Content Creator များအတွက် မရှိမဖြစ် အသုံးဝင်သော Tools များအကြောင်း

Content Creator များအတွက် သိရှိထားပြီးသား အသုံးဝင်လွန်းတဲ့ Tools တွေရှိပြီးသားဖြစ်သလို မသိရှိသေးတဲ့ Content Creator တွေအတွက် မရှိမဖြစ်အသုံးဝင်လွန်းတဲ့ Tools များကိုဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.calmlywriter.com/

(၁) Calmly Writer
Content သမားတွေအကြိုက်တွေ့စေမယ့် tool တစ်ခုဆိုရင်မမှားပါဘူး။ ရှင်းလင်းလှတဲ့ UI Design နဲ့တင် သုံးစွဲသူကိုစိတ်ကျေနပ်စေမှာပါ။ Focus Mode ပါဝင်တဲ့အပြင် ကိုယ်ပြင်လိုက်တဲ့ စာကြောင်းတွေကိုလဲ Highlights ပြပေးပါတယ်။G oogle Drive နဲ့လဲချိတ်ဆက်အသုံးပြုနိုင်ပါသေးတယ်။ Auto save ပေးတဲ့အတွက်ကိုယ်ရေးလိုက်တာတွေ ပျက်သွားမှာကိုတော့ပူစရာမလိုပါဘူး။ Backup လုပ်နိုင်ပြီး Dark Mode အဖြစ်ပြောင်းလဲလို့ရပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.calmlywriter.com/
(၂) Grammarly
ဒီ tool လေးကတော့အင်္ဂလိပ်စာလုံးပေါင်းသဒ္ဒါတွေကို စစ်ပေးတဲ့ နေရာမှာတော့အကောင်းဆုံးပါပဲ။ English စာလေ့လာ နေတဲ့သူတွေ အတွက်လဲမရှိမဖြစ်ဆောင်ထားသင့်သလို စာတမ်းပြုစုလိုသူတွေအတွက်လည်း အရမ်းအသုံးတည့်စေပါတယ်။ စာလုံးပေါင်းသဒ္ဒါတွေကိုအမှားအမှန်တွေပြင်ကြတဲ့အခါမှာ တစ်ခါတည်းရှင်းလင်းချက်ပါရှိတဲ့အတွက်အမှန်ကို လေ့လာသင် ယူနိုင်ပါသေးတယ်။ Free Versionနဲ့ Paid Version နှစ်မျိုးထွက်ရှိထားပြီး tool တစ်ခုပါ။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.grammarly.com/
(၃) Blank Page
Content ရှည်ရှည်ရေးသားချင်သူတွေအတွက်တော့ ဒီ tool ကအကောင်းဆုံးပါပဲ။ story လိုမျိုး ရေးသားနေတဲ့ သူတွေအတွက်ဆိုလဲပိုလို့တောင်ဟန်ကျပါသေးတယ်။ Content တွေကိုတစ်နေရာတည်းမှာ စုပေးထားပြီး ရေးသားချင်တဲ့ စာလုံးအရေအတွက်ကိုပါသတ်မှတ်ထားလို့ရပါသေးတယ်။Device တိုင်းအတွက်အဆင်ပြေစေတဲ့ tool တစ်ခုဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://blank.page/
(၄) Zest
ဒီ tool ကတော့ social media သတင်းအသစ်များကိုအချိန်နဲ့အမျှတင်ပေးနေတဲ့ tool တစ်ခုပါ။ Digital Marketing လုပ်ဆောင်နေသူတွေအနေနဲ့ကော Content Writer တွေအတွက်ပါအသုံးတည့်ပါတယ်။ ဈေးကွက်အသစ်တွေကို ရှာဖွေရာမှာလဲအလွန်အသုံးဝင်တဲ့အတွက် သူမတူတဲ့ Contentကောင်းတစ်ပုဒ်ကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://zest.is/
(၅) 750 Words
ဒီ tool ကတော့ အမြဲတမ်း စာရေးအောင်လုပ်ဆောင်ပေးနေမယ့် tool တစ်ခုဆိုပိုမှန်ပါလိမ့်မယ်။ 750ဆိုတာကတော့ စာလုံးရေပေါင်း 750 ကိုနေ့စဉ်ရေးဖို့အတွက်သတိပေးနေမှာပဲဖြစ်ပါတယ်။ 750 Online Content Writing Toolလေးက မိမိ စိတ်ထဲဖြစ်ပေါ်ခံစားလာရတဲ့ဘယ်လိုအရာကိုမဆိုချရေးနိုင်အောင်ကူညီပေးထားတာပါ။ 750 words ကိုသုံးခြင်းအားဖြင့် စာပုံမှန်မရေးဖြစ်မှကိုတော့လုံးဝပူစရာ မလိုတော့ပါဘူး။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://750words.com/

Photo Source https://evernote.com/

(၆) Evernote
Evernote ကတော့ mobile မှာအသုံးပြုရတာအလွန်လွယ်ကူ တာကြောင့် လူသုံးများတဲ့ notes app တစ်ခုဆိုလည်း မမှားပါဘူး။တစ်ခုရှိတာကတော့ keep notes ထက်features ပိုစုံနေတာပါပဲ။ အဲ့အတွက် features စုံနေတာကိုမှ အသုံးပြုချင်တယ်ဆိုတဲ့ သူတွေအတွက်ကတော့ Evernote ကcontent creator တစ်ယောက်အတွက် မရှိမဖြစ် tools များအကောင်းဆုံးပဲဖြစ်မှာပါ။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://evernote.com/
(၇) OneNote
OneNote ဆိုတဲ့ app ကတော့ Desktop အတွက်ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်တာဖြစ်ပါတယ်။ မျက်နှာပြင်ကျယ်ကျယ်ဝန်းဝန်းနဲ့ ကြည့်ပြီးရေးမှတ်ရတာကိုမှ နှစ်သက်တယ်ဆိုရင်တော့ OneNote ကအကောင်းဆုံးသော Note appတစ်ခုဖြစ်မှာပါ။ OneNote PC Version မှာ features ပေါင်းစုံကို လက်တွေ့ကျကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.onenote.com
(၈) Coschedule Headline Analyzer
CoSchedule ကတော့ Headline တွေအတွက် မှန်ကန်မှုရှိမရှိနဲ့ ဆန်းစစ်ပေးမယ့် tools တစ်ခုပဲဖြစ်ပါတယ်။ စာလုံးတွေရဲ့မျှတမှုbalance နဲ့ headline length တွေကအစ သေချာအောင်ပြုပြင်ပေးတဲ့ tool တစ်ခုဖြစ်တာကြောင့် content creator တွေအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုနိုင်ပါတယ်။ အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://coschedule.com/headline-analyzer

Letter Source – APN Contents Creation