၂၀၂၂ ခုနှစ် ဂျပန်ရောက်မြန်မာလူမျိုးများအတွက် အလုပ်အကိုင်မိတ်ဆက်ပွဲကို Online Job Fair Event အစီအစဉ်ဖြင့် ပြောင်းလဲကျင်းပခဲ့

ဂျပန်နိုင်ငံတိုကျိုတွင် ဂျပန်မှမြန်မာလူမျိုးများအတွက် အလုပ်အကိုင်မိတ်ဆက်ရှာဖွေပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၂ရက် (စနေနေ့) တွင် Part-time job Times Co., Ltd. မှဦးစီးပြီး Online Job Fair ကို ကျင်းပခဲ့ကြောင်းသိရသည်။ Covid အခြေအနေများနှင့် အရေးပေါ်ကြေညာချက်များ ထွက်လာလာသည့် အတွက် ပွဲစနစ်ဖြင့် ကျင်းပမည့်ပုံစံအား Online Job fair Event အစီအစဉ်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲ ကျင်းပခဲ့ခြင်းလည်းဖြစ်သည်။

Photo Source https://web.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/

အဆင်မပြေမှုများလည်းရှိခဲ့ပါလျှင် Covid အရေးပေါ်အခြေအနေကြောင့် ဖြစ်ကြောင်းနှင့် နားလည်စေရန် ‌မေတ္တာရပ်ခံ ပေးပါ ရန် ကုမ္ပဏီမှ ကြေငြာထားသည်။ အဆိုပါပွဲတွင် IT, Engineer, Hotel, Kaigo ကုမ္ပဏီပေါင်း ၅ ခု၊ မြန်မာလူမျိုးအယောက်၁၄၀ကျော်လာရောက် ဆင်နွှဲခဲ့ပြီးအဆင်ပြေချောမောစွာပြီးစီးခဲ့ခြင်းလည်းဖြစ်သည်။
မြန်မာ Job fair (မြန်မာလူမျိုးများအတွက် အလုပ်အကိုင် အခွင့်အလမ်းမိတ်ဆက်ပွဲ)ပြီးသွားပြီး ယခုအခါတွင်တက်ရောက် ခဲ့ကြသည့် မြန်မာများအားပါဝင်ဆင်နွှဲခဲ့ကြသည့်ကုမ္မဏီများမှ အင်တာဗျူး၊ ကုမ္ပဏီ ရှင်းလင်းပွဲများ ကျင်းပပြုလုပ်ပြီး အင်တာဗျူး အဆင့်ဆင့်ကို လုပ်ဆောင်မည်လည်းဖြစ်သည်။

Photo Source https://web.facebook.com/Japan-Myanmar-Jobs-Knowledge-732800030159020/

မြန်မာများဂျပန်လုပ်ငန်းများတွင်ပိုမိုလုပ်ကိုင်နိုင်ရန်ရည်ရွယ်၍ မြန်မာJob fair (မြန်မာလူမျိုးများအတွက်အလုပ် အကိုင် အခွင့်အလမ်းမိတ်ဆက်ပွဲ) ကိုလည်း ဆက်လက်ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။