ဆယ်ကျော်သက်များဘေးကင်းစေဖို့ အထောက်အကူဖြစ်စေတဲ့ဘေးကင်း(Bay Kin) Application

ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ အစွမ်းထက်သည်ဆိုသည့် စကားလေးအတိုင်း ယခု မြန်မာနိုင်ငံအတွင်း ကြုံတွေ့နေ ရသည့် စိတ်မကောင်းစရာဖြစ်ရပ်များမှ ရှောင်လွှဲနိုင်ဖို့အတွက် 360ed မှ ထုတ်လုပ်ထားသော ဘေးကင်းစေဖို့ ဘေးကင်း Bay Kin Application နှင့် ရုပ်ပြကာတွန်းစတင်မိတ်ဆက်သည့် အခမ်းအနားအား ဇွန်လတွင် ရန်ကုန်မြို့Pan Pacific Hotel Ballroom ၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

Photo Source – https://www.facebook.com/baykin.360ed/?epa=SEARCH_BOX

ဆယ်ကျော်သက်လူငယ်များအတွက် အဓိကထားထုတ်လုပ်ထားပြီး လူငယ်များဆောင်ရန်၊ရှောင်ရန်အချက်များနှင့်လိင်မှု ကိစ္စဆိုင်ရာ ပညာပေးအချက်အလက်များစွာပါဝင်သော Baykin App နှင့် Baykin ရုပ်ပြကာတွန်းစာအုပ်များအား အသုံးပြုပုံများနှင့်ပါဝင်သော အကြောင်းရာများကို ရှင်းလင်းတင်ဆက်ခဲ့ကြသည်။
” ဘေးကင်း ” ဆိုသည့်အတိုင်း ဘေးကင်း ” Bay Kin ” သည် မြန်မာနိုင်ငံအတွင်းရှိဆယ်ကျော်သက်များ ” ဘေးကင်းစေဖို့ ” ရည်ရွယ်ချက်ဖြင့်ထုတ်လုပ်ထားခြင်းဖြစ်ပြီး SPRING Accelerator ၏ ကူညီထောက်ပံ့မှုတို့နှင့်အတူ မြန်မာဆယ်ကျော်သက် များအတွက် 360ed မှ ထုတ်လုပ်ထားသည့် ဘေးကင်းပညာပေး Application တစ်ခုလည်းဖြစ်သည်။

Photo Source – https://www.facebook.com/baykin.360ed/?epa=SEARCH_BOX

အဆိုပါ Mobile Application တွင် ပညာရေးဆိုင်ရာ Games များအားစုစည်းထားရှိပြီး အခန်းဆက်ရုပ်ပြကာတွန်းစာအုပ် များနှင့်သင်ကြားရေးဆိုင်ရာ 4D ရုပ်ကြွစာအုပ်တို့ပါဝင်ကြောင်းလည်းသိရသည်။ အဆိုပါဒီဂျစ်တယ် Applications သည် ကျောင်းသားကျောင်းသူများနှင့်ဆရာ၊ဆရာမများအတွက် ပို၍လက်လှမ်းမှီပြီး ဆွဲဆောင်မှုရှိသည့်အပြင် မိုဘိုင်းလက်ကိုင်ဖုန်း အသုံးပြုရင်း စိတ်ကူးစိတ်သန်းအသစ်များကိုအသုံးချကာ သင်ရိုးညွှန်းတမ်းအသစ်အသစ်များဆီသို့ အကောင်အထည်ဖော် ချဉ်းကပ်နိုင်မည်ဖြစ်လည်းဖြစ်သည်။

Photo Source – https://www.facebook.com/baykin.360ed/?epa=SEARCH_BOX

မြန်မာနိုင်ငံ၏ ရှေးရိုးစွဲဘာသာရေးယုံကြည်မှုများ၊ သတ်မှတ်မှုများကြောင့်သော်လည်းကောင်း၊ ရှက်စရာကိစ္စတစ်ခုဟုသတ် မှတ်၍ လိင်ကိစ္စနှင့်ပတ်သတ်သည့်ပညာပေးခြင်း Sex Education သင်ကြားရေးသည် လုံးဝမရှိသလောက်ရှားပါးခဲ့အတွက် ယခု Mobile Application ကများစွာအထောက်အကူပေးနိုင်မည်လည်းဖြစ်သည်။ ထို့အပြင် ဆယ်ကျော်သက်လူငယ် လူရွယ် များအနေဖြင့်လည်း ခန္ဓာကိုယ်ပြောင်းလဲမှုနှင့်ပတ်သတ်သည့်ကိစ္စကြီးငယ်များအား ၎င်းတို့၏မိဘများဆီမှလေ့လာသင် ယူရန်အခွင့်အလမ်းသည်လည်းအလွန်ု နည်းပါးခဲ့ကြကြောင်း၊ ဆယ်ကျော်သက်အရွယ်အသိပညာပေးလုပ်ငန်းများကလည်း၊ မလိုလားအပ်သော အန္တရာယ်များကိုကြိုတင်ကာကွယ်ပေးထားသည့်အနေဖြင့် ယခု App ကများစွာအထောက်အကူဖြစ် စေမည်လည်းဖြစ်ကြောင်းလည်းသိရသည်။

Photo Source – https://www.facebook.com/baykin.360ed/?epa=SEARCH_BOX

ထိုအတွက်ကြောင့် မြန်မာ့ဆယ်ကျော်သက်လူငယ်များအတွက် လိုအပ်နေသောကွက်လပ်တို့အား တဖက်တလမ်းမှဖြည့်စွမ်း နိုင်ရန်ရည်ရွယ်၍ 360ed မှ ပညာပေးအချက်အလက်များထည့်သွင်းထားသော Games များဖြင့်စုစည်းထားသော Application အပြင် အခန်းဆက်ရုပ်ပြကာတွန်းစာအုပ်များနှင့်သင်ကြားရေးဆိုင်ရာ 4D ရုပ်ကြွစာအုပ်အား တီထွင်ထုတ်လုပ် ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါ Mobile Application သည်ဆယ်ကျော်သက် လူငယ်လူရွယ်များသိရှိထားရမည့် အကြောင်းအရာများကို အဓိကထား ထည့်သွင်းဖော်ပြထားသည့်အတွက် ဆောင်ထားသည့်သည့် App တစ်ခုဖြစ်သည့်နည်းတူ သင်ကြားရေးအထောက်အကူပြု ဆရာ၊ ဆရာမများအတွက် သုံးစွဲရအဆင်ပြေနိုင်မည်လည်းဖြစ်သည်။
အဆိုပါဘေးကင်း Application တွင် ဆယ်ကျော်သက်လူငယ်များ ဘေးကင်းစေရန်ကာကွယ်ပေးနိုင်မည့် အချက်အလက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Photo Source – https://www.facebook.com/baykin.360ed/?epa=SEARCH_BOX

– ဥပဒေနှင့်ဥပဒေရေးရာကိစ္စရပ်များဆိုင်ရာ အသိပညာ
– မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုတင်ကာကွယ်မှုများ
– ကိုယ်လုံကာကွယ်ရေးနည်းပညာ
– ဆယ်ကျော်သက်များအတွက်ကျန်းမာရေးအသိပညာ
– လိင်ပိုင်းဆိုင်ရာမျိုးပွားခြင်းအသိပညာနှင့်ကျန်းမာရေး
– လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ စသည်တို့ပါဝင်မည်ဖြစ်သည်။
360ed သည် အခြေခံပညာရေးမှသည် နိုင်ငံတော်အဆင့်ပညာရေးသို့အသွင်ကူးပြောင်းရန်လုပ်ဆောင်နေသောမြန်မာနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားပိုင်တစ်ခုတည်းသော EduTech ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ပညာရေး ပြုပြင် ပြောင်းရေးဖြစ်စဉ်အား စွမ်းအားမြင့် Virtual Reality ( VR ) နည်းပညာ၊ Augmented Reality ( AR ) နည်းပညာ နှင့် အခြားအခြားသော ခေတ်မှီနည်းပညာများတို့ဖြင့် ခေတ်မှီသင်ကြားရေးစနစ်သို့အဆင်မြှင့်တင်ရန်ရည်ရွယ်ထားကြောင်းလည်း သိရသည်။
Bay Kin Mobile Application အား အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://play.google.com/store/apps/details?id=com.ed360.BayKinAR