HUAWEI P40 Series မိတ်ဆက်ပွဲမှ လေ့လာစရာထူးခြားချက်များအကြောင်း

HUAWEI Consumer Business Group ရဲ့ အမှူဆောင် အရာရှိချုပ်ဖြစ်သူ “Richard Yu” က နောက်ဆုံးပေါ် Flagship စမတ်ဖုန်းတွေဖြစ်တဲ့ HUAWEI P40 ၊ HUAWEI P40 Pro နဲ့ HUAWEI P40+ တွေကို မတ်လ ၂၆ ရက်နေ့မှာ မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီ Launch Event မှာ P40 Series ရဲ့ စိတ်ဝင်စားစရာအချက်တွေကိုကြေညာပေးခဲ့သလို ထူးခြားချက်တွေကို အောက်ပါအတိုင်းဖော်ပြလိုက်ပါတယ်။
Premium စမတ်ဖုန်းတွေလို ကြွရွလှပတဲ့ဒီဇိုင်းအဖြစ် ထွက်ရှိလာတဲ့ P40 Series
HUAWEI P40 Pro နဲ့ HUAWEI P40 Pro+ တွေဟာ HUAWEI ရဲ့ Quad-curve Overflow Display အသုံးပြုထားပါတယ်။ ရေအပြည့် ဖြည့်ထားတဲ့ ခွက်ပေါ်မှာတည်ငြိမ်နေတဲ့ ရေရွှေ့လျှားမှုပုံစံအတိုင်းမြင်တွေ့ရတဲ့ P40 Series Display ဟာ Bezel လည်းသေးသွယ်တဲ့အပြင် ဖုန်းအနားသတ်တွေကိုပါ ဘောင်မဲ့ဒီဇိုင်းဖြစ်အောင် ဖန်တီးထား ပါတယ်။ P40 နဲ့ P40 Pro တွေဟာ Glossy Glass ကိုယ်ထည်နဲ့ ရရှိနိုင်မှာဖြစ်ပြီးရွေးချယ်နိုင်မယ့် အရောင်တွေက Ice White ၊ Deep Sea Blue ဒါမှမဟုတ် အနက်ရောင်တို့ ဖြစ်ပါတယ်။ ဒါ့အပြင် Matte Glass အရောင်နှစ်မျိုးကိုပါ ရွေးချယ်နိုင်မှာဖြစ်ပြီးထိုအရောင်တွေက Blush Gold နဲ့ Silver Frost အရောင်တွေပါ။ HUAWEI P40 Pro+ မှာတော့ Nanotechnology Nano-tech နည်းပညာနဲ့ ပြုလုပ်ထားတဲ့ Ceramic ကိုယ်ထည်သားအသုံးပြုထားပြီး White Ceramic နဲ့ Black Ceramic လိုဂန္ထဝင်ဆန် အရောင်တွေနဲ့ ရရှိမှာပါ။ P40 Pro+ မှာတမူထူးခြားချက်အနေနဲ့ ရရှိနိုင်တာက Swarovski Crystals နဲ့ ပုံဖော်ထားမယ့် Limited Edition Glamourous Case ပဲဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/en/phones/p40-pro/

ရင်သပ်ရှုမောစရာ Photography ရိုက်ချက်တွေရရှိနိုင်မယ့် P40 Series
HUAWEI P40 Pro မှာ Leica Quad Camera အသုံးပြုထားပြီး Ultra-wide Cine Camera လုပ်ဆောင်ချက် ToF Camera ထူးခြားချက်နဲ့အတူအဆ 50x ဆွဲရိုက်နိုင်တဲ့ SuperSensing Zoom ကင်မရာစွမ်းရည်တွေပိုအဆင့်မြင့်လာပါတယ်။ P40 Pro နဲ့ အဝေးကပုံရိပ်တွေကို 5x Optical Zoom နဲ့ ရိုက်ကူးနိုင်သလို 10x Hybrid Zoom ပါဝင်တဲ့အပြင် ပထမဆုံးအနေနဲ့ Digital Zoom ကို 50x အထိရိုက်လာနိုင်ပါတယ်။ အခုလို Telephoto Camera စွမ်းဆောင်ရည် ပိုကောင်းလာတဲ့ P40 Pro မှာ RYYB Colour Filter အသုံးပြုပေးထားပြီးအလင်းဝင်အားပိုကောင်းလာတဲ့ အားသာချက်အပြင် Zoom ဆွဲရိုက်တဲ့အခါ အရည်သွေးပိုကောင်းတဲ့ ပုံရိပ်တွေကိုရရှိစေပါတယ်။ HUAWEI P40 Pro+ မှာဆိုရင် နောက်တစ် Level ထပ်တိုးပေးနိုင်တဲ့ SuperZoom Array နည်းပညာအသုံးပြုထားပြီး 10x True Optical Zoom ထောက်ပံ့ထားသလို Digital Zoom ကိုအမြင့်ဆုံးအဆ 100x အထိရိုက်နိုင်မှာပါ။ ဒီလိုရိုက်နိုင်တာ P40 Pro+ မှာ Periscope ဒီဇိုင်းအသစ်ကို အသုံးပြုထားတာဖြစ်ပြီးအလင်းတုံ့ပြန်အားကို ၅ ဆ ပိုကောင်းစေသလိုအလင်းဝင်အားကို ၁၇၈ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်တဲ့အတွက် Optical Zoom ကို 10x အထိရိုက်နိုင်တာဖြစ်ပါတယ်။ OIS နည်းပညာအထောက်ပံ့ပါဝင်တဲ့ UltraVision Wide Camera နဲ့ SuperZoom Array Camera တွေကို AI နဲ့ ပေါင်းစပ်ထားပြီးဓာတ်ပုံနဲ့ ဗီဒီယိုရိုက်တဲ့အခါမျိုးမှာ Stabilization ပိုကောင်းစေမယ့် OIS+AIS နည်းပညာကို AI နဲ့ အားဖြည့်ထားပါသေးတယ်။
HUAWEI P40 Pro နဲ့ P40 Pro+ တွေမှာ 32MP AF Selfie Camera အသုံးပြုထားပြီး IR Depth Camera အကူညီနဲ့ Autofocus ၊ Bokehရိုက်ချက်တွေပြည့်စုံစေဖို့ ထောက်ပံ့ထားပါတယ်။ အဲ့ဒါကြောင့် Portrait အလှတွေမှာ HUAWEI Device ဆိုတဲ့အတိုင်းပြောင်မြောက်တဲ့ ရိုက်ချက်နဲ့ ဖန်တီးနိုင်မယ်၊ နောက်အားသာချက်ကအလင်းရောင် အားနည်းချိန်မျိုးမှာ IR Camera နဲ့ Face Unlock အသုံးပြုနိုင်ပါတယ်။ HUAWEI P40 Series အားလုံးမှာ HUAWEI Golden Snap လုပ်ဆောင်ချက်ပါဝင်လာပြီးအဆိုပါ Gallery Feature ဟာ AI အကူညီနဲ့ ရွေ့လျားနေတဲ့ ရိုက်ချက်တွေရိုက်ကူးတဲ့အခါ အကောင်းဆုံး Shot ကိုရွေးချယ်နိုင်မှာပါ။ AI Remove Passerby နဲ့ AI Remove Reflections လုပ်ဆောင်ချက်တွေက မလိုအပ်တဲ့ ပစ္စည်းတွေနဲ့ လူတွေကို Picture Frame ထဲကဖယ်ရှားပေးနိုင်မှာဖြစ်ပြီးပုံရိပ်မှာအလင်းပြန်နေတာ မျိုးကိုလည်းဖျောက်ပစ်နိုင်တဲ့အတွကပိုမိုကောင်းမွန်တဲ့ ရိုက်ချက်တွေကိုရရှိစေမှာပါ။
ပိုမိုကောင်းမွန်တဲ့ Video လုပ်ဆောင်နိုင်စွမ်းရှိ P40 Series
ပြီးခဲ့တဲ့နှစ်တုန်းက Mate 30 Pro ရဲ့ SuperSensing Cine Camera လုပ်ဆောင်ချက်ကိုအသားပေးတဲ့အနေနဲ့ သုံးစွဲသူတွေကို Challenge တစ်ခုလုပ်ပေးခဲ့ပါတယ်။ ဒီ Challenge ကတော့ HUAWEI စမတ်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုအတိုပြိုင်ပွဲ HUAWEI Film Awards ပဲဖြစ်ပါတယ်။ အခု HUAWEI P40 Pro နဲ့ P40 Pro+ မှာအသုံးပြုထားတဲ့ 40MP Ultra-wide Cine Camera ဟာ 3:2 Aspect Ratio ထောက်ပံ့ထားပြီး 18mm နဲ့ ညီမျှတဲ့ Focal Length နဲ့ 1/1.54” အရွယ်စားရှိတဲ့ Sensor ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ SedecimPixel Fusion နည်းပညာကလည်း 16-in-1 Pixel Binning စနစ်ကိုထောက်ပံ့တဲ့အတွက် 4.48μm နဲ့ညီမျှတဲ့ Pixel Size ရရှိစေပါတယ်။ ဒါကြောင့်လည်း Light Sensitivity ပိုင်ကောင်းသလို ISO 512,000 အထိထောက်ပံ့လာပါတယ်။ Ultra Slow-motion ဗီဒီယိုရိုက်ချက်တွေမှာလည်း 7,680fps နှုန်းနဲ့ ရိုက်ကူးနိုင်ပါတယ်။ အလင်းရောင်အားနည်းချိန်မှာလည်း Camera Lens တွေပိုပြီးတော့ Powerful ဖြစ်လာတဲ့အတွက်ကြောင့် Ultra Slow-motion လုပ်ဆောင်ချက်အပြင် Real-time Bokehရိုက်ချက် ၊ 4K Time-lapse Videography အပိုင်းတွေပိုကောင်းလာပါတယ်။ အခုလို Video ပိုင်းလုပ်ဆောင်ချက်တွေအပြင် Audio Zoom Feature လည်းပါဝင်လာခဲ့ပြီးစမတ်ဖုန်းနဲ့ အသံဖမ်းတဲ့အခါ ပိုမိုတိကျပြတ်သားပြီးအရည်သွေးကောင်းမွန်စွာနဲ့ ဖမ်းယူနိုင်မှာဖြစ် ပါတယ်။

Photo Source https://consumer.huawei.com/en/phones/p40-pro/

5G နဲ့အတူစွမ်းဆောင်ရည်ပိုင်းမှာလည်းပိုမိုမြန်ဆန်လာတဲ့ P40 Series
5G နည်းပညာမှာဦးဆောင်နေတဲ့ HUAWEI က P40 Series မှာလည်း 5G ကွန်ရက်စနစ်ကိုထည့်သွင်းပြီးသားဖြစ်ပါတယ်။ 160MHz Wi-Fi 6 နည်းပညာကိုလည်းအသုံးပြုထားပြီးသီအိုရီအရအမြန်ဆန်ဆုံးမြန်နှုန်းဖြစ်မယ့် Peak 2,400Mbps ချိတ်ဆက်မှုကိုထောက်ပံ့ထားပါတယ်။ HUAWEI P40 Pro+ မှာ Industrial Leading နည်းပညာဖြစ်တဲ့ 40W Wireless SuperChargeနည်းပညာအသုံးပြုထားပါတယ်။ အပူစွန့်ထုတ်မှုအပိုင်းတွက် Bespoke 4-in-1 SuperCooling စနစ်ပါဝင်ပါတယ်။
Full HD Video Call နဲ့အတူ Feature ပိုမိုစုံလင်လာတဲ့ EMUI 10.1
EMUI 10.1 ဟာ Feature မျိုးစုံကိုတစ်စုတစည်းထဲဖော်ဆောင်ပေးထားတာဖြစ်ပြီးပြည့်စုံကောင်းမွန်တဲ့ AI စနစ်နဲ့ ထောက်ပံ့ထားပါတယ်။HUAWEI MeeTimeမှာတော့ Video Call ကို 1080p Full HD အထိထောက်ပံ့ထားပြီးအလင်းရောင်အားနည်းချိန်မှာလည်းပိုမိုကြည်လင်ပြတ်သားတဲ့ အရည်သွေးနဲ့ P40 Series အားလုံးမှာအသုံးပြုနိုင်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း Video Call ပြောတဲ့အခါ Screen Sharing Feature အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Video Streaming Service ပါဝင်လာဦးမယ့် HUAWEI Video
မတ်လအကုန်ကနေစပြီးတော့ HUAWEI Video မှာ Video Streaming ဝန်ဆောင်မှုပါဝင်လာမှာဖြစ်ပြီးအသုံးပြုနိုင်မယ့် Channel တွေက The Explorers ၊ DailyMotion ၊ BBC News ၊ MangoTV ၊ Stingray Qello ၊ ToonGogglesနဲ့ TVB တို့ပါ။ အဆိုပါ Streaming Service ကိုအိန္ဒိယ ၊ ဟောင်ကောင် ၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေမှာစတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ HUAWEI Video အသုံးပြုသူတွေအနေနဲ့ ဆိုရင်တော့ MangoTVကနေတစ်လစာအခမဲ့သုံးစွဲခွင့် Redeem လုပ်နိုင်မှာဖြစ်ပြီး P40 Series Customers တွေဆိုရင်တော့ စင်္ကာပူ ၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ ဂျပန်နိုင်ငံတွေမှာ TVB VIP အနေနဲ့ ၃ လစာ Special Service ရရှိမှာဖြစ်ပါတယ်။
HUAWEI Assistant Feature သစ်ဖြစ်လာတဲ့SmartCare
သုံးစွဲသူတွေသိထားပြီးတဲ့အတိုင်း HUAWEI Assistant ဆိုတာကဖုန်းမှာပါတဲ့ Personalized Content တွေကိုဖော်ပြပေးတဲ့ ဝန်ဆောင်မှုဖြစ်ပြီး Newsfeed ၊ App Shortcuts ၊ Files နဲ့ Documents တွေကိုအလွယ်တကူရှာပေးနိုင်တဲ့ လုပ်ဆောင်ချက်တွေကို Page တစ်ခုထဲမှာသီးသန့်အသုံးပြုနိုင်တာဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုဟာ Screen ကိုညာဖက် ပွတ်ဆွဲလိုက်တာနဲ့ အလုပ်လုပ်မှာဖြစ်ပြီးအသစ်ပါဝင်လာတဲ့ SmartCare Feature ကတော့ Stocks နဲ့ Sports Card Services တို့ ထည့်သွင်းပေးထားပြီဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့ Stock ဈေးနှုန်း၊ Financial News ၊ Market Insights နဲ့ အားကစားဆိုင်ရာပွဲအစီစဉ်တွေနဲ့ ပွဲရလာဒ် သုံးသပ်ချက်တွေကိုပါ Overview ပုံစံနဲ့ သိရှိနိုင်မှာဖြစ်ပါတယ်။
အဆိုပါ SmartCareရဲ့ Card Service ကို EMUI 10.1 အသုံးပြုထားတဲ့ HUAWEI စမတ်ဖုန်းတွေမှာရရှိနိုင်မှာဖြစ်ပါတယ်။ SmartCareကိုဘယ်လိုအသုံးပြုနိုင်မလဲဆိုရင် အရင်ဆုံးဖုန်း Screen ကိုညာဖက် ပွတ်ဆွဲလိုက်ပြီး HUAWEI Assistant ကိုခေါ်လိုက်ပါ။ အဲ့ဒီထဲကမှ Account ဆီသွားပြီးSmartCare Button ကိုနှိပ်လိုက်တာနဲ့ Stock ဒါမှမဟုတ် Sport Services နှစ်သက်ရာရွေးချယ်ပြီး Activate လုပ်နိုင်မှာဖြစ်ပါတယ်။ P40 Series နဲ့အတူမိတ်ဆက်သွားတဲ့ HUAWEI WATCH GT2e ၊ HUAWEI Sound X နဲ့ 2020 ဆောင်းအကုန်၊ နွေအကူးရာသီအတွက် ထုတ်လုပ်ထားတဲ့ HUAWEI X GENTLE MONSTER Eyewareတို့ပဲဖြစ်ပါတယ်။
အခုဆိုရင်တော့ ကိုယ်ပိုင် Ecosystem အဖြစ် HUAWEI ပြောင်းလဲနေတာ လျှို့ဝှက်ချက် မဟုတ်တော့သလို 1+8+N Strategy ပုံစံနဲ့ ဖန်တီးနေပါတယ်။ HUAWEI WATCh GT2 နဲ့ Smart Eyewareလိုထုတ်ကုန်မျိုးက ဈေးကွက်မှာနာမည်ကောင်းရထားသလို Ecosystem အတွင်းမှာပါဝင်နေတဲ့ HUAWEI ထုတ်ကုန်တွေဟာအမြဲတစေ ကျေနပ်စရာအချက်တွေပါဝင်နေပါတယ်။