မြန်မာနိုင်ငံမှ အသုံးပြုမှုများသော Online Shopping များ အကြောင်း

ယနေ့ခေတ်မှာ မိမိအသုံးလိုတဲ့ပစ္စည်းတွေကို လူကိုယ်တိုင်သွားရောက်မဝယ်ယူပဲ Online Shopping Website တွေကနေ တဆင့်မှာယူလာကြတာများပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း Online Shopping Website တွေ များစွာပေါ်ပေါက်လာခဲ့ ကြပါတယ်။ ယခုဖော်ပြပေးမယ့် Online Shopping Website တွေကတော့ မြန်မာပြည်တွင်းမှာ အသုံးပြုမှုအများဆုံး Online Shopping Website တွေပဲဖြစ်ပါတယ်။

Photo Source http://www.shop.com.mm

(၁) Shop.com
Shop.com မှာ ရရှိနိုင်သော ပစ္စည်များကတော့ ယောကျ်ားလေးဝတ် မိန်းကလေးဝတ် Fashion များ၊ အလှအပနှင့် ကျန်မာရေးဆိုင်ရာပစ္စည်းများ၊ Mobile Phone နှင့် Tablets များ ၊ Computing & Gaming accessories များ ၊ TV , Audio & Cameras များ၊ Appliances , Home & Living များ အပြင် မွေးခါစကလေးများအတွက် အသုံးအဆောင်ပစ္စည်း၊ ကစားစရာပစ္စည်း နှင့် ကျန်မာရေးသုံးပစ္စည်းများကိုလဲ ဝယ်ယူရရှိနိုင်ပါတယ်။
ထို့အပြင် စားသောက်ကုန်ပစ္စည်များ ဖြစ်သော Snacks ၊ Alcohol & Wine ၊ Breakfast ၊ Pet Supplies များကိုလဲစုံလင်စွာ ရရှိနိုင်ပါတယ်။ Sports & Travel အတွက်လိုအပ်မဲ့ပစ္စည်များ အပြင် Events & Tickets များကိုလဲဝယ်ယူရရှိနိုင်ပါတယ်။ တခြားရရှိနိုင်သော ပစ္စည်းများမှာ Books & Stationery ၊ Automotive & Motorcycles နှင့် Lifestyle Accessories များကိုလဲ တစ်နေရာထဲမှာစုံစုံလင်လင် ရရှိနိုင်ပါတယ်။ နိုင်ငံတကာ Payment Methods များဖြင့်လဲငွေပေးနိုင်ပါတယ်။

Photo Source https://www.facebook.com/rgo47

(၂) rgo47
Online မှအဝတ်အစား ဝယ်ယူမှုအများဆုံးလို့ဆိုရမဲ့ www.rgo47.com မှာကတော့ အမျိုးသား၊ အမျိုးသမီး၊ ကလေးငယ်များ အတွက် အဝတ်အစား၊ ထီး၊ ဖိနပ်၊ လွယ်အိပ်၊ ကျန်းမာရေးသုံး လက်ပတ် များကို အဓိကထား ရောင်းချထားပြီး ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် rgo47.com မှာ Register လုပ်ပြီးမှာယူနိုင်သလို Live Chat နှင့် Facebook Page ဖြစ်သော www.facebook.com/rgo47 Chat Box မှာလဲပစ္စည်းများကို မှာယူနိုင်ပါတယ်။ နိုင်ငံတကာ Payment Methods များဖြင့်လဲငွေပေးနိုင်ငံပါတယ်။

Photo Source http://www.yangononlinestore.com

(၃) Yangononlinestore
Online မှ Electronic ပစ္စည်းများကို စုံလင်စွာရောင်းချင်လျက်ရှိသော yangononlinestore.com မှာကတော့ Electronic များ Computer & Accessories၊ Tools & Equipment ၊ Camera များ Tables နှင့်Smart Phone များကို အဓိကထား ရောင်းချထားပြီး ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် https://www.yangononlinestore.com မှာ Register လုပ်ပြီးမှာယူနိုင်သလို Facebook Page ဖြစ်သော https://www.facebook.com/WorldwidePurchaseService Chat Box မှာလဲပစ္စည်းများကို မှာယူနိုင်ပြီး၊ B-56 & B-57,Myanmar Culture Valley,People’s Park,U Wisara Rd,Yangon 11191 မှာလဲလူကိုယ်တိုင်သွားရောက်မှာယူစုံစမ်းနိုင်ပါတယ်။

Photo Source https://www.onekyat.com

(၄) Onekyat
ဒီ Website လေးရဲ့ထူးခြားချက်ကတော့ မည်သူမဆို မိမိမှာရှိတဲ့ အသုံးမလို အပ်သောပစ္စည်းများကို ရောင်းချနိုင်ပြီး လိုအပ်တဲ့သူများကဝင်ရောက်ဝယ်ပြီး ပစ္စည်း အချင်းချင်းလည် လဲယူနိုင်တဲ့ Online Shopping Website လေးဘဲဖြစ်ပါတယ်။ သို့သော် ပစ္စည်းများကို အရောင်းအဝယ် ပြုရာတွင် ဥပဒေ နှင့် မလွတ်ကင်းသော ပစ္စည်းမျာကိုတော့ ရောင်းခြင်း ခွင်ကမပြုပါဘူး။ ပစ္စည်းများကို မှာယူမယ်ဆိုလျှင်ဖြင့် onekyat.com မှာ Register လုပ်ပြီးမှာယူနိုင်ပါတယ်။

Photo Source https://web.facebook.com/mercury.shopping/?ref=page_internal&_rdc=1&_rdr

(၅) Mercury.Shopping
ဒီ Website ကတော့ လူသုံးကုန်၊ စားသောက်ကုန်၊ အလှကုန်၊ မိခင်နဲ့ ကလေးအသုံးအဆောင်ပစ္စည်း၊ အိမ်သုံးဆေးဝါးအမျိုးမျိုးနဲ့၊ ဖက်ရှင်ပစ္စည်း တွေအပါအဝင်၊ နေအိမ်နဲ့ ပန်းဥယျာဉ်အလှဆင်ဖို့နဲ့၊ လက်ရာမြောက်ပန်း ချီကားတွေအထိ လိုချင်တာမှန်သမျှကို တနေရာတည်းဝယ်လို့ရအောင် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
လိုချင်တာတွေအကုန်လုံးကို Mercury Online Shopping Mall (မာကျူရီအွန်လိုင်းရှောပင်းမော)ရဲ့ Application (အက်ပလီကေးရှင်း) နဲ့ Website (ဝဘ်ဆိုဒ်) တို့မှာ ဝယ်ယူလို့ရပါတယ်။