အလုပ်အကိုင် လိုအပ်နေသူတိုင်း သိထားရမည့်နေရာ Connect Job Myanmar (Connect Job Myanmar မှ မန်နေဂျာ မသဲစုမိုးနိုင်နှင့်အင်တာဗျူး)

မြန်မာပြည်တွင်းမှာ လက်ရှိအနေအထားအရ အလုပ်အကိုင်တွေကို အပြင်ထွက်ပြီး ရှာဖွေရတာ ခက်ခဲလာခဲ့တာကြောင့် အလုပ်ရှာဖွေသူအများစုကတော့ Online ပေါ်ကနေ ရှာဖွေမှု ပိုမိုများပြားလာကြတာပါ။ အလုပ်ရှာဖွေတယ်ဆိုတဲ့ နေရာ မှာလည်း မိမိလုပ်ကိုင်လိုတဲ့ အလုပ်အကိုင်နေရာတစ်ခုကို မြန်မြန်ဆန်ဆန် ရှာဖွေတွေ့နိုင်ဖို့ဆိုတာလည်း လွယ်ကူလှတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ အဲ့ဒါကြောင့် အလုပ်ရှာဖွေသူများက အခမဲ့ဖြစ်စေ၊ အခကြေးငွေဖြင့်ဖြစ်စေ အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေ ဆီကိုမှာ ဆက်သွယ်ရှာဖွေကြတာပါ။
အလုပ်ရှာဖွေလိုသူတွေအတွက် အခမဲ့အလုပ်ရှာဖွေပေးတဲ့ ကုမ္ပဏီတွေထဲမှာ လုပ်သက် ၉ နှစ်ကျော်သက်တမ်းရှိပြီး လူသိများတဲ့ Connect Job Myanmar ကုမ္ပဏီလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ အလုပ်ရှာဖွေနေသူများအနေနဲ့ မိမိတို့နဲ့ ကိုက်ညီမယ့်အလုပ်တွေကို မြန်မြန်ဆန်ဆန်ရှာဖွေတွေ့ရှိစေဖို့ Myanmar Tech Press Team အနေနဲ့ Connect  Job Myanmar က မန်နေဂျာဖြစ်သူ မသဲစုမိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ Interview ဆောင်းပါးကို ရေးသား ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.facebook.com/connectjobmyanmar

လုပ်ငန်းသက်တမ်း ၉ နှစ်ကျော်နီးပါးဖြစ်နေပြီဖြစ်တဲ့ Connect  Job Myanmar ကို ၂၀၁၃ ခုနှစ်မှာ မြန်မာရုံးခွဲ စတင်တည်ထောင်ဖြစ်ခဲ့တာပါ။ အလုပ်ရှာဖွေပေးတဲ့သက်တမ်းရင့်ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် အလုပ်ရှာဖွေချိတ်ဆက် လျောက်ထားပေးတဲ့နေရာမှလည်းာ အတွေ့အကြုံများတဲ့ ကုမ္ပဏီတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ၂၀၁၈ မတိုင်ခင်အထိတော့ TOP CAREER Myanmar ဆိုတဲ့နာမည်နဲ့ စတင်ခဲ့ပါသေးတယ်။
“Japan အခြေစိုက် Company ဖြစ်ပြီး တိုကျို မှာ ရုံးချုပ်ရှိပါတယ်။ မြန်မာရုံးခွဲစဖွင့်ဖြစ်တဲ့ စိတ်ကူးကတော့ မြန်မာပြည် မှာရှိတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ mid career တွေကို မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံခြားနှင့် Japan အခြေစိုက် Company တွေက အလုပ်အကိုင် အခွင့်အရေးသာမက နိုင်ငံက အလုပ်အကိုင်အခွင့်အလှမ်းတွေပါ ဝေမျှချင်တဲ့ ရည်ရွယ်ချက်နဲ့ စတင် ခဲ့တာဖြစ်ပါတယ်” ဟု Connect Job Myanmar မြန်မာပြည်မှာ စတင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး မန်နေ ဂျာဖြစ်သူ မသဲစုမိုးနိုင်က ရှင်းပြပါတယ်။
Connect Job Myanmar ကို ဖွင့်လှစ်လုပ်ကိုင်လာခဲ့ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာကျောင်းသူ၊ ကျောင်းသားတွေကို ကောင်းမွန်တဲ့ အလုပ်အကိုင်အခွင့်အရေးပေးချင်တာကြောင့်လည်းဖြစ်ပါတယ်။ မြန်မာပြည်တွင်းမှာ လည်း ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့လည်း ဘွဲ့မှတ်တစ်ခုခုသာ ပိုင်ဆိုင်ထားပေမယ့်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးနေဆဲဖြစ်တာကြောင့်ပါ။
လက်ရှိအချိန်အထိလည်း အလုပ်ရှာဖွေသူတွေကို Connect  Job Myanmar မှာ ဝန်ထမ်းရှာဖို့ ဝန်ဆောင်မှုယူထားတဲ့ Company တွေရဲ့ အလုပ်အကိုင်တွေကို ဝေမျှပေးလျက်ရှိပါတယ်။ Consultation လိုအပ်တဲ့ အလုပ်ရှာဖွေသူတွေကိုလည်း Consulting လုပ်ပေးနေဆဲပါ။ အလုပ်ရှာဖွေသူအတွက် အားလုံးက အခမဲ့ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ကုမ္ပဏီစတင် တည်ထောင်ချိန်ကစပြီး လက်ရှိအချိန်အထိ အလုပ်ရရှိသွားတဲ့သူတွေအရေအတွက် ၅၀၀ ကျော်ရှိနေဖြစ်ပြီး ဝန်ထမ်းရှာဖွေ ဖို့ဆက်သွယ်လာတဲ့ ကုမ္ပဏီတွေလည်း ၁၅၀ နီးပါး ရှိနေပြီလည်းဖြစ်ပါတယ်။
“ကျွန်မတို့က ဝန်ထမ်းလိုအပ်တဲ့ Companyတွေကို လိုအပ်တဲ့ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းရသည် အထိ ဝန်ဆောင်မှု ပေးပါတယ်။ Interview, English Language/Japanese Language Check/ Background Check တွေလည်း ပါဝင်ပါတယ်။ Head Hunting Service လည်းပေးပါတယ်။ လက်ရှိမှာ ကတော့ အရည်အချင်း ပြည့်မှီတဲ့ Company လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းရှာဖွေမှုကို အချိန်နဲ့ အမြန်ဝန်ဆောင်မှုပေးနိုင်အောင်ကြိုးစားနေပါတယ်။ အရင်ကဆို လူချင်းတွေ့ပြီး Interview တာက အရမ်းအချိန်ပေးရပါတယ် အခုဆို Online နဲ့ Interview တော့ ဝန်ဆောင်မှု မြန်မြန်ပေးနိုင်ပါတယ် “ဟု Connent Job Myanmar က မန်နေဂျာဖြစ်သူ မသဲစုမိုးနိုင်က ပြောပါတယ်။

Photo …Connect Job Myanmar မှ မန်နေဂျာ မသဲစုမိုးနိုင်(Photo Source By Myanmar Tech Press)

လက်ရှိမှာတော့ Connect Job Myanmar မှာ ခေါ်ယူတဲ့အများဆုံးအလုပ်အကိုင်ရာထူးကတော့ Software Engineer, Developer တွေပဲဖြစ်ပါတယ်။ နည်းပညာပိုင်းဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေနေတဲ့ ကျောင်းပြီးခါစ လူငယ်တွေအတွက် အခွင့်အရေးတစ်ခုလို့လည်းဆိုနိုင်ပါတယ်။
Connect Job Myanmar မှာ Job Website မှာ အလုပ်လျောက်ထားသူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်း အသစ်တွေပေါ်လာတိုင်း Email Notification တွေပေးပို့သွားမှာဖြစ်ပါတယ်။
“ကျွန်မတို့ဆီမှာ အလုပ်လျောက်ထားသူတွေအတွက် အင်တာဗျူးခေါ်ဖို့ ကြာမြင့်ချိန်က အနည်းဆုံး တစ်ပတ်၊ နှစ်ပတ်လောက်တော့ စောင့်ရပါတယ်။ Connect Job Myanmar ကလက်ရှိမှာ မြန်မာက အလုပ်အကိုင်သာမက အလုပ်အကိုင်အခွင့်အရေး၊ Internship, Scholarship, Study in Japan စတာတွေကိုလည်း ဝေမျှလျက်ရှိပါတယ်။ ကျောင်းသူကျောင်းသား အလုပ်ရှာဖွေသူအားလုံးအတွက် အခမဲ့ဖြစ်ပါတယ်။ Japan နိုင်ငံက Work Visa အလုပ်/ Internship နဲ့ Event/ Webinar အတွက် https://job.connectiu.com/ Website, Study in Japan အတွက် https://studyabroad.connectiu.com/ Website, Tokutei Ginou အလုပ်အကိုင်အတွက် Mobile Application တွေက လျောက်ထားနိုင်ပါတယ်” ဟု Connect  Job Myanmar က မန်နေဂျာဖြစ်သူ မသဲစုမိုးနိုင်က ပြောကြားခဲ့ပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေ ရှာဖွေနေတဲ့သူတွေအတွက် Connect  Job Myanmar အကြောင်း အသေးစိတ်မေး မြန်းဆက်သွယ်ချင်ရင်တော့ အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/connectjobmyanmar