မန္တလေးမြို့က Foodie လေးတွေအတွက် အားထားစရာ KZT Delivery Service (KZT Delivery Service မှ General Manager ဖြစ်သူ မဟန်နီအောင်နှင့်အင်တာဗျူးဆောင်းပါး)

ခုခေတ်ကာလမှာ လူတွေရဲ့ LifeStyle ဟာတဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ကြပါပြီ။ မနက်ခင်းတစ်ခုကို စတင်ဝင်ရောက်လာ ပြီဆိုတာနဲ့ အိပ်ရာထဲကနေ မနက်စာမှာစားချင်ကြတယ်။ ရုံးဝန်ထမ်းတွေကလည်း အပြင်ထွက်စားဖို့အချိန်မပေးချင်ကြ တော့ပဲ အပြင်ကိုမှာပြီး စားသောက်ဖို့ စိတ်အားထက်သန်လာတတ်ကြပါတယ်။ ညရောက်ရင်လည်းမိသားစုနဲ့ဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်ဖြစ် အိမ်မှာပဲအေးဆေးနားနေရင်း အပြင်ကအစားအစာတွေကို မှာယူစားသောက်ဖို့ စိတ်ထဲကဖြစ်ပေါ် လာတတ်ကြစမြဲပါပဲ။
အဲ့ဒါတွေကိုဖြည့်ဆည်းပေးဖို့အတွက်လည်း မြန်မာပြည်တွင်းမှာ Food Delivery Service တွေများစွာပေါ်ပေါက်လာခဲ့ကြတာ ပါ။ မြန်မာပြည်ရဲ့ လူစည်ကားတဲ့မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ Food Delivery Service တွေအပေါ များဆုံးလည်းဖြစ်ပါတယ်။ မန္တလေးမြို့က စားသုံးသူတွေအတွက် ဝန်ဆောင်မှုပိုင်းဆိုင်ရာမှာ ကောင်းမွန်တဲ့ Delivery Service တွေထဲမှာ KZT Delivery Service လည်းတစ်ခုအပါအဝင် ဖြစ်လို့နေပါတယ်။ အဲ့ဒါကြောင့် KZT Delivery Service ရဲ့ General Manager ဖြစ်သူ မဟန်နီအောင် ဆီသို့ Myanmar Tech Press Team မှ တွေ့ဆုံမေးမြန်းထားတာကို အင် တာဗျူးဆောင်းပါးအနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo Source  https://www.facebook.com/kztdeliveryservice

မန္တလေးမြို့ရဲ့ ပစ္စည်းပို့ဆောင်ရေးအပိုင်းနဲ့ အစားအသောက်မှာယူစားသုံးမှုအပိုင်းမှာ အဆင်ပြေစေလို့တဲ့ ရည်ရွယ်ချက်နဲ့ KZT Delivery Service လုပ်ငန်းကို စတင်တည်ထောင်ခဲ့တာပါ။ မန္တလေးမြို့ဟာ သူမရဲ့ မွေးရပ်ဇာတိဖြစ်တာကြောင့်နဲ့ သွားလာပို့ဆောင်ရေးမှာ ဆိုင်ကယ်ကို ဦးစားပေးသွားလာကြတာကြောင့် လုပ်ငန်းမြန်ဆန်ထိရောက်မှုရှိမယ်လို့ယူဆချက်နဲ့ KZT Delivery Service ကို စတင်ခဲ့တာလို့ KZT Delivery Service ရဲ့ General Manager မဟန်နီအောင် ကပြောပါတယ်။
မန္တလေးမြို့ဟာ နာမည်ကြီးစားသောက်ဆိုင်အများအပြားရှိပြီး ရရှိနိုင်တဲ့အစားသောက်တွေကလည်း စုံလင်ပါတယ်။ အဲဒါ ကြောင့် အစားအသောက်ပို့ဆောင်တဲ့ Delivery Service တွေ ပိုမိုများပြားနေတာပါ။
“ KZT Delivery Service ရဲ့လက်ရှိဝန်ဆောင်မှုကိုရှင်းပြရမယ်ဆိုရင် မန္တလေးမြို့တွင်းမှာ အခုပို့ အခုရောက်ဆိုပြီး အမြန် ဆုံးပို့ဆောင်ပေးတာပါ။ KZT Delivery Service က လက်ရှိမန္တလေးမြို့မှာပဲဝန်ဆောင်မှုရပါဦးမယ်။ တခြားမြို့တွေမှာ ထပ်မံတိုးချဲ့သွားဖို့တော့ Plan ရှိပါတယ်” ဟု KZT Delivery Service ရဲ့ General Manager မဟန်နီအောင် ကပြော ပါတယ်။
KZT Delivery Service ရဲ့ မန္တလေးမြို့တွင်း ဝန်ဆောင်ခနှုန်းထားက ၁၅၀၀ ကျပ်မှစတင်ပြီး သတ်မှတ်ဧရိယာ အလိုက်ကောက်ခံတာဖြစ်ပါတယ်။ လက်ရှိအချိန်အထိ KZT Delivery Service ကို ပုံမှန်အသုံးပြုနေသူ ၃၀၀၀ ကျော်ရှိနေ ပြီလည်းဖြစ်ပါတယ်။ Social Platform ဖြစ်တဲ့ Facebook Page က အများဆုံး ဝန်ဆောင်မှုယူကြတာဖြစ်ပါတယ်။
“အစ်မတို့နဲ့ B2B Partner အဖြစ် လက်တွဲထားတဲ့ စားသောက်ဆိုင်ကြီးတွေ အခြားသောလုပ်ငန်းတွေအတွက်လည်း အမတို့က ဝန်ဆောင်မှုပေးပါတယ်။ စားသောက်ဆိုင်တွေဆိုရင်လည်း သူတို့မှာ Take Away ရှိပြီဆိုတာနဲ့ အစ်မတို့ KZT ကိုဆက်သွယ်ပြီး ဝန်ဆောင်မှုကိုရယူကြတာပါ။ တခြားသောလုပ်ငန်းတွေဖြစ်တဲ့ ဖုန်းဆိုင်တွေ၊ ဖုန်း Accessories ဆိုင်၊ ဖိနပ်ဆိုင်၊ နာရီဆိုင်၊ အိတ်ဆိုင်၊ အိမ်တွင်းစားသောက်ကုန်လုပ်ငန်းတွေ စသဖြင့် လုပ်ငန်းတွေက အစ်မတို့ဆီက ဝန်ဆောင်မှုကို ရယူပါတယ်။ အစ်မတို့က လက်တွဲထားတဲ့ B2B လုပ်ငန်းတွေဆို ငွေကြိုရှင်းဝန်ဆောင်မှုတွေလည်းပေးတာမို့ အစ်မတို့နဲ့လက်တွဲလုပ်ကြတဲ့ လုပ်ငန်းကြီးတွေ တော်တော်ကိုများလာပါတယ်” ဟု KZT Delivery Service ရဲ့ General Manager မဟန်နီအောင် ကပြောပါတယ်။

Photo  KZT Delivery Service General Manager မဟန်နီအောင်

ခုနောက်ပိုင်းမှာ Application အသုံးပြုထားတဲ့ Service လုပ်ငန်းတွေပိုမိုများပြားလာတဲ့အတွက်ကြောင့် KZT Delivery Service ကိုလည်း Application တစ်ခုအနေနဲ့လည်းပြုလုပ်သွားမှာပါ။ အဲ့ဒါမှလည်း ဝန်ဆောင်မှုရယူသူတွေအတွက် ပိုမိုအ ဆင်ပြေသွားစေမှာအမှန်ပါပဲ။ လက်ရှိမှာ KZT Delivery Service အနေနဲ့ ရာသီအလိုက် Promotion Event လေးတွေ ဖန် တီးကျင်းပပေးလေ့ရှိပါတယ်။
နိုင်ငံရပ်ခြားမှာရောက်ရှိနေသူတွေကလည်း မြန်မာပြည်က ချစ်ခင်ရသူတွေကို အစားအသောက်လေးတွေ ပို့ဆောင်ပေးချင် တဲ့အခါမှာလည်း KZT Delivery Service ကို အသုံးပြုကြပါသေးတယ်။ လက်ရှိမှာတော့ မန္တလေးမြို့ကအစားအသောက် ချစ်ခင်သူတွေအတွက် KZT Delivery Service က အဖော်မွန်ကောင်းတစ်ခုလို့လည်း သတ်မှတ်လို့ရပါတယ်။
“KZT Delivery Service အနေနဲ့ပစ္စည်းပို့ဆောင်တဲ့အခါမှာ ပို့ဆောင်တဲ့ မည်သည့် ပစ္စည်းမဆို KZT ရဲ့ပေါ့ဆမှုကြောင့် ပျက်စီး/ပျောက်ဆုံးဖြစ်ခဲ့ရင်ပစ္စည်းတန်ဖိုးအတိုင်းအပြည့်အဝပေးလျော်ပါတယ်။ KZT Delivery Service ကို အသုံးမပြု ဖူးသေးတဲ့ သူတွေရှိရင်လည်း KZT Delivery Service ကို ဆက်သွယ်အသုံးပြုကြည့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။”ဟု KZT Delivery Service ရဲ့ General Manager မဟန်နီအောင် ကပြောကြားခဲ့ပါတယ်။
KZT Delivery Service အကြောင်းအသေးစိတ်သိချင်ရင်တော့ အောက်ပါ Link မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://www.facebook.com/kztdeliveryservice