ကိုက်ညီတဲ့ Processor နဲ့စမတ်ဖုန်းတစ်လုံးကို ဘယ်လိုရွေးချယ်မလဲ

Processor ဆိုတာဟာ ဖုန်းတစ်လုံးရဲ့ ဦးနှောက်တစ်ခုလိုပါပဲ။ ဖုန်းတစ်လုံးမှာ လုပ်ဆောင်သမျှ လုပ်ဆောင်ချက် အနည်းနဲ့အများ အားလုံးကို ထိန်းချုပ်လုပ်ဆောင်ပေးရတာ ဖြစ်ပါတယ်။ လုပ်ဆောင်မှုအားမြင့်တဲ့ Processor ဆိုရင်တော့ တန်ကြေးမြင့်တဲ့ Flagship စမတ်ဖုန်းတစ်လုံးမှာ ပါဝင်နေမှာ ဖြစ်ပါတယ်။ တန်ကြေးမြင့်တဲ့အလျှောက် လုပ်ဆောင်မှုအားကလဲ ကောင်းနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် တစ်ကယ်ကောလိုအပ်ရဲ့လားဆိုတာကိုတော့ ပြန်မေးဖို့ လိုအပ်ပါတယ်။ ကိုယ်လိုအပ်တဲ့ Processor တစ်ခုရဲ့လုပ်ဆောင်နိုင်စွမ်းဆိုတာကတော့ စမတ်ဖုန်းတစ်လုံးပေါ်မှာ ကိုယ်လုပ်မယ့်လုပ်ငန်းဆောင်တာတွေ အသုံးပြုမည့်  App တွေပေါ်မှာ မူတည်ပါတယ်။ ကိုယ်တတ်နိုင်တဲ့ တန်းကြေးရယ် ကိုယ်နဲ့လိုက်ဖက်မယ့် Processor ပါတဲ စမတ်ဖုန်းတစ်လုံးကို ရွေးချယ်ရတယ်ဆိုတာ အရေးကြီးလှပါတယ်။

Photo source http://bit.ly/2UfGgKK

Processor ဆိုဘာလဲ?

Processor ဆိုတာကတော့ တစ်နည်းပြောရရင် SoC (system-on-chip) နဲ့ Chipsets ဖြစ်ပါတယ်။ Processor တစ်လုံးဟာ စမတ်ဖုန်းတစ်လုံးမှာ ပြုလုပ်သမျှ လုပ်ဆောင်ချက်အားလုံးကို တိုက်ရိုက်ထိန်းချုပ်စီမံပေးရတာ ဖြစ်ပါတယ်။ Processor ရဲ့လုပ်ဆောင်မှုအားကောင်းလေလေ ဖုန်းရဲ့လုပ်ဆောင်ချက်တွေက ပိုပိုပြီး မြန်ဆန်လေလေ ဖြစ်ပါတယ်။ Processor ရဲ့လုပ်ဆောင်မှုဆိုတာ ကိန်းဂဏန်းတွေကို ထိန်းချုပ်တွက်ချက်ပေးရတာတင် မဟုတ်သေးပါဘူး။ ဖုန်းတစ်လုံးရဲ့ Hardware တွေနဲ့ အခြားလုပ်ဆောင်ချက်တွေဖြစ်တဲ့ ကင်မရာ, Wi-Fi, ဖုန်းမျက်နှာပြင်, လုံခြုံရေးစနစ်, Graphics, Bluetooth, အင်တာနက်ချိတ်ဆက်မှုတွေနဲ့ အခြားလုပ်ဆောင်ချက်တွေကိုလည်း ထောက်ပံ့ ပေးရပါတယ်။

 

Photo source http://bit.ly/2UfGgKK

Core အရေအတွက်နဲ့ Core Speed ပေါ်လိုက်ပြီး Processor ရွေးချယ်ခြင်း

Processor ရဲ့လုပ်ဆောင်မှုဆိုတာကလည်း Core အရေအတွက်နဲ့ Core speed ပေါ်မူတည်ပြီးတော့ ကွဲပြားပါသေးတယ်။ Core ဆိုတာကတော့ စမတ်ဖုန်းရဲ့လုပ်ဆောင်နေတဲ့လုပ်ငန်းစဉ်တွေကို ဆုံးဖြတ်ပေးတဲ့ အရာပဲ ဖြစ်ပါတယ်။ core အရေအတွက်များလေလေ လုပ်ဆောင်မှုအားများတဲ့ Application တွေကိုကောင်းကောင်း လုပ်ဆောင်ပေးနိုင်လေ ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ စမတ်ဖုန်းမျိုးဆက်တွေမှာတော့ multi-core processor တွေကိုအသုံးများပြီး dual-core (two), quad-core (four), နဲ့ octa-core (eight) တွေကိုအတော်လေးတွေ့ရပါတယ်။ တစ်ချို့ Processor တွေကတော့ hexa-core (six) ကိုအသုံးပြုထားပြီး အတော်လေးတော့ရှားပါတယ်။

Processor တွေကို Gigahertz (GHz) လို့ခေါ်တဲ့ Core speed တွေနဲ့လည်းတိုင်းတာနိုင်ပါသေးတယ်။ core တစ်ခုချင်းစီရဲ့ လုပ်ဆောင်ပေးနိုင်တဲ့ မြန်နှုန်းအတိုင်းအတာကို ဖော်ပြပေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် multi-core processor တွေမှာတော့ စွမ်းဆောင်ရည်နဲ့ ထိရောက်နိုင်မှုပမာဏကို ထိန်းညှိပေးနိုင်ဖို့အတွက် multiple GHz တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် Qualcomm ရဲ့ Snapdragon 845 chipset အသစ်မှာဆိုရင် core အရေအတွက် (၈) ခုပါဝင်ပြီး (၄) ခုကတော့ 2.8 GHz မြန်နှုန်းနဲ့စွမ်းဆောင်ရည်ပေးနိုင်ပြီး နောက် (၄) ခုကတော့ 1.7 GHz မြန်နှုန်းနဲ့ ဘတ်ထရီကုန်တာကိုလဲ သက်သာစေမှာ ဖြစ်ပါတယ်။ ဒါကြောင့်core အရေအတွက်တင်မကပါဘူး clock speed ကိုလဲ ကြည့်ပြီးမှ processor ကိုရွေးချယ် သင့်ပါတယ်။

Photo source https://www.mediatek.com/

Brand နဲ့ Series ပေါ်လိုက်ပြီး Processor ရွေးချယ်ခြင်း

Processor ကိုရွေးချယ်တဲ့နေရာမှာ Brand နဲ့ Series ပေါ်လိုက်ပြီးတော့လည်း ရွေးချယ်နိုင်ပါသေးတယ်။ စမတ်ဖုန်း processor တွေကိုထုတ်လုပ်တဲ့ ကုမ္ပဏီကတော့ လက်တစ်ဆုပ်စာလောက်ပဲ ရှိပါတယ်။ အဲ့ဒီထဲမှာမှ အဓိကကတော့ Qualcomm နဲ့ MediaTek ဖြစ်ပါတယ်။ Apple, Samsung နဲ့ Huawei ကုမ္ပဏီတွေကလဲ processor တွေပြုလုပ်ပေမယ့် သူတို့ကိုယ်ပိုင်စမတ်ဖုန်းတွေအတွက်ပဲ အသုံးပြုတာများပါတယ်။ ကုမ္ပဏီနှစ်ခုလုံးမှာတော့ အဆင့်အလိုက်ခွဲထားတဲ့ chipset တွေရှိပါတယ်။ Qualcomm မှာတော့ Snapdragon 200, 400, 600 နဲ့ 800 အသီးသီးရှိပါတယ်။ နံပါတ်ကြီးလာလေလေ သူ့ Series အလိုက်လုပ်ဆောင်နိုင်စွမ်း ပိုမြင့်လာလေလေဖြစ်ပါတယ်။ Qualcomm ကတော့လတ်တစ်လောမှာ Snapdragon 845 ကိုစတင်အသုံးပြုထားပြီး အခုချိန်ထိတော့ လုပ်ဆောင်နိုင်စွမ်းအကောင်းဆုံး ဖြစ်ပါတယ်။ MediaTek ရဲ့ processor တွေကတော့ထူးခြားပါတယ်။ entry level နဲ့ mid-level ရှိပြီးတော့ MT67 ဆိုပြီး ကိန်းဂဏန်းနှစ်လုံး ပါဝင်လေ့ရှိပါတယ်။ Premium mid-range တွေကိုတော့ Helio P လို့ခေါ်ပြီးတော့ သူ့ထက်အဆင့်မြင့်တာကိုတော့ Helio X လို့ခေါ်ပါတယ်။ MediaTek အတွက်ကတော့ အမြင့်ဆုံးအက္ခရာက စွမ်းဆောင်မှုအမြင့်ဆုံးပဲ ဖြစ်ပါတယ်။