Facebook Group သို့၀င်ရောက်ဖို့ မေးခွန်း(၃)ခု ဖြေဆိုရမယ့်စနစ် စီစဉ်နေ

Image Source : https://www.pexels.com

အခုလက်ရှိမှာတော့ Facebook အသုံးပြုသူတွေဟာ မိမိ၀င်ရောက်လိုတဲ့ Group ထဲသို့ Request လုပ်လိုက်ရုံပါပဲ။ Group ထဲက အဖွဲ၀င်တစ်ဦးဦးကပဲဖြစ်ဖြစ်၊ Admin တွေကပဲဖြစ်ဖြစ် အဲဒီ Request ကို Accept လုပ်ပေးလိုက်တာနဲ့ ကိုယ်ကအဖွဲ၀င်ဖြစ်သွားပါပြီ။ ပြီးတော့ မိမိရှိနေတဲ့ Group ထဲသို့ အသိမိတ်ဆွေတစ်ဦးဦးကို ထည့်သွင်းလိုပါကလည်း အလွယ်တကူ Add လိုက်ရုံဖြင့် အဖွဲ့၀င်ဖြစ်ခွင့်ရသွားပါမယ်။

ဒါပေမယ့် ဒီလို Group Member ဖြစ်ရေးကိစ္စကို အပြောင်းအလဲလုပ်ဖို့ Facebook ကစီစဉ်နေပါပြီ။ ဘယ်လိုစီစဉ်နေလဲဆိုတော့ Group ထဲ၀င်ရောက်ဖို့ Request လုပ်ရာမှာ မေးခွန်း(၃)ခုဖြေပေးရမှာပဲ ဖြစ်ပါတယ်။ အဲဒီဖြေဆိုမှုတွေကိုလည်း Admin တွေကိုယ်တိုင် စစ်ဆေးရမှာဖြစ်ပါတယ်။ မေးခွန်းတွေကတော့ Group နဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေဖြစ်ပြီး ဒီလိုဖြေဆိုထားမှုတွေကိုစစ်ဆေးပြီး လက်ခံပေးရန်သင့်၊မသင့် ဆုံးဖြတ်တာက Admin အနေနဲ့ ပိုမိုလွယ်ကူစေမယ်လို့ ဆိုထားပါတယ်။ Group ထဲသို့၀င်ရောက်ဖို့ Invite လုပ်ခံရသူတွေ အနေနဲ့လည်း ဒီလိုပဲ မေးခွန်း(၃)ခု ဖြေပေးရမှာဖြစ်ပါတယ်။ ဒီစနစ်ကတော့ Group အတွက်ကြည့်မယ်ဆိုရင် ကောင်းတဲ့ဘက်ကို အနည်းငယ်ရှိနိုင်တယ်ဆိုပေမယ့် အဖွဲ၀င်ဖြစ်လိုသူတွေအတွက်တော့ အနှောင့်အယှက် ဖြစ်စေပါတယ်။ Group နဲသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ရေရေလည်လည် မသိထားဘူးဆိုရင်တော့ အခက်အခဲကြီးသွားနိုင်ပါတယ်။

အခုအချိန်မှာတော့ ဒီစနစ်သို့ မပြောင်းလဲသေးပါဘူး။ အချိန်အတိုင်းအတာတစ်ခုလောက်ထိတော့ ကြာဦးမှာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာတော့ အကောင်အထည်ဖော်ဖို့ Facebook ကအားထုတ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ပက်သက်ပြီး ဒီလင့်ခ် ထဲမှာဖော်ပြထားတဲ့ အကြောင်းအရာတွေကို အောက်မှာဆက်လက်မျှ ေ၀ပေးပါမယ်။

Facebook အနေနဲ့ မူလရှိပြီးသား Group တွေကို ၀င်ရောက်တော့မယ်ဆိုရင် မေးခွန်းတစ်ချို့ ဖြေဆိုပြီးမှသာ ၀င်ခွင့်ပေးတော့မယ်လို့ သိရပါတယ်။
Facebook Group ကိုဝင်ရောက်တဲ့အခါမှာ admin မှ မိမိ Group ကို ဝင်ရောက်ခွင့်ပြုရန်အတွက် တောင်းခံသူများမှ မေးခွန်း 3 ခုကို ဖြေကြားပြီးမှသာ Group အတွင်းသို့ ဝင်ရောက်ခွင့်ပြုရတော့မှာ ဖြစ်ပါတယ်။ ယခင်ကတော့ Group တစ်ခုကို ၀င်ရောက်လိုတယ်ဆိုရင် Admin တစ်ယောက်ယောက် ဒါမှမဟုတ် အဖွဲ့ဝင်တစ်ဦးက accept လုပ်တာနဲ့ ၀င်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Group Admin မှ ဖြစ်နိုင်ခြေရှိသော အဖွဲ့ဝင်များကိုသာ ခွင့်ပြုရမည်ဖြစ်ပြီး Group Troll သို့မဟုတ် Spam ထဲသို့မရောက်ရှိစေရန် Admin မှ သေချာစွာ ခွင့်ပြုရမှာဖြစ်တယ်လို့ TechCrunch မှာဖော်ပြထားပါတယ်။
Facebook Group ဝင်ခွင့်ရရန် အလားအလာရှိသော အဖွဲ့ဝင်များသည် စကားလုံး 250 ထိဖြေဆိုနိုင်ပြီး ဖြေဆိုမှုများကို Admin နှင့် ၎င်းကို ထိန်းသိ်မ်းသူသာလျှင်မြင်တွေ့ရမှာဖြစ်ပြီး ဒီဖြေဆိုမှုတွေကိုGroup မှာ တင်တာမျိုးလည်း ပြုလုပ်မှာမဟုတ်ဘူးလို့ facebook က ဆိုပါတယ်။ Group ထဲကိုဝင်ရောက်ရန် ဖိတ်ခေါ်ခံရသူများ အနေဖြင့်လည်း မေးခွန်းများကို ချက်ချင်းဖြည့်ရန်လိုအပ်ပြီး သတိပေးအကြောင်းကြားသည့် ချိတ်ဆက်မှု (Linked) ကိုလည်း ရရှိမှာဖြစ်ပါတယ်။
Group အတွင်း ဝင်ခွင့်လျှောက်ထားသူတွေအနေနဲ့လည်း ၎င်းတို့ ပြန်လည်ဆန်းစစ်မှု ပြုလုပ်သည့်တိုင်အောင် အဖြေတွေကို ထပ်ပြီးဖြည့်စွက်လိုက ဖြည့်စွက်ဖြေကြားနိုင်ပါတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလိုမေးခွန်း မေးမြန်းခြင်းဟာအဖွဲ့ဝင်ဖြစ်ရန် တောင်းခံသူကို အဖွဲဲ့ဝင်အဖြစ် အတည်ပြုဖို့ မြန်မြန်ဆန်ဆန် ဆန်းစစ်နိုင်မှာဖြစ်ပြီး စျေးကွက်ရှယ်ယာအတိုးနှုန်းတွေ ဒါမှမဟုတ် အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့မှုများကို ရှာဖွေနေသူတွေအဖို့ ပိုပြီးလျင်လျင်မြန်မြန် ချိတ်ဆက်နိုင်မှာဖြစ်ပါတယ်လို့ Facebook မှ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
အသစ်ပြုလုပ်လိုက်တဲ့ဒီစနစ်က တိကျသောလူသစ်များကို Group ထဲ ၀င်ခွင့်ပြုရာမှာ အထောက်အကူပြုမှာဖြစ်ပြီး Group ထဲကို မသက်ဆိုင်သူ တစ်ဦး ရောက်နေသည်ဆိုသည့် အကြောင်းအရာများ နည်းပါးသွားနိုင်ခြေ ရှိလာမယ်လို့လည်း Facebook က မျှော်မှန်းထားပါတယ်။
ဒါပေမယ့် ဒီ Group အစီအစဉ်ကို လက်ရှိမှာတော့ ၀န်ဆောင်မှုပေးနိုင်ခြင်း မရှိသေးဘူးလို့ facebook CEO Mark Zuckerberg ကပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မကြာတော့မယ့်ကာလမှာ ဒီလိုမျိုး Facebook group တွေနဲ့ပတ်သက်တဲ့ update တွေကိုပေးလာနိုင်ဖို့ မျှော်လင့်ထားပြီး Group Admin နဲ့ တစ်ခြား Group ကိုထိန်းသိမ်းသူတွေအနေနဲ့  ပိုမိုတိကျတဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်လာနိုင်စေမယ်လို့လည်း Facebook ကုမ္ပဏီမှ တာဝန်ရှိသူတွေက မျှော်မှန်းထားကြပါတယ်။

တန်ဖိုးရှိသောဦးဆောင်မှုများကို လမ်းညွှန်ုပြနိုင်သည့် Update အသစ်များသည် Group Admin များမှ မည်သူကမေးခွန်းကိုရွေးနိုင်ပြီး မည်သူ့ကို Group ထဲထည့်ရန် ဆုံးဖြတ်နိုင်ခြင်းတို့ကို ပိုမိုထိန်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် အွန်လိုင်းအဖွဲ့အစည်းများကိုလည်း မြင်နိုင်သကဲ့သို့ အော့ဖ်လိုင်းအဖွဲ့အစည်းများကိုလည်း မြင်တွေ့နိုင်ပါတယ်။ ၎င်းတို့ကြားလစေ့စပ်ညှိနှိုင်းမှုများကို ပြုလုပ်နိုင်သကဲ့သို့ ပိုမိုခိုင်မာသောလအဖွဲ့အစည်းတစ်ခုအဖြစ် ဦးဆောင်နိုင်ရန် အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Group က ခုချိန်မှာတော့ ခေါင်းဆောင်သူတွေအတွက် ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် မလုပ်ဆောင်ရပါသေးလို့ Facebook ရဲ့ CEO ဖြစ်သူ Mark Zuckerberg က ဖေဖော်ဝါရီလတုန်းက ပြောကြားခဲ့ပါတယ်။ Facebook က Chicago နိုင်ငံမှာဇွန်လက Group Admin ကို ပထမဦးဆုံးအသုံးပြုနေခြင်း ဖြစ်ပါတယ်။ Group နဲ့ပတ်သက်သော Update များကို ပိုမိုအသုံးပြုနိုင်ဖို့ မျှော်လင့်ပြီး Admin နှင့် ထိန်းသိမ်းသူများ၏ ပိုမိုတိကျသော စည်းမျဉ်းများနှင့် ခွင့်ပြုချက်များကို သတ်မှတ်နိုင်မှာဖြစ်ပါတယ်။