အလုပ်မအားလပ်သူတွေအတွက် အဝတ်လျှော်မီးပူတိုက် ကိစ္စတွေကိုကူညီဖြေရှင်းပေးမယ့် dhobi (ဒိုဘီ) Application

ခုလိုစိုစွတ်တဲ့ မိုးရာသီမှာအဝတ်အစားတွေ လျှော်ရဖွတ်ရ မီးပူတိုက်ရတာကလည်း ဘယ်လိုသောကတွေကြုံတွေ့ရသလဲ ဆိုတာတော့ အိမ်ရှင်မတော်တော်များများကတော့ သိကြပါတယ်။ မိုးဆက်တိုက်ရွာနေတဲ့ရက်ဆိုရင်လည်း လျှော်ထားတဲ့အ ဝတ်တွေ တော်တော်နဲ့မခြောက်နိုင်သလို အိမ်ထဲမှာလှမ်းထားရတဲ့ ဒုက္ခကိုလည်း ကြုံဖူးတဲ့သူတိုင်းသိကြပါလိမ့်မယ်။ နေ့စဉ် ရက်ဆက်မိုးတွေရွာနေတဲ့အခါတွေမှာဆိုရင် အဝတ်လျှော်ရလှမ်းရတော့ ဖားဥစွဲတာတွေနဲ့အောက်သိုးသိုး အနံတချို့လည်းရ လာတတ်ပါတယ်။

Photo Source – https://www.facebook.com/dhobimm/

အိမ်ထောင်ရှင်မတွေအတွက် အလုပ်တဖက်နဲ့မအားလပ်တဲ့အခါမျိုးတွေမှာ အဝတ်အစားလျှော်ဖွတ်မီးပူတိုက်ရတဲ့အလုပ် တစ်ခုကို အချိန်တိုအတွင်းအလျင်အမြန် ပြီးစီးသွားစေတာကလည်း စိတ်ချမ်းသာမှုတစ်ခုရစေသလို အခြားလူမှုရေး၊ စီးပွား ရေးကိစ္စတွေမှာ အချိန်ပိုပေးနိုင်ကြမှာလည်းဖြစ်ပါတယ်။ တစ်ယောက်တည်းသီးသန့်နေထိုင်တဲ့သူတွေအတွက်လည်း ကိုယ် အလုပ်မအားလပ်တဲ့အချိန်မျိုးတွေမှာ လျှော်စရာအဝတ်အစားတွေများလာတာနဲ့အမျှ အချိန်ပေးလျှော်နေရတဲ့အတွက် အ ခြားအရေးကြီးတဲ့အလုပ်တွေ ရပ်တန့်ထားရတာမျိုးလည်း ကြုံတွေ့တတ်ကြတာပါပဲ။

Photo Source – https://www.facebook.com/dhobimm/

Dhobi.co Application ကတော့ အိမ်ရှင်မတွေ၊ အလုပ်မအားလုပ်သူတွေအတွက်တော့ အဝတ်လျှော်ဖွတ်မီးပူတိုက်ရတဲ့ ပြဿနာတွေကို ဝိုင်းဝန်းဖြေရှင်းကူညီပေးတဲ့ Application တစ်ခုဖြစ်သလို အသုံးပြုသူတိုင်းအတွက် လည်းအဆင်ပြေစေ ပါတယ်။ ခုလိုမိုးရာသီအတွက်တော့ အဝတ်အစားမခြောက်တဲ့ ပြဿနာတွေအတွက်တော့ အင်မတန်မှအသုံးတည့်တဲ့ App တစ်ခုဖြစ်သလို ဝန်ဆောင်မှုဈေးနှုန်းကလည်း သင့်တင့်မျှတစေပါတယ်။

Photo Source – https://www.facebook.com/dhobimm/

dhobi.co Application ကို Install လုပ်ပြီးတာနဲ့ App ထဲမှာ တခြားအဝတ်အစား လျှော်ခဈေးနှုန်းတွေကြည့်လို့ရနိုင်ပါတယ်။ Application ကလည်း မြန်မာ၊အင်္ဂလိပ်နှစ်ဘာသာနဲ့ အသုံးပြုရအဆင်ပြေအောင် ပြုလုပ်ထားပြီး App ကို Install ပြုလုပ်ပြီး တာနဲ့ ဦးစွာအကောင့်ဖွင့်လှစ်ရပါမယ်။ ပြီးမှ အမည်၊ ဖုန်းနံပါတ်၊ စကားဝှက်၊ အဝတ်အစားအယူအပို့အတွက်မြို့နယ်၊ အိမ်လိပ်စာ၊ နေ့ရက်၊ ရယူလိုတဲ့ဝန်ဆောင်မှု နဲ့အချိန်ကို ဖြည့်ပြီး လွယ်ကူစွာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။ အဝတ်အစားများ ကိုလည်း လာယူပြီး (၄၈) နာရီအတွင်း လျှော်ဖွတ်မီးပူတိုက်ပြီး ဝန်ဆောင်မှုအမြန်ဆုံးပေးသွားမှာဖြစ်သလို Application စတင်သုံးစွဲတဲ့သူတွေအတွက်လည်း ဈေးလျှော့ပေးသွားအုံးမှာလည်းဖြစ်ပါတယ်။

Photo Source – https://www.facebook.com/dhobimm/

ရန်ကုန်မြို့တွင်း ဒိုဘီဝန်ဆောင်မှုရရှိနိုင်တဲ့ မြို့နယ်တွေကတော့သင်္ဃန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္က လာပမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ မင်္ဂလာတောင်ညွှန့်မြို့ နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လမ်းမ နော်မြို့နယ်၊ ဒဂုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ လှိုင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့ နယ်၊ မရမ်းကုန်းမြို့နယ် စတဲ့မြို့နယ် (၂၃) မြို့နယ်အတွက်ဝန်ဆောင်မှုရရှိနိုင်ပါလည်းဖြစ်ပါတယ်။ ဖော်ပြပါမြို့နယ်အားလုံး အတွက် အယူအပို့အခအနေနဲလည်း ကျပ် (၁၀၀၀) ပဲကျသင့်မှာဖြစ်ပါတယ်။

Photo Source – https://www.facebook.com/dhobimm/

မီးပူတိုက်ခမပါဝင်ပဲ အဝတ်လျှော်ခဈေးနှုန်းများမှာလည်း စွပ်ကျယ် ၁၀၀ ကျပ်၊ တီရှပ်လက်တို ၂၀၀ ကျပ်၊၊ တီရှပ်လက်ရှည် ၂၅၀ ကျပ်၊ ရှပ်အင်္ကျီလက်တို ၂၅၀ ကျပ်၊ ရှပ်အင်္ကျီလက်ရှည် ၃၀၀ ကျပ်၊ စပို့ရှပ်လက်တို ၂၅၀ ကျပ်၊ စပို့ရှပ်လက်ရှည် ၃၀၀ ကျပ်၊ အမျိုးသမီးဝတ်အင်္ကျီလက်တို ၂၀၀ ကျပ်၊ အမျိုးသမီးဝတ်အင်္ကျီလက်ရှည် ၂၅၀ ကျပ်၊ လုံချည်(အမျိုးသမီး) ၃၀၀ ကျပ်၊ လုံချည်(အမျိုးသား) ၃၀၀ ကျပ်၊ စကပ်တို ၂၅၀ ကျပ်၊ စကပ်ရှည် ၃၅၀ ကျပ်၊ ဂါဝန်တို ၂၅၀ ကျပ်၊ ဂါဝန်ရှည် ၃၅၀ ကျပ်၊ ဘောင်းဘီတို ၂၅၀ ကျပ်၊ ဘောင်းဘီရှည် ၃၀၀ ကျပ်၊ ဂျင်းဘောင်းဘီရှည် ၃၉၀ ကျပ်၊ စတိုင်ဘောင်းဘီရှည် ၃၉၀ ကျပ်၊ အနွေးအင်္ကျီ ၆၀၀ ကျပ်၊ ကလေးဝတ် ၁၅၀ ကျပ်၊ တိုက်ပုံအင်္ကျီ ၅၀၀ ကျပ်၊ အတွင်းခံအင်္ကျီ ၁၅၀ ကျပ်၊ အတွင်းခံဘောင်း ဘီ (ယောင်္ကျားလေး) ၁၅၀ ကျပ်၊ တဘက်အသေး ၃၅၀ ကျပ်၊ တဘက်အကြီး ၇၀၀ ကျပ်၊ လိုက်ကာပါးတစ်ပေပတ်လည် ၁၅၀ ကျပ်၊ ခေါင်းအုံး/ဖက်လုံး /ခုံစွပ် ၃၀၀ ကျပ်၊ အိပ်ရာခင်းသေး ၈၀၀ ကျပ်၊ အိပ်ရာခင်းကြီး ၁၃၀၀ ကျပ်၊ ဇာခြင်ထောင် သေး ၈၀၀ ကျပ်၊ ဇာခြင်ထောင်ကြီး ၁၃၀၀ ကျပ်၊ ချည်စောင် (၁) ၁၅၀၀ ကျပ်၊ ချည်စောင် (၂) ၂၅၀၀ ကျပ်၊ မွှေးပွစောင်ပါး၂၀၀၀ ကျပ်၊ မွှေးပွစောင်ထူ ၄၀၀၀ ကျပ်၊ ဂွမ်းကပ်စောင် (၂) ၅၅၀၀ ကျပ်၊ ခြေအိတ် ၁၅၀ ကျပ်၊ လက်သုတ် ပဝါ ၁၀၀ ကျပ်၊ ဆီလီကွန်ခေါင်းအုံး ၂၀၀၀ ကျပ်၊ ဆီလီကွန်ဖက်လုံး ၂၅၀၀ ကျပ်၊ အိတ် ၁၀၀၀ ကျပ်တို့ ကျသင့်မှာပဲဖြစ်ပါ တယ်။
အောက်ပါ Link များမှ ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
https://bit.ly/2YD1Cmo
https://bit.ly/2LEmZAd
အောက်ပါ Link များမှ App ကို Install ပြုလုပ်နိုင်ပါတယ်။
For Android Users -> http://bit.ly/2tV15ys
For IPhone Users -> https://apple.co/2WQs1fo