မြန်မာနိုင်ငံတွင်း အသက် ၁၀ နှစ်မှ ၁၇ နှစ်အရွယ်များအတွက် ပထမဆုံးသော နည်းပညာပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံရဲ့ အသက် ၁၀ နှစ်မှ ၁၇ နှစ် အရွယ်များအတွက် ပထမဆုံးသော နည်းပညာပြိုင်ပွဲကို Thate Pan Hub မှ ဦးစီးပြီး ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရပါတယ်။
ယခုလို အခက်အခဲ အကြပ်အတည်းတွေကြားထဲက Computer Science နဲ့ပတ်သက်တဲ့ စိတ်အားထက်သန်မှုတစ်ခုနဲ့ ဆက်လက်သင်ယူ လေ့လာနေကြတဲ့ လူငယ်လေးတွေ အများကြီးရှိနေကြပါတယ်။
သူတို့တွေရဲ့ ဖန်တီးနိုင်စွမ်း၊ တီထွင်ဆန်းသစ်နိုင်စွမ်းတွေကို ချပြနိုင်ဖို့နဲ့ အသိအမှတ်အပြုခံရဖို့ အခွင့်အရေးနည်းပါးခဲ့ရတဲ့ အတွက် သိပ္ပံ Hub နဲ့ သိပ္ပံ Institute မှ နည်းပညာပြိုင်ပွဲကြီး (Young Innovators Challenge) ကို မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/thatepanhub

အဆိုပါ နည်းပညာပြိုင်ပွဲကြီး ကို Hub&Hack လို့အမည်ပေးထားပြီး ဒီပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံမှ အသက် ၁၀ နှစ် မှ ၁၇ နှစ် အတွင်းရှိ Computer Science အခြေခံရှိတဲ့ မောင်လေးညီမလေးတွေမည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ အသက်အရွယ်အလိုက် –
(၁) ၁၀ နှစ် မှ ၁၃ နှစ် အတွင်းဆို (Junior Level)
(၂) ၁၄ နှစ် မှ ၁၇ နှစ် အတွင်းဆို (Senior Level) ဆိုပြီးတော့ ၂ မျိုး ခွဲခြားထားပါတယ်။
Hub&Hack ပြိုင်ပွဲကြီးကို ၅ ရက်တာ ဆက်တိုက်ကျင်းပသွားမှာဖြစ်ပြီး ဆုပေးပွဲကိုတော့ ရန်ကုန်ရှိ Impact Hub မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ Coding ပိုင်းကို အဓိကထားယှဉ်ပြိုင်ရမှာ ဖြစ်ပြီး မိမိတို့ရဲ့ ဆန်းသစ်တီထွင်နိုင်စွမ်းတွေ ဖန်တီးနိုင်စွမ်းတွေကို အသုံးချယှဉ်ပြိုင်သူတွေအတွက် ဆုကြီးတွေက ပေးအပ်သွားမှာဖြစ်ပါတယ်။
စိတ်ဝင်စားစရာအပြည့်နဲ့ဖြစ်တဲ့ ပြိုင်ပွဲအကြောင်း၊ ဆုကြေးတွေနဲ့ ရည်ရွယ်ချက် အသေးစိတ်ကို အောက်ပါ Link မှာဝင်ရောက် လေ့လာနိုင်ပါတယ်။
https://www.facebook.com/thatepanhub