိုင်းမှ မိန်းကလေးငယ်များရဲ့ ဖျော်ဖြေမှုကို ကြည့်ရှုကြတဲ့ အမျိုးသား အရေအတွက်ဟာ သန်းနဲ့ချီရှိပါ တယ်။

မိန်းကလေးများဟာ ရသမြောက်တဲ့ ဖျော်ဖြေမှုများကို ၀န်ဆောင်မှု ပေးကြသလို အချို့ကလည်း စကား စမြည် ပြောပေးကြပါတယ်။ အချို့ ကတော့ သူတို့ရဲ့ လူနေမှုဘဝကို ပြသကြပါတယ်။ ဒီလို ၀န်ဆောင်မှု ကို ပြုလုပ်ပေးနေတဲ့ ပလက်ဖေါင်း ၁၅၀ ခန့် တရုတ်မှာ ရှိနေပါတယ်။ အဲဒီ စျေးကွက်ဟာ ဒေါ်လာ ၄.၃ ဘီလီယမ် ရှိတယ်လို့ ကျွမ်းကျင်သူများက တွက်ချက်ကြပါတယ်။ Tencent အပါအဝင် ကုမ္ပဏီကြီးများကတောင် ဒီဝန်ဆောင်မှု နယ်ပယ်မှာ ခြေချလာကြပါပြီ။

လူကြိုက်များတဲ့ မိန်းကလေးများဟာ တစ်လလျှင် ဒေါ်လာ သိန်းဂဏန်း ရရှိကြပြီး အဲဒီငွေကို ၀က်ဆိုက်နဲ့ ခွဲဝေယူကြပါတယ်။ အချိန်ပိုင်း ဖျော်ဖြေ တင်ဆက်သူ Jing Qi က “ ကျွန်မကို လူတွေ ပိုမို ကြည့်စေချင်ပါတယ်။ ကြည့်ရှုသူများက ချီးမြှင့်တဲ့ ဒစ်ဂျစ်တယ် ငွေအကြွေစေ့များကို ငွေသား အဖြစ် ထုတ်ယူနိုင်ပါတယ်။ တစ်ချိန်ကျရင်တော့ ချမ်းသာပြီး ရုပ်ချောတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ချင်ပါတယ်။ အရပ်ရှည်တဲ့ အမျိုးသား ဖြစ်ရပါမယ်” လို့ Reuters သတင်းဌာနကို ပြောပါတယ်။

အဲဒီ ၀န်ဆောင်မှုများမှ ဖျော်ဖြေမှုများကို စည်းမျဉ်းဥပဒေများဖြင့် တရုတ်အစိုးရက ကိုင်တွယ်နေပါတယ်။ စည်းမျဉ်းကို ဖောက်ဖျက်တဲ့ ၀က်ဆိုက် ပေါင်း ၄၀၀၀ ကျော်နဲ့ ဖျော်ဖြေသူ အမျိုးသမီး ၁၈ ၀၀၀ ကို အစိုးရက ယခင်နှစ် ဇူလိုင်လမှာ လုပ်ကိုင်ခွင့် ရုတ်သိမ်းခဲ့ပါတယ်။