Audio Chat ကိုအဓိကထား ဆောင်ရွက်ထားတဲ့ Clubhouse Social Audio App

လူတွေရဲ့အနားယူချိန်တွေမှာ ကိုယ်စိတ်ဝင်စားတဲ့အရာတွေကို လေ့လာတာဖြစ်ဖြစ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောတာဖြစ်ဖြစ် Social Platform တစ်ခုခုပေါ်မှာတော့ အချိန်ဖြုန်းတတ်ကြပါတယ်။ အခု ပြောပြပေးမဲ့ Clubhouse ဆိုတာကလည်း သုံးစွဲသူတွေအကြိုက်တွေ့စေမယ့် Social Networking Application တစ်ခု ဖြစ်ပါတယ်။ 

Photo Source https://www.clubhouse.com/

တစ်ခြား Social Media Application တွေနဲ့မတူတဲ့တစ်ချက်ကတော့ Clubhouse က Social Audio App ဖြစ်ပါတယ်။ ဓာတ်ပုံတွေစာသားတွေထက် Audio အသားပေးပြုလုပ်ထားတဲ့အတွက် Clubhouse ထဲကို ဝင်လိုက်တာနဲ့ Audio Chat Room တွေကိုပဲတွေ့ရမှာပါ။ Room တစ်ခုစီတိုင်းမှာတော့ ခေါင်းစဉ်မှာ သူတို့ ရေးသားထားတဲ့ အကြောင်းအရာကို ဆွေးနွေးနေကြမှာဖြစ်ပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေကို ဝင်နားထောင်နိုင်သလို၊ ကိုယ်တိုင်လည်း Room တစ်ခုထောင်ပြီး ဆွေးနွေးနိုင် ပါသေးတယ်။

အသုံးပြုသူတွေအနေနဲ့ Room တစ်ခုကနေ တစ်ခုကို အလွယ်တကူပြောင်းနိုင်ပါတယ်။ App အသုံးပြုမှုနဲ့ Room တွေထဲဝင်ရောက်နားဆင်ဖို့အတွက် အခကြေးငွေလည်း ပေးစရာမလိုပါဘူး။ Clubhouse ဟာ Audio Chat ကိုပဲအဓိကအသားပေးထားတဲ့အတွက် Room တွေထဲမှာ စာပို့တာ ဓာတ်ပုံပို့တာတွေ လုပ်ခွင့်မရှိသလို၊  အသုံးပြုသူတွေရဲ့ ကင်မရာဖွင့်တဲ့လုပ်ဆောင်ချက်တွေ တစ်ခုမှပါဝင်မှာမဟုတ်ပါဘူး။ Clubhouse ကုမ္ပဏီက ပြောထားတဲ့ Blog post တစ်ခုမှာလည်း “Clubhouse က အသံအဓိကဖြစ်ပါတယ် ကျွန်တော်တို့ တွေးထားတာ ကတော့ အသံဆိုတာ တကယ်ကိုအရေးပါတဲ့ ကြားခံတစ်ခုပါပဲ။ ကင်မရာတွေလည်း မလိုဘူးဆိုတော့ မျက်လုံးချင်းဆုံမှာတွေ ကိုယ်ဘာဝတ်ထားတယ် ဘယ်နေရာမှာ ရောက်နေတယ်ဆိုတာတွေကိုလည်း ဘာမှ ပူစရာမလိုတော့ပါဘူး” လို့ပြောထားပါသေးတယ်။

Photo Source https://www.clubhouse.com/

Clubhouse App မှာ အကောင့်ဖွင့်ပြီး ဝင်လိုက်တာနဲ့ ကိုယ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို ရွေးထားခဲ့လို့ရပါတယ်။ ကိုယ်စိတ်ဝင်စားတဲ့ Group တွေကို Join ထားလိုက်တာနဲ့ Main Page မှာ ဝင်လို့ရတဲ့ Room တွေပေါ်လာမှာ ဖြစ်ပါတယ်။ Room တွေရဲ့ အချိန်ဇယားကိုလည်း ပြက္ခဒိန်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။

Clubhouse ကိုတော့ Google Play Store နဲ့ App Store တို့မှာ Download ရယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေနဲ့ အသုံးပြုပုံတွေအတွက် Clubhouse ရဲ့ Official Web Page https://www.clubhouse.com/ မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။