ear-matching နည်းပညာအသစ်တွေကိုပေါင်းစပ်ပြီး ထုတ်လုပ်ထားတဲ့ HUAWEI FreeBuds 4

HUAWEI FreeBuds 4 ရဲ့ Open-fit Active Noise Cancellation က ear-matching နည်းပညာအသစ်တွေကိုပေါင်းစပ်ပြီး ပိုမိုကောင်းမွန်သောအသံအတွက် အဆင့်မြှင့်တင်ထားပါတယ်။ Open-fit ဒီဇိုင်းပုံစံက ပတ်ဝန်းကျင်မှအရေးကြီး သောအသံများ ကိုကြားနိုင်အောင်ပြုလုပ်ထားရင်း လေဖိအားကိုလည်းညီမျှစေရန်ပြုလုပ်ထားပါသည်၊ နာရီပေါင်းများ စွာအသုံးပြုပြီး နောက်မှပင် ပိုမိုလုံခြုံစိတ်ချရသော အသုံးပြုမှုအတွေ့အကြုံကိုပေးနိုင်ပါတယ်။
နားကြပ်နှင့်ပိုမိုအံဝင်ခွင်ကျဖြစ်လျှင် noise cancellation အကျိုးသက်ရောက်မှုပိုမိုကောင်းမွန်လေဖြစ်ပါတယ်။ သေးငယ်သောနားအခေါင်းပေါက်များက ကြီးမားသောနားအခေါင်းပေါက်များထက် ပိုမိုကောင်းမွန်သော noise cancellation အကျိုးသက်ရောက်မှုကိုရရှိစေပါတယ်။ Noise cancellation effect ကိုအကောင်းဆုံးခံစားနိုင်ရန် နားကြပ်ဝတ် ဆင်သည့်အခါမှာ အံဝင်ခွင်ကျဖြစ်စေဖို့ အကြံပြုပါတယ်။

Photo Source https://consumer.huawei.com/mm/audio/

HUAWEI FreeBuds 4 ကသင့်ရဲ့ထူးခြားသောနားပုံစံနှင့် နားကြပ်ကိုမည်သို့ဝတ်ဆင်သည်ကို သိရှိနိုင်ရန် ear-matching နည်းပညာကိုအသုံးပြုထားပါတယ်၊ ထို့နောက် အသံအနိမ့်ဆုံးလျှော့ချမှုကို အကောင်းဆုံးရရှိနိုင်ရန်အတွက် များစွာသော noise cancellation mode များထဲမှရွေးချယ်ပေးပါတယ်။
ပြီးပြည့်စုံသောအဝိုင်းပုံစံ အားသွင်းဗူးလေးက သင့်လက်ထဲမှာ အံဝင်ခွင်ကျရှိနေစေမှာပါ။ ပိုမိုသေးငယ်ပြီး ပေါ့ပါးတာကြောင့် သီချင်းတွေကိုအလွယ်တကူ အိတ်ကတ်လေးထဲမှာ ချောမွေ့စွာထည့်ပြီး သယ်ဆောင်သွားနိုင်မှာဖြစ်ပါတယ်။ နားကြပ်များကို အသုံးပြုတဲ့အချိန်တိုင်းမှာ တိကျမှန်ကန်စွာခံစားနိုင်ဖို့အတွက် နားပုံစံအတိုင်း တိကျစွာကိုက်ညီတဲ့ပုံစံကိုပြုလုပ်ထားပါတယ်။ ဒါ့အပြင် တစ်ခုစီတွင် 4.1 g ရှိပြီး နားတွင် သဘာဝကျကျ သက်တောင့်သက်သာတပ်ဆင်ထားနိုင်ပြီး ဂီတသံစဉ်ကို နက်ရှိုင်းစွာခံစားနိုင်ရန် အပေါ့ပါးဆုံးနည်းလမ်းကိုပေးပါတယ်။
နားကြပ်တစ်ခုစီ၌ ၁၄.၃ မီလီမီတာရှိသော LCP dynamic driver သည် HUAWEI FreeBuds 4 ၏ထူးခြားသောအသံ အရည်အသွေးကိုရရှိစေသည်။ Frequency range 40 kHz အထိမြှင့်တင်ထားသော အကြိုက်ဆုံးတီးလုံးများ၏ မြင့် တက်နေသောတေးသံများနှင့်ကြွယ်ဝသော timbres များကိုတွေ့ကြုံခံစားစေလိမ့်မည်ဖြစ်သည်။
သီချင်းတွေကို အလိုရှိသလို နားထောင်ရန်ထိန်းချုပ်မှု၊ ရိုးရှင်းလွယ်ကူသော gesture တို့မှတဆင့်ဖုန်းခေါ်ဆိုခြင်းတို့ိကို ထိန်းချုပ်နိုင်ရန်တို့အတွက် HUAWEI FreeBuds 4 ကိုအသုံးပြုနိုင်ပါတယ်။ နားကြပ်ကို အနီးအနားမှာရှိသော ဖုန်း၊ တက်ဘလက် (သို့မဟုတ်) PC ကိုချိတ်ဆက်ရန် အလိုအလျောက်ချိတ်ဆက်ပေးခြင်းကို လုပ်ဆောင်ရန်အတွက် အားသွင်းဗူးကိုဖွင့်ရမှာဖြစ်ပါတယ်။ ထို့အပြင် ပစ္စည်းနှစ်ခုနှင့်တစ်ပြိုင်တည်းချိတ်ဆက်ပြီး တစ်ခုနှင့်တစ်ခုအဆင်ပြေ ချောမွေ့ စွာပြောင်းလဲနားထောင်နိုင်မှာဖြစ်ပါတယ်။
Huawei AI Life App တွင်ပါရှိသော Audio Connection Center သည် HUAWEI FreeBuds 4 ကိုတွဲဖက်အသုံးပြုနိုင် သောထုတ်ကုန်များအားလုံးကို မျက်နှာပြင်တစ်ခုထဲမှ အလွယ်တကူထိန်းချုပ်နိုင်ရန် လုပ်ဆောင်ပေးပါတယ်။ HarmonyOS ရဲ့ multi-device interactive power ကိုအသုံးပြုပြီး ဖုန်းမှဗီဒီယိုကို Huawei vision၊ လက်ပ်တော့ သို့မဟုတ် တက်ဘလက်၊ HUAWEI FreeBuds 4 ကိုအသံ လွှဲပြောင်းနိုင်ပါတယ်။

Photo Source https://consumer.huawei.com/mm/audio/

Surroundings Mode ကပတ်ဝန်းကျင်မှ အသံများကိုအကောင်းဆုံးအသေးစိတ်ဖမ်းယူပေးနိုင်ပြီး ရောက်ရှိနေသော ဘယ်ပတ်ဝန်းကျင်မှာမဆို ပြန်လည်ဖန်တီးနိုင်ပါတယ်။ Voices Mode တွင် တိကျပြတ်သား သောသင့်အသံကြိမ် နှုန်းများအတွက် လုပ်ဆောင်နေချိန်မှာ အပြင်ဘက်ဆူညံသံများကိုပိတ်ဆို့ပေးသော voice frequency recognition technology ကိုအသုံးပြုပါတယ်။
အသစ်စက်စက် game audio coding technology နဲ့ HUAWEI FreeBuds 4 က HarmonyOS ဖုန်းများရှိ 90 ms9 နှင့် EMUI ဖုန်းများတွင် 150 ms latency ကိုလျှော့ချနိုင်ပြီး လုပ်ဆောင်မှုမျက်နှာပြင်ပေါ်ရှိ အသံအတွက်ဖြစ်ပါတယ်။
Huawei AI Life app ကိုဒေါင်းလုပ်ယူပြီး noise cancellation နှင့် audio modes တို့ကို HUAWEI FreeBuds 4 တွင်ထိန်းချုပ်နိုင်ပါတယ်။ Audio Connection (iOS တွင်အသုံးမပြုနိုင်) ကိုအသုံးပြုပြီး ထုတ်ကုန်များကြားမှာ ချောမွေ့စွာပြောင်းရွေ့နိုင်ပြီး အခြားသော စိတ်ဝင်စားစရာကောင်းသော feature များကိုလည်း အသုံးပြုနိုင်ပါတယ်။
HUAWEI FreeBuds 4 ရဲ့ case တွေကို အဆင့်မြင့် အလွန်ပျော့ပြောင်းသော ဆီလီကွန်နဲ့ပြုလုပ်ထားတာကြောင့် သက်တောင့်သက်သာဖြစ်စေပြီး သာလွန်သောကာကွယ်မှုကိုပေးပါတယ်။ အပြည့်အဝကာကွယ်ပေးထားနိုင်သောကြောင့် အမျိုးမျိုးသောဝတ်ဆင်မှုတို့မှကာကွယ်ပေးပြီး သင့် HUAWEI FreeBuds 4 ကိုအချိန်ကြာအောင် ကောင်းမွန်တဲ့အနေအထားမှာ ထိန်းသိမ်းထားနိုင်ပါတယ်။ 1.3 mm အထူရှိပြီး 11.5 grams အလေးချိန်သာရှိတာကြောင့် ပေါ့ပါးပြီး ဘယ်နေရာကိုသွားသွား သယ်ဆောင်သွားနိုင်ပါတယ်၊ ဒါ့အပြင် ဘယ်လိုအိတ်မျိုးမှာမဆို အလွယ်တကူ ချိတ်သွားနိုင်အောင် သတ္တုချိတ်လေးပါပါဝင်ပါတယ်။