Watermark ထည့်သွင်းနိုင်ပြီဖြစ်တဲ့ Google Docs

Google ဆိုတာကတော့ သုံးစွဲသူတွေအဆင်ပြေစေဖို့အတွက် လုပ်ဆောင်ချက်အသစ်တွေ ထည့်သွင်းပေးနေတဲ့ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Microsoft Office Word, Excel, PowerPoint တွေအသုံးပြုသလိုပဲ Google Docs, Sheet, Slide တွေကိုအသုံးပြုလို့ရပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ Software ပုံစံနဲ့မဟုတ်ဘဲ Browser ကနေ အင်တာနက်အသုံးပြုပြီး သုံးစွဲရမှာ ဖြစ်ပါတယ်။ Android App အနေနဲ့လည်း အသုံးပြုလို့ရဦးမှာပါ။

အသုံးပြုသူရဲ့ Google Drive အကောင့်မှာ အားလုံးကိုသိမ်းဆည်းပေးထားမှာ ဖြစ်ပါတယ်။ သိမ်းထားတဲ့ ဖိုင်တွေကိုလည်း တခြားသူတွေကို Link နဲ့မျှဝေပေးနိုင်သလို Edit လုပ်ဖို့ ဒါမှမဟုတ် ကြည့်ဖို့အတွက်လည်း Gmail တွေထည့်သွင်းပြီး ခွင့်ပြုချက်ပေးနိုင်ပါသေးတယ်။ 

Photo Source https://workspaceupdates.googleblog.com/

လုပ်ဆောင်ချက်တွေတဖြည်းချင်း စုံလင်လာပြီး လက်ရှိမှာလည်း အသုံးပြုတဲ့ Document ပေါ်မှာ Watermark ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ Watermark အတွက်စာသားဖြစ်ဖြစ် ဓာတ်ပုံဖြစ်ဖြစ်အသုံးပြုနိုင်သလို Drive မှာ သိမ်းထားတဲ့ပုံကိုအသုံးပြုနိုင်သလို အသစ်ထည့်သွင်းပြီးလည်း အသုံးပြုနိုင်ပါတယ်။ Watermark ထည့်သွင်းဖို့ အတွက် Insert >> Watermark ကိုနှိပ်ပြီး ထည့်သွင်းနိုင်ပါတယ်။ Mobile Version မှာတော့ အသုံးပြုလို့ ရဦးမှာ မဟုတ်ပါဘူး။