IT နည်းပညာဖြင့် မှန်ကန် မြန်ဆန်စွာ ထိန်းချုပ်လိုသည့် လုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းထိန်းကွန်ပျုတာစနစ်ကို Galaxy Software Services တွင်ရောင်းချ

IT နည်းပညာဖြင့် မှန်ကန် မြန်ဆန်စွာ ထိန်းချုပ်လိုသည့် လုပ်ငန်းရှင်များအတွက် ကုန်ပစ္စည်းထိန်းကွန်ပျုတာစနစ်ကို Galaxy Software Services တွင်ရောင်းချနေပြီလည်းဖြစ်ပါတယ်။
ယခုလိုအချိန်ကာလမှာ ပြည်သူများ စားဝတ်နေရေး နှင့် ကျန်းမာရေး၊ နေထိုင်မှုလုံခြုံရေးများအဆင်ပြေစေရန်အတွက် စားသောက်ကုန်လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်း ၊ အီလက်ထရောနစ်ဆိုင်များ နှင့် အခြား အရေးပါသော စီးပွားရေးလုပ်ငန်းများကတော့ မဖြစ်မနေ ဖွင့်လှစ်ထားရတဲ့အခြေအနေမှာရှိနေတာလည်းဖြစ်ပါတယ်။
ဒီလိုခက်ခဲတဲ့ကာလမှာ လည်ပတ်နေရသော စီးပွားရေးလုပ်ငန်းများအနေဖြင့် မိမိလုပ်ငန်း၏ နေ့စဉ်ကုန်ပစ္စည်း အဝင်အထွက် စာရင်းတွေ တိကျမှန်ကန်စွာသိရှိနိုင်ရန်၊ ကုန်လက်ကျန် စာရင်းတွေကို အချိန်နှင့် တစ်ပြေးညီသိရှိနိုင်ရန်၊ ငွေကြေး ကြပ်တည်းတဲ့ ကာလဖြစ်တာကြောင့် ရရန်ရှိ / ပေးရန်ရှိ အကြွေးစာရင်း နှင့် နေ့စဉ်အသုံးစရိတ်တွေကို တိကျမှန်ကန်စွာ မှတ်သားထားနိုင်ရန်၊ အရောင်းထိုင်း/ အရောင်းသွက် ကုန်ပစ္စည်း စာရင်းတွေကို တိကျစွာ စစ်ထုတ်နိုင်ဖို့ ရောင်းအား ဝယ်အားကို သေချာစွာ ခန့်မှန်းနိုင်ဖို့တွေက အရေးကြီးပြီး၊ ဒီလိုလုပ်ဆောင်ချက်တွေကို စိစစ်နိုင်မှာသာ လုပ်ငန်းတစ်ခုလုံးရဲ့ အရှုံး / အမြတ်စာရင်း ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် လုပ်ငန်းလည်ပတ်နေခြင်းကို ရပ်တန့်လို့မရသောလုပ်ငန်းများ၏ အရောင်းအဝယ်အပိုင်း၊ ကုန်ပစ္စည်း စာရင်းထိန်းချုပ်မှုအပိုင်း၊ အရှုံးအမြတ်နှင့် လချုပ်နှစ်ချုပ်အပိုင်းစတဲ့ စာရင်းဇယားကဏ္ဍတွေကို IT နည်းပညာဖြင့် တိကျ မှန်ကန် မြန်ဆန်စွာ ထိန်းချုပ်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ရည်ရွယ်ပြီး  iStock® (Inventory Management System) ကိုရေးဆွဲထုတ်လုပ်ထားခြင်းလည်းဖြစ်ပါတယ်။

Photo Source https://www.facebook.com/GalaxySoftware/?ref=page_internal

iStock® ကုန်ပစ္စည်းထိန်း ကွန်ပျူတာစနစ်ကို အသုံးပြုခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းတွင် အောက်ပါ အကျိုးကျေးဇူးများ ကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။
(၁) ကုန်ပစ္စည်းတစ်မျိုးချင်းစီ၏ ကုန်ပစ္စည်း အဝင်/ အထွက် စီးဆင်းမှုများကို တိကျမှန်ကန်စွာ သိရှိနိုင်ခြင်း။
(၂) ရရန်ရှိ စာရင်းများကို အကြွေးဆုံးများမဖြစ်စေရန် ဖောက်သည်တစ်ဦးချင်းအသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်ခြင်း။
(၃) လအလိုက်၊ နှစ်အလိုက် ဝင်ငွေ/ ထွက်ငွေများကို နှိုင်းယှဉ်၍ အသုံးစရိတ်များကို စိစစ်ခြင်းများပြုလုပ်နိုင်ရန်အတွက် Comparative Statement Reports များရရှိခြင်း။
(၄) မိမိလုပ်ငန်းတစ်ခုလုံး၏ စာရင်း၊ဇယားများကို အသေးစိတ် ကြည့်ရှုစစ်ဆေးနိုင်သည့် Analysis Reports များကိုပါ အလွယ်တကူထုတ်ယူကြည့်ရှုနိုင်မည့်အပြင် တခြားအရေးပါသည့် Feature များလည်း ပါဝင်မှာဖြစ်ပါတယ်။
ရောင်းချပြီးနောက်ပိုင်း Training & Service များအတွက်လည်း Training Video / Guide Book PDF များပေးခြင်း၊ On-site / Telephone / Online ဖြင့် ဝန်ဆောင်မှုပေးခြင်းများကို အတတ်နိုင်ဆုံးနှင့် အကောင်းဆုံး ပေးသွားမှာလည်းဖြစ်ပါ တယ်။ Software တန်ဖိုးအနေဖြင့် ကျပ် (၇) သိန်းမှ စတင်မှာဖြစ်ပါတယ်။
Galaxy Software Co., Ltd. သည် မြန်မာနိုင်ငံအတွင်းရှိ အကြီးဆုံး Software House များထဲမှ တခု အပါအဝင်ဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် ဝန်ထမ်း (၂၅) ဦးဖြင့်စတင် တည်ထောင်ခဲ့ရာမှ ယခုအချိန်တွင် ဝန်ထမ်းပေါင်း (၁၅၀) ကျော် ဖြင့် မြန်မာနိုင်ငံအနှံ့ရှိ Customer ပေါင်း (၆၀၀၀) ကျော် ကိုအကောင်းဆုံး ဝန်ဆောင်မှုပေးလျှက်ရှိကာ Customer Base အများဆုံး ဖြင့် ခိုင်မာသော ကုမ္ပဏီတစ်ခုအဖြင့် ရပ်တည်လျှက်ရှိပါတယ်။

Photo Source https://www.facebook.com/GalaxySoftware/?ref=page_internal

Galaxy Software ၏ ရည်ရွယ်ချက်မှာ အရှိန်အဟုန်နှင့် ပြောင်းလဲ တိုးတက်လာနေသော နည်းပညာခေတ်တွင် မြန်မာနိုင်ငံတွင်း ရှိ အသေးစား ၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာနှင့် တန်းတူ ယှဉ်ပြိုင်နိုင်စေရန် မိရိုးဖလာ လုပ်ဆောင်နေသော ပုံစံများမှ ခွဲထွက်ပြီး IT နည်းပညာ အသုံးပြု၍ လုပ်ငန်းများကို စနစ်တကျ ထိန်းချုပ်ဆောင် ရွက်နိုင်ရန်အတွက် အရည်အသွေး ကောင်းမွန်သော Software Product များကို ရေးဆွဲ ပံ့ပိုးပေးရန်အတွက်လည်းဖြစ်ပါ တယ်။
Galaxy Software Company သည် နိုင်ငံအနှံ့ရှိ ကုမ္ပဏီ၏ Customer များအား လည်း ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်(ရုံးချုပ်)၊ မန္တလေး၊ နေပြည်တော်၊ ပုသိမ်၊ တောင်ကြီး၊ မြိတ်၊ မုံရွာ၊ မော်လမြိုင်၊ ပုဂံ နှင့် ပြည် အစရှိသည့် မြို့ကြီး (၁၀) မြို့ တို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး အတွေ့အကြုံရှိသော ဝန်ထမ်းများမှ အကြံဉာဏ်များ ပေး၍ အကောင်းဆုံး ဝန်ဆောင်မှုပေး လျှက်ရှိကာ မြန်မာနိုင်ငံ၏ ရုံးခွဲအများဆုံး IT နည်းပညာ ကုမ္ပဏီ တစ်ခုအဖြစ် ရပ်တည်နေရှိနေပါတယ်။
အောက်ပါ Link မှလည်းဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/GalaxySoftware/?ref=page_internal