MPT မှ ဖုန်းဘေလ်များကို ၇ ဆ ပွားနိုင်မည့် ထောဘီ ၇ ဆ အထူးပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်

MPT သည် MPT Prepaid သုံးစွဲသူများအတွက် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ ရက်ပေါင်း (၆၀) အထိ စိတ်တိုင်းကျအသုံးပြုနိုင်မည့် ထောဘီ ၇ဆ အထူးပရိုမိုးရှင်း စီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သိရ သည်။
ထောဘီ ၇ဆ အထူးပရိုမိုးရှင်းအစီအစဉ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဂျပန် မိတ်ဖက်အဖွဲ့အစည်း KDDI Summit Global Myanmar (KSGM) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံ တစ်ဝန်းရှိ မြန်မာပြည်သူပြည်သားများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းများအတွက် အကောင်း ဆုံးသော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်မှာ (၇)နှစ်မြောက်သို့ ရောက်ရှိခြင်း မှတ်တိုင် သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် အစဉ်တစိုက် အားပေးကြသော သုံးစွဲသူများအတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြော နှင့် ရွှေစကား) သုံးစွဲသူများသည် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့် ထောဘီ ၇ဆ အထူးပရိုမိုးရှင်းအစီအစဉ်သစ်ကို ရရှိခံစားနိုင်မည်ဖြစ်သည်။ ထို့အပြင် ထောဘီ ၇ဆ ဖုန်းဘေလ်ကို MPT ၏ ပိုမိုမြန်ဆန်သော အရည်အသွေးမြင့် 3G/ LTE+ ကွန်ရက် ပေါ်ကတစ်ဆင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း (Pay As You Go) တို့အတွက် အသုံးပြုနိုင်ပါသည်။

Photo Source https://www.facebook.com/mptofficialpage/

“ကျွန်တော်တို့ MPT ကို အစဉ်တစိုက် သုံးစွဲနေသူတွေအတွက် ဖုန်းဘေလ်များကို အကြိမ်အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပြီး ပိုမိုသက်သာတဲ့ နှုန်းထားတွေနဲ့ ရက်ရှည်ရှည်နဲ့ စိတ်ကြိုက်အသုံးပြုနိုင်မယ့် ထောဘီ ၇ဆ အထူးပရိုမိုးရှင်းအစီအစဉ်ကို မိတ်ဆက်ပေးခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ အလွန်ပဲဝမ်းသာပီတိဖြစ်ရပါတယ်။ MPT နဲ့ KSGM တို့ပူးပေါင်း ဆောင်ရွက်ပြီး ဝန်ဆောင်မှုပေးနေတာ (၇)နှစ်မြောက်သို့ရောက်ရှိခဲ့ပြီး အောင်မြင်မှု အထိမ်းအမှတ်ကို စိုက်ထူနိုင်ခဲ့တာဟာဆိုရင် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေက အဓိကပြယုဂ် တစ်ခုဖြစ်တာ ကြောင့် MPT ကို အစဉ်တစိုက်သုံးစွဲခဲ့တဲ့ သုံးစွဲသူတွေအားလုံးကို ဖုန်းဘေလ်တွေ ဖြည့်သွင်းတဲ့အခါ အကောင်းဆုံး ဝန်ဆောင်မှု၊ အသက်သာဆုံး နှုန်းထားများနဲ့ တန်ဖိုးအရှိဆုံး ကျေးဇူးတုံ့ပြန်ဖို့အတွက် ရည်ရွယ်ပြီး ထောဘီ ၇ဆ အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့တာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အိမ်မှာပဲ နေနေရတဲ့ကာလတွေမှာ သုံးစွဲသူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ MPT က အကျိုးခံစားခွင့်တွေကို လွယ်ကူအဆင်ပြေစွာနဲ့ အသုံးပြုနိုင်အောင် ဝန်ဆောင်မှုတွေကို ပိုမိုတိုးမြှင့်ဆောင်ရွက် သွားဖို့လည်း ရည်ရွယ်ပါတယ်” MPT-KSGM JO ၏ စီးပွားရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးကိုကိုအောင်က ပြောကြားသည်။
ထို့ပြင် သောကြာနေ့တွင် ဝယ်ယူသုံးစွဲသူများသည် ထောဘီ ၇ ဆ ပရိုမိုးရှင်းအစီအစဉ်အား Happy Friday အပိုဆု လက်ဆောင်နှင့်အတူ အကျိုးကျေးဇူးများ ပိုမိုရရှိနိုင်မည်ဖြစ်သည်။ ထပ်မံ၍ ကြိုက်နှစ်သက်ရာ ထောဘီပက်ကေ့ချ်ကို မည်သည့် နည်းလမ်းဖြင့်မဆို ဝယ်ယူပါက ထိတိုင်းထော (ထောဘီထိပေါက်) ဂိမ်းထဲ၌ ကံစမ်းရန် အခွင့်အရေး(၁)ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ ထိ ကံထူးနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

သုံးစွဲသူများသည် ထောဘီ ၇ဆ ပက်ကေ့ချ်များကို စဉ်ဆက်မပြတ် ဝယ်ယူအသုံးပြုနိုင်ပါသည်။ သို့သော် ပြောင်းလဲ ရယူထားသော ထောဘီ ၇ဆ ဖုန်းဘေလ်များသည် ဒေတာပက်ကေ့ချ်များ၊ ထပ်ဆောင်း ဝန်ဆောင်မှု များနှင့် အခြား voice ပက်ကေ့်ချ်များ ဝယ်ယူခြင်းတို့နှင့် သက်ဆိုင်မှုမရှိပေ။ ပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၇ ရက်တွင် စတင်မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော MPT သည် သုံးစွဲသူများအား ထောက်ပံ့နိုင်ရန်နှင့် ပြည့်စုံကြွယ်ဝသော ဒီဂျစ်တယ်လူမှုဘဝ အတွေ့အကြုံများကို ရရှိခံစားစေရန် နည်းလမ်းကောင်းများ စဉ်ဆက်မပြတ် စူးစမ်းရှာဖွေလျက်ရှိသည်။ MPT သည် အထူးသဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ကိုဗစ်-၁၉ သက်ရောက်မှုခံနေရသည့် အချိန်တွင် သုံးစွဲသူများအတွက် အကျိုးကျေးဇူးကောင်းများ ရရှိနိုင်ရန် နှင့် ရင်ခုန်စိတ် လှုပ်ရှားဖွယ်ကောင်းသော အထူးပရိုမိုးရှင်းအစီအစဉ်များကို စဉ်ဆက်မပြတ် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။
MPT သုံးစွဲသူများအတွက် ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက် (သို့) MPT ၏ တရားဝင် ဖေ့စ်ဘုတ်ခ် စာမျက်နှာတို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။