မကြာခင်အသစ်ထွက်ရှိလာတော့မည့် HUAWEI MateStation S အကြောင်း

ကြယ်စင်စုများသွားရာ လမ်းကြောင်းကို စိတ်ကူးပုံဖော်ပြီး ထုတ်လုပ်ထားတဲ့ HUAWEI MateStation S ရဲ့အသွင်အပြင်က ကျစ်လစ်ပါးလွှာပြီး ထူးခြားနေပါတယ်။ အကျယ် ၉၃ မီလီမီတာ၊ အရှည် ၂၉၃ မီလီမီတာသာရှိတဲ့ ဒီဇိုင်းက ကော်ဖီစား ပွဲပေါ်တင်ထားတဲ့ စာအုပ်အရွယ်မျှသာ ရှိပါတယ်။
ဘယ်လိုအလုပ်မျိုးပဲ လုပ်လုပ် full view မြင်ကွင်းကျယ်ကျယ်နဲ့ဆို ပိုအထာကျစေမှာအသေအချာပါပဲ။ ဘေးဘောင်တွေ သေးသွယ်ပြီး 90 ရာခိုင်နှုန်း screen-to-body ratio ရှိတဲ့ ၂၃.၈လက်မအရွယ် မျက်နှာပြင်နဲ့ ကြီးမားကျယ်ပြန့်စွာ ပုံဖော်ကြည့်ရှုလိုက်ပါ။ ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ web browsing လုပ်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် စိတ်နှစ်ပြီး လုပ်ဖို့ သက်တောင့်သက်သာ ရှိစေမှာပါ။ TÜV Rheinland-certified Low Blue Light and Flicker-Free display အမျိုးအစားဖြစ်တာကြောင့်လည်း ကြာရှည်စွဲမြဲစွာ ကြည့်ရှုလည်း စက္ခုအာရုံကို သက်တောင့်သက်သာ ရှိစေမှာပါ။

Photo Source https://consumer.huawei.com/mm/

ဘယ်လိုအလုပ်မျိုးကိုမဆို အင်ပြည့်အားပြည့်နဲ့ လျင်လျင်မြန်မြန် တွန်းတွန်းတိုက်တိုက် လုပ်ကိုင်နိုင်ဖို့ AMD Ryzen™ 5 4600G Processors နဲ့ Radeon™ Graphics ကိုတပ်ဆင်ပေးထားပါတယ်။
256 GB မြန်နှုန်းမြင့် SSD ပေါ်မှာ အသွင်းအထုတ်လျင်မြန်စွာနဲ့ သိမ်းဆည်းထားနိုင်ပါတယ်။ လျင်မြန်ကောင်းမွန်တဲ့ သုံးစွဲမှု အတွေ့မအကြုံကို ပေးစွမ်းနိုင်ဖို့ DDR4 3200 MHz Memory ကိုတပါတည်း တပ်ဆင်ပေးထားတဲ့အပြင် မန်မိုရီ ထပ်တိုးထပ်ဖြည့်နိုင်ဖို့ slots များထည့်သွင်းပေးထားပြီး ကိုယ့်စိတ်ကြိုက် Upgrade ပြုလုပ်နိုင်စေမှာပါ။ ကိုယ်အသုံးပြုမယ့် နည်းလမ်းအပေါ်လိုက်ပြီး ကိုယ့်စိတ်ကြိုက် ရွေးချယ်ဖန်တီးနိုင်မှာပါ။
သတ်မှတ်ချက်ဘောင်တွေကို နီးကပ်လာအောင် အလုပ်ခိုင်းစေရင်တောင်မှ HUAWEI MateStation S မှာ အထူးဒီဇိုင်းဆွဲ ဖန်တီးတည်ဆောက်ထားတဲ့ cooling system က အပူချိန်ကိုလျှော့ချပေးမှာပါ။ သီးသန့် ဖန်တီးထားတဲ့ လေစီးကြောင်း channels တွေက processor ပေါ်က လေပူတွေကို လေထွက်ပေါက်ကတစ်ဆင့် လျင်မြန်စွာ စွန့်ထုတ်ပေးစေနိုင်လို့ စက်ရဲ့စွမ်းဆောင်ရည်ကို ထိပါးမှုမရှိစေပဲ ဆက်လက်လုပ်ဆောင်စေနိုင်မှာပါ။ အဆုံးစွန်သော အခြေအနေမျိုးမှာတောင် တိတ်ဆိတ်ငြိမ်သက်စွာပဲ လုပ်ဆောင်နေမှာမို့ အာရုံစူးစိုက်မှုကိုလည်း အနှောင့်အယှက်ပေးမှာ မဟုတ်ပါဘူး။
2.5 mm key travel ရှိတဲ့ HUAWEI Wired Keyboard က စာရိုက်ရာမှာ အထိအတွေ့ကောင်းမွန်တဲ့ သုံးစွဲမှု အတွေ့အကြုံကို ရရှိစေမှာဖြစ်ပါတယ်။ ပိုမိုလုံခြုံစိတ်ချရပြီး သုံးစွဲရသက်တောင့်သက်သာရှိစေမည့် Fingerprint Power ခလုတ်ထည့်သွင်းတည်ဆောက်ထားပြီး ပါဝါဖွင့်လိုက်သည်နှင့် Log in ကိုဝင်ရောက်ပြီးသားဖြစ်စေမှာပါ။

Photo Source https://consumer.huawei.com/mm/

သေးသွယ်ပါးလွှာတဲ့ smart keyboard မှာ ထူးခြားအံ့သြဖွယ်တစ်ချက် ကျန်ပါသေးတယ်။ ကိုယ့်ရဲ့ Huawei Smartphone ကို keyboards နဲ့ တစ်ချက်သာထိပြီး ညာဘက်က Shift ခလုတ်ကို နှိပ်ကာ ဖုန်းနဲ့ HUAWEI MateStation S တို့ချိတ်ဆက်သွားပြီး super, collaborative device5 တစ်ခုအနေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်။
ကိုယ့်ဖုန်းရဲ့ Screen ဟာ မော်နီတာ မျက်နှာပြင်ပေါ်မှာပေါ်လာမှာဖြစ်ပြီး ဖိုင်များကို Device တစ်ခုမှတစ်ခု အပြန်ပြန်အလှန် လှန်နဲ့ လွယ်ကူလျင်မြန်စွာ ကူးပြောင်းပေးစေနိုင်မှာဖြစ်ပါတယ်။
HUAWEI MateStation S မှာ လိုအပ်တဲ့ ချိတ်ဆက်မှုကိုရရှိဖို့ စိတ်ပူစရာမလိုပါဘူး။ အရှေ့လှည့်ထားတဲ့ မျက်နှာပြင်မှာ USB-C port ပါဝင်ပြီး ကိုယ့်ရဲ့ဖုန်းကို fast charging နဲ့အားသွင်းပေးနိုင်မှာဖြစ်သလို နောက်ကျောဘက်ခြမ်းမှာလည်း လိုအပ်တဲ့ ချိတ်ဆက်မှုအမျိုးမျိုးအတွက် Port များစုံလင်စွာ ပါရှိပါတယ်။
ကိုယ့်ဖုန်းထဲက ဓာတ်ပုံတွေကို ပိုမိုကြီးမားကျယ်ပြန့်ပြီး အသေးစိတ်မြင်ရစေမယ့် မျက်နှာပြင်ကျယ်ကျယ်မှာကြည့်ရှု ပြင်ဆင်နိုင်ပါပြီ။ ဖိုင်ကိုကူးပြောင်းစရာ၊ ခဏခဏ သိမ်းစရာမလိုပဲ HUAWEI MateStation S ပေါ်မှာပြင်ဆင်ခဲ့သမျှ ပြောင်းလဲမှုတွေဟာ ဖုန်းမှာအလိုအလျောက်သိမ်းဆည်းသွားမှာပဲဖြစ်ပါတယ်။ Device ၂ ခု ပေါင်းစပ်မှုဟာ Huawei Share ကြောင့်ပိုမိုပီပြင် အသက်ဝင်လာစေမှာဖြစ်ပါတယ်။