ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ Download ရနိုင်တဲ့ ၀က်ဆိုဒ်များ

Image Source : https://drawinglics.com

တီဗွီရှေ့ထွက်ကာရုပ်ရှင်ဇာတ်ကားများအား အပြိုင်အဆိုင်ကြည့်သည့်ကာလမရှိတော့ပါ။ ရုပ်မြင်သံကြားဇာတ်လမ်းတွဲများအား  အချိန်ပေးစောင့်ကြည့်ရခြင်းများ၊ ရုပ်သံအစီအစဉ်များအား တီဗွီရှေ့တွင်အလုအယက်ကြည့်ရခြင်းများ၊ ရုပ်မြင်သံကြားအားအားလပ်ချိန်တွင် ဖျော်ဖြေရေးအဖြစ် တွင်တွင်ကျယ်ကျယ်အသုံးပြုခြင်းများတဖြည်းဖြည်း နည်းပါးလာပြီဖြစ်သည်။ အကြောင်းမှာ ဗီဒီယိုဇာတ်ကားများအား အွန်လိုင်းပေါ်တွင် အဆင်သင့်ရယူနိုင်သည့် ဝက်ဘ်ဆိုက်များ အပြိုင်အဆိုင်ပေါ်ထွက်လာခြင်း၊ အွန်လိုင်းပေါ်တွင် တိုက်ရိုက်အစီအစဉ်များအား ကြည့်ရှုနိုင်ခြင်းတို့ကြောင်း ဖြစ်သည်ဟုကြည့်ရှုသူများကပြောကြားသည်။

ယခင်ကYoutubeကဲ့သို့ ရုပ်သံဖိုင်ဒေါင်းလုပ်ရယူနိုင်သည့်နေရာအပြင် ယခုအခါမြန်မာစာတမ်းထိုးဝက်ဘ်ဆိုကားများ အပြိုင်အဆိုင်ပေါ်ပေါက်လာခြင်း ကြောင့် ၀န်ထမ်းများအတွက် အဆင်ပြေလာသည်။ Youtube တစ်ခုကိုသာ အာရုံပြုရုပ်သံဖိုင်များဒေါင်းလုပ်ဆွဲကြရာမှ တစ် ဆင့် ဆိုရှယ်မီဒီယာပေါ်တွင် ဗီဒီယိုဖိုင်များတင်ကာ အချင်းချင်းမျှဝေကြသည်။ သဘောကျနှစ်သက်သူများက ယင်းဖိုင်များကို ဒေါင်းလုပ်ရယူကြသည်။ ယင်းနာက်မှတစ်ဆင့် နိုင်ငံခြာ းရုပ်သံဇာတ်လမ်းများကိုအချင်းချင်းမျှဝေမျှနိုင်မည့် ဝက်ဘ်ဆိုက်အနည်းငယ်ပေါ်ထွန်းလာသည်။ တဖြည်းဖြည်းချင်း ဝက်ဘ်ဆိုက်များ အလျှိုလျှိုများပြားလာသည်။

 

ဝန်ထမ်းအများစုမှာ ရုပ်သံအစီအစဉ်ကို အချိန်ပေးမကြည့်နိုင်၍ အွန်လိုင်းမှ ဒေါင်းလုပ်ရယူကြည့်ရှုကြသည်။ ရုံးတက်ရုံးဆင်းချိန်၊ အိပ်ရာဝင်ချိန်၊ ခေတ္တအနားယူချိန် စသည်ဖြင့် မိမိတို့ရနိုင်သရွေ့  အချိန်များတွင် အဆင်ပြေသလိုကြည့်ရှုနိုင်ခြင်းမှာ တွင်ကျယ်လာသည့်ဗီဒီယိုဇာတ်ကားဝက်ဘ်ဆိုက်များ၏ နောက်ဆက်တွဲကာင်းကျိုးများဟု ဆိုကြသည်။ “ရုံးတက်ရုံးဆင်းချိန် ကားကြပ်၊ လမ်းကြပ်တော့ အချိန်ကုန်တယ်လေ၊ အဲဒီတော့ဖုန်းထဲကို ရုပ်ရှင်သုံးလေးကား ဒေါင်းထားပြီး ထည့်ထားလိုက် အချိန်ရရင်ရသလိုကြည့် ဖြစ်တယ်” ဟု မရမ်းကုန်းမြို့နယ်မှ ဆူးလေသို့အလုပ်ဆင်းရသူ ကိုကျော်စိုးကပြောသည်။ ရုပ်ရှင်ဇာတ်ကားများဒေါင်းလုပ်ရယူနိုင်သည့် ဝက်ဘ်ဆိုက်အမျိုးအစားများစွာ ရှိလာသည်။ မြန်မာဇာတ်ကားများအား သီးသန့်ဒေါင်းလုပ်ရယူနိုင်မည့် ဝက်ဘ်ဆိုက်၊ အင်္ဂလိပ်ရုပ်ရှင်များ သီးသန့်ဒေါင်းလုပ်ရယူနိုင်မည့် ဝက်ဘ်ဆိုက်၊ စာတမ်းထိုးဇာတ်ကား၊ စာတမ်းမထိုးသည့် ဇာတ်ကား အစရှိသည်ဖြင့် မိမိအကြိုက်အပေါ်မူတည်၍ လိုအပ်သလိုဒေါင်းလုပ်ရယူနိုင် သည်။

 

“ကိုယ့်ဖုန်းဘီလ်နဲ့ဆိုရင်တော့ ပိုက်ဆံအများကြီးကုန်တယ်လေ၊ ရုံးရောက်တော့Wifi နဲ့ဒေါင်းထားလိုက်တယ်၊ တစ်နေ့ကို တစ်ကားလောက်ပဲ၊ ရုံးအပြန် ဖယ်ရီပေါ်မှာကြည့်တယ်၊ လိုင်းကားစီးတဲ့နေ့တွေဆိုလည်း လိုင်းကားပေါ်မှာ ကြပ်ကြပ်နဲ့ ကြည့်တယ်” ဟု ကုမ္ပဏီဝန်ထမ်း မဆုမွန်အောင်ကပြောသည်။ ရုပ်ရှင်ဇာတ်ကားများသာ ဒေါင်းလုပ်ရယူနိုင်သည် မဟုတ်၊ ရုပ်သံအစီအစဉ်များတွင်လွှင့်နေသည့် ဇာတ်လမ်းရှည်များကိုလည်း အပိုင်းလိုက် အွန်လိုင်းပေါ်တွင်တင်ပေးသူများ ရှိလာ၍ ကုမ္ပဏီဝန်ထမ်းများအတွက် အဆင်ပြေစေသည်ဟုဆိုသည်။ “ ဒီနေ့ည လွှင့်လိုက်တယ်၊ ဒါပေမဲ့ ကိုယ်ကအလုပ်ကနောက်ကျတာတို့၊ မအားလို့ မကြည့်ဖြစ်တာတို့ဆိုမပူရတော့ဘူး၊ နောက်နေ့ YouTube ပေါ်မှာ တက်လာသလား၊ ဒါမှမဟုတ် သက်ဆိုင်ရာအွန်လိုင်း စာမျက်နှာပေါ်မှာ တင်ပေးသလားကြည့်ပြီး ဒေါင်းလုပ်ဆွဲလိုက်ရုံပါပဲ” ဟု မဆုမွန်အာင်က ဆက်လက်ပြောကြားသည်။ Myanmar Idol ကဲ့သို့သော ရုပ်သံတိုက်ရိုက်အစီအစဉ်များကို အွန်လိုင်းပေါ်မှ တိုက်ရိုက်ကြည့်ရှုနိုင်လာခြင်းက ရုပ်မြင်သံကြားရှေ့ကို တကူးတကသွားရောက်စရာမလိုတော့သည့် အကြောင်းများဖြစ်လာသည်ဟု ကိုကျော်စိုးကပြောသည်။

အဓိကအားဖြင့် မြန်မာစာတမ်းထိုး ဇာတ်ကားများကိုနှစ်ခြိုက်ကြောင်း အင်တာနက်ဂျာနယ်မှ မေးမြန်းထားသူငါးဦး၏ဖြေကြားချက်အရသိရသည်။ “အရင် ဒေါင်းလုပ်ဆွဲတယ်၊ စာတမ်းထိုးတာနားမလည်တော့ နားလည်အောင် အင်္ဂလိပ်စာတမ်းထိုးပြန်ပြန်ကြည့်နေရာတာမျိုးလည်းရှိတယ်၊ အဲဒါကြောင့် အခုနောက်ပိုင်း အင်္ဂလိပ်ဇာတ်ကား စာတမ်းမထိုးတာကိုပဲရှာဒေါင်းဖြစ်တယ်၊ ဒါပေမဲ့ အင်္ဂလိပ်လိုလည်းနားမလည်တော့ မြန်မာစာတမ်းထိုးဇာတ်ကားတွေကိုပဲ အများစုရှာဒေါင်းဖြစ်ပါတယ်” ဟု ရုပ်ရှင်ကားများ အွန်လိုင်းမှပုံမှန်ကြည့်သူ ကိုဟိန်းထက်ကပြောသည်။ အများအားဖြင့် မြန်မာစာတမ်းထိုးဇာတ်ကားများကို Channel Myanmar နှင့် Gold Channel ၀က်ဘ်ဆိုက်များမှ ဒေါင်းလုပ်ရယူသူများကြောင်း၊ မြန်မာဇာတ်ကားများကိုမူ Burmese Classic မှရယူကြကာ အခြား Fiv Channel နှင့် Myanmar Subtitlemovie.mobi အစရှိသည့် ၀က်ဘ်ဆိုက်များမှလည်းရယူကြကြောင်း သိရသည်။

ယခင်ကရွေးချယ်စရာနည်းခဲ့သော်လည်း ယခုနောက်ပိုင်းတွင်ရုပ်ရှင် ဇာတ်ကားများ ဒေါင်းလုပ် ရယူနိုင်သည့် ဝက်ဘ်ဆိုက်အရေအတွက်များပြားလာသည်။ဇာတ်ကားသစ်များအားလည်းအချိန်နှင့်တစ်ပြေးညီနီးပါးလွှင့်တင်ပေးခြင်းမျိုး ရှိလာသည်။ “ရုပ်ရှင်ရုံမှာ တင်တာမှမကြာ သေးဘူး၊ တစ်ပတ်နှစ်ပတ်လောက်ကြာတော့ မြန်မာစာတမ်းထိုးပြီးသား လိုင်းပေါ်မှာ အဆင်သင့်ဒေါင်းရုံပဲ၊ အဲဒါကြောင့် တော်ရုံဆိုရုပ်ရှင်ရုံသွားကြည့်မနေတော့ဘူးဟုရုပ်ရှင်ဇာတ်ကားဝါသနာအိုး မစုစုသန်းကပြောသည်။ ရုပ်ရှင်ဇာတ်ကား ဝက်ဘ်ဆိုက်များမှ ဒေါင်းလုပ်ဆွဲထားကာ ပြန်လည်ရောင်းချပေးသည့် ဆိုင်ငယ်များ လည်းရှိလာကြောင်း၊ အဆိုပါဆိုင်များမှ နယ်ဒေသများတွင် ပိုမိုများပြားကြောင်း သိရသည်။ “ဇာတ်ကားတစ်ကားကို ၂၅၀နှုန်းနဲ့ဝယ်နိုင်အောင် လုပ်ပေးထားတာပါ၊ စတစ် ဒါမှမဟုတ် External Hard disk နဲ့သွားဝယ်ရတာမျိုးဖြစ်ပါတယ်” ဟု မန္တလေးမြို့မှ ရုပ်ရှင်ဝါသနာအိုးကိုနေလင်းက ပြောသည်။ ထိုကဲ့သို့ဆိုင်မျိုး ရန်ကုန်တွင်လည်းရှိပြီး 1GB အပြည့်၊ 10 GB အပြည့်၊ 50 GB အပြည့် ရုပ်ရှင်ဇာတ်ကားမျ ားရယူပါက မည်မျှကျသင့်မည်ဆိုသည့် နှုန်းထားဖြင့် တွက်ချက်ရောင်းချခြင်းမျိုးလည်းရှိကြောင်း သိရသည်။

အွန်လိုင်းမှဗီဒီယိုဇာတ်ကားရယူနိုင်သည့်နေရာများမှာ ဝက်ဘ်ဆိုက်လိပ်စာများအပြင် ဆိုရှယ်မီဒီယာစာမျက်နှာများလည်း ရှိသည်။ အချို့ဖေ့စ်ဘုတ် စာမျက်နှာများမှတစ်ဆင့် ၀က်ဘ်ဆိုက်လိပ်စာလို့ Link ပေးညွှန်းဆိုခြင်းများလည်းရှိသည်။

ဝက်ဘ်ဆိုက်များမှာ ဇာတ်ကားဒေါင်းနည်း အပြင် အသုံးပြုသူများအတွက် User Guide ကဲ့သို့သောအရာများ၊ ရုပ်ရှင် မြန်မာစာတမ်းထိုးနည်းကဲ့သို့သော အသိပညာဝေမျှခြင်းများလည်းပေးထားသည်ကို တွေ့ရသည်။ “ဝက်ဘ်ဆိုက်တွေကတာ့ တစ်ခုနဲ့တစ်ခုမတူဘူး၊ တစ်ချို့ဆိုက်တွေကတော့ များသောအားဖြင့်တော့ Youtube ကဒေါင်းတာပါ၊ ဒါပေမဲ့သိပ်မကြည်တာတွေရှိတယ်။ ဝက်ဘ်ဆိုက်တွကလည်းဒေါင်းဖြစ်ပါတယ်ဟု ရုပ်ရှင်ဇာတ်ကားကြိုက်သူမသဲသဲက ပြောသည်။ ဝက်ဘ်ဆိုက်များတွင် ပင်မစာမျက်နှာ၊ အင်္ဂလိပ်ဇာတ်ကားများ၊ ဟောလိ၀ုဒ်၊ ဘောလိ၀ုဒ်ဇာတ်ကားများ၊ ကိုရီးယား၊ တရုတ်ကဲ့သို့သောအာရှဇာတ်ကားများကို သီးသန့်ရယူဒေါင်းလုပ်ပြုလုပ်နိုင်ရန် နေရာများပေးထားသည်ကိုတွေ့ရသည်။

“ရုပ်ရှင်အမြည်းအဖြစ် ဇာတ်လမ်းအကျဉ်းချုပ်ကို ဖော်ပြပေးထားတာမျိုး၊ ထွေလာလေးတွေတင်ပေးတာမျိုးတွေနဲ့ တင်ဆက်တဲ့ဝက်ဘ်ဆိုက်တွေကိုလည်း သဘာကျတယ်၊ ရုပ်ရှင်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေ အတွက်တော့ ဗီဒွီယိုဇာတ်ကားဝက်ဘ်ဆိုက်တွေပေါ်လာတာ အရမ်းကာင်းတယ်လို့မြင်တယ်” ဟု ကိုနေလင်းကဆိုသည်။ အခကြေးငွေပေး၍ နိုင်ငံတကာရုပ်ရှင်ဇာတ်ကားများကို ကြည့်ရှုနိုင်မည့်ဝန်ဆောင်မှု iflix အား ပြည်တွင်းတွင်မိတ်ဆက်ခဲ့ရာ ရုပ်ရှင် ၀ါသနာအိုးများအတွက် သဘောကျစရာဖြစ်ခဲ့သည်။ ပြည်တွင်းရှိ ရုပ်ရှင်ဇာတ်ကာများနှင့် ကမ႓ာကျော် ရုပ်ရှင်ဇာတ်ကားများကို အခကြေးငွေပေး၍ အင်တာနက်မှကြည့်ရှုနိုင်မည့် အဆိုပါ ဝန်ဆောင်မှု iflix ကို မြန်မာနိုင်ငံတွင်မတ်လ ၉ ရက်မှ စတင်ကာ မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ဇာတ်ကားများအခမဲ့ဒေါင်း လုပ်ရယူနိုင်သည့် ၀က်ဘ်ဆိုက်အချို့

ChannelMyanmar
BurmeseClassic
YTS
GoldChannel
http://fivchannel.blogspot.com/
http://www.myanmarsubtitlemovie.com/channel.php
http://www.burmeseclassic.mobi/
http://www.myanmarasiantv.com/

ဒီလိုရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေ Download ရနိုင်တဲ့ ၀က်ဆိုဒ်တွေအကြောင်းကိုသေသေချာချာလေး ဖော်ညွန်းပေးသွားတဲ့၀က်ဆိုဒ်လိပ်စာကတော့ http://www.internetjournal.media/?p=60926 ပဲဖြစ်ပါတယ်။

ရုပ်ရှင်၊ ဗီဒီယိုတွေကြည့်ဖို့ မိမိရဲ့အားလပ်ရက်တစ်ရက်ကို အဆုံးရှုံးခံစရာမလိုတော့ဘဲ ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့ဇာတ်ကားကို တစ်ကိုယ်ရေသုံးဖုန်းလေးနဲ့ အလွယ်တကူ Download ယူပြီးကြည့်ရှုခံစားနိုင်ခြင်းကလည်း တိုးတက်နေတဲ့နည်းပညာခေတ်ကြီးရဲ့ အချိန်ကိုချွေတာခြင်းတစ်ခုဆိုတာထက်ကိုပိုပြီးတော့ လူတွေအတွက်အကျိုးရှိစေပါတယ်။ ခရီးေ၀းသွားတဲ့ယာဥ်ပေါ်မှာ အပျင်းပြေစေဖိုအတွက်ဖြစ်စေ၊ အလုပ်ပိတ်ရက်နဲ့အနားယူချိန်တွေမှာ တစ်ဦးတည်းနေတတ်သူတွေအတွက်တော့ အချိန်တွေဖြတ်သန်းဖို့ နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။