သင်တန်းရှာဖွေနေသူများအတွက် PandaingMap Application

ဒီနေ့ခေတ်အနေအထားအရ ကျောင်းသူ/ကျောင်းသားတွေအဖို့ ကျောင်းအားလပ်ရက်တွေမှာ လက်မှုအတတ်ပညာသင် တန်း၊ ဘာသာစကားသင်တန်း၊ ကွန်ပြူတာသင်တန်းနဲ့ အခြားဝါသနာပါရာကဏ္ဍအလိုက်သင်တန်းမျိုးစုံကို တက်ရောက်သင် ကြားတာက အလေ့အထတစ်ခုလိုဖြစ်နေပါတယ်။ အဲ့လို လေ့လာသင်ကြားထားမှလည်း အတန်းပညာပြီးဆုံးလို့ လုပ်ငန်းခွင် ဝင်တဲ့အခါ အခက်အခဲမရှိအထောက်အကူဖြစ်စေနိုင်သလို အသိအမြင်ဗဟုသုတလည်း ပိုမိုတိုးပွားစေလာစေတာအမှန်ပါပဲ။ ကျောင်းသူ/ကျောင်းသားတွေတင်မကပါဘူး။ နိုင်ငံရပ်ခြားထွက်ခွာမယ့်လူတွေ၊ ဘွဲ့တစ်ခုရပြီး ပညာရပ်တစ်ခုကို ထပ်မံလေ့ လာချင်တဲ့သူတွေအတွက်လည်း သက်ဆိုင်ရာမွမ်းမံသင်တန်းတွေကို ဆက်လက်သင်ကြားလေ့လာကြရပါတယ်။ အဲ့ဒီ အတွက် တက်ချင်တဲ့သင်တန်းကိုအချိန်တိုတိုနဲ့ရှာဖွေလို့ရနိုင်မယ့် နည်းလမ်းတစ်ခုခုတော့ မဖြစ်မနေသိထားဖို့လိုအပ်ပါ တယ်။

Photo Source by Myanmar Tech Press

သင်တန်းရှာတယ်ဆိုတဲ့နေရာမှာလည်း ကိုယ်တိုင်ကသင်တန်းတွေတတ်စရာမလိုတော့ဘူးဆိုတောင် ကိုယ့်မိသားစုပတ်ဝန်း ကျင်မှာ သင်တန်းတက်ဖို့ရှာဖွေနေတဲ့အသိမိတ်ဆွေသူငယ်ချင်းတွေတော့ရှိတတ်တာမို့ ကိုယ့်ဆီကိုအကူအညီတောင်းလာတဲ့ အခါ ကောင်းမွန်တဲ့သင်တန်းတွေကို အလွယ်တကူရှာဖွေနိုင်တဲ့နည်းလမ်းတစ်ခုသိထားတော့ တနည်းတဖုံအဆင်ပြေစေပြန် ပါတယ်။ ရန်ကုန်မြို့ပေါ်မှာ သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်းတွေစုံစုံလင်လင်ရှိကြတယ်ဆိုပေမယ့်လည်း သင်တန်း ဖွင့်လှစ်တဲ့တည်နေရာတွေကိုတော့ လူတိုင်းလိုလိုမသိနိုင်ကြပါဘူး။ အဆက်အသွယ်တစ်ခုခုကြောင့် သင်တန်းတည်နေရာ တော်တော်များများကို သိရှိထားတယ်ဆိုရင်တောင် သင်ကြားရေးပိုင်းဆိုင်ရာတွေ၊ သင်တန်းကြေးပေးသွင်းတာတွေ စသဖြင့် အသေးစိတ်သိရှိ ထားနိုင်မှသာအဆင်ပြေနိုင်မှာလည်းဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လည်း ဖုန်းထဲမှာထည့်သွင်းထားရုံနဲ့ ကိုယ်တက်ချင်တဲ့သင်တန်းကို အလွယ်တကူရှာဖွေနိုင်တဲ့ Mobile Application တစ်ခုကိုလမ်းညွှန်ပြသချင်ပါတယ်။

Photo Source by Myanmar Tech Press

Application နာမည်ကတော့ PandaingMap Application ပဲဖြစ်ပါတယ်။ အဲ့ဒီ PandaingMap Application မှာတော့ ပညာရေးဆိုင်ရာအသိပညာပေးဆောင်းပါးတွေ၊ ရန်ကုန်မြို့ပေါ်မှာဖွင့်လှစ်သင်ကြားနေတဲ့ သင်တန်းကျောင်းတွေကို ရှာဖွေကြည့်ရှုမှတ်သားပြီး တက်ရောက်လို့ရအောင် စီစဉ်ဆောင်ရွက်ပေးထားတဲ့ အကျိုးရှိတဲ့ပညာရေး Application တစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ PandaingMap Facebook Page နဲ့ PandaingMap Website မှာလည်း ဝင်ရောက်ကြည့် ရှုလေ့လာလို့ရပါသေးတယ်။ အဲ့ဒီ Page ဟာလည်း ယနေ့လက်ရှိအချိန်မှာ Like နဲ့ Follow ငါးသောင်းနီးပါးရရှိထား တာဖြစ်ပြီး ပညာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို စဉ်ဆက်မပြတ်ဖော်ပြပေးလျက် ရှိပါတယ်။
ကိုယ်က ဘယ်မြို့နယ်မှာ အရည်အသွေးပြည့်ဝပြီးကောင်းမွန်တဲ့ ဘာသာစကားသင်တန်းကိုတက်ချင်တယ်။ ကိုယ်နေတဲ့မြို့ နယ်နဲ့လည်း နီးချင်တယ်။ ဘယ်လိုရှာရမလဲ။ ဘယ်လိုစုံစမ်းရမယ်ဆိုတာ မသိတဲ့သူတွေအတွက် PandaingMap Application ကကူညီပေးပါတယ်။ ဒါ့အပြင် ပညာရေးနဲ့သက်ဆိုင်တဲ့ စိတ်ဝင်စားဖွယ်ရာအသိပညာပေးဆောင်းပါး တွေကိုလည်း PandaingMap Application မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Photo Source by Myanmar Tech Press

PandaingMap Application ကို Play Story မှာ Install ပြုလုပ်ပြီးလို့ ဖွင့်လိုက်ပြီဆိုတာနဲ့ “အခုပဲ ကျောင်းတွေနဲ့ အတန်းတွေကို ရှာဖွေလိုက်ရအောင်” ဆိုတဲ့ စာတမ်းလေးကိုအရင်မြင်ရမှာပါ။ အဲ့ဒီအောက်မှာမှ ရှာဖွေလိုတဲ့ကျောင်း နာမည်၊ ကျောင်းတည်နေရာ၊ မိမိတက်ရောက်လိုတဲ့ သက်ဆိုင်ရာသင်တန်းအမည်တွေကို ရွေးချယ်ရှာဖွေနိုင်အောင် စီစဉ်ပြ သထားပါတယ်။ PandaingMap Application မှာ ရန်ကုန်မြို့မှာရှိတဲ့သင်တန်းကျောင်းစုစုပေါင်း သုံးထောင်နီးပါးကို ထည့် သွင်းဖော်ပြထားပါတယ်။ PandaingMap Application ထဲက “ကျောင်းများကို မြို့နယ်အလိုက် ရှာဖွေလိုက်ပါ”ဆိုတဲ့ စာတမ်းလေးနဲ့ဖော်ပြထားပေးပါတယ်။
ကျောင်းများတည်ရှိရာနေရာကို အလွယ်တကူရှာဖွေနိုင်စေရန် မြေပုံနဲ့အသေးစိတ်ပြသထားပြီး ကျောင်းနေရပ်လိပ်စာကိုပါ ထည့်သွင်း ဖော်ပြထားတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်တက်ချင်တဲ့ကျောင်းနာမည်၊ သင်တန်းအမျိုးအစားတွေကို ရှာဖွေရာမှာလည်း မိမိနဲ့သင့်တော်မယ့်ကျောင်းကို တစ်ခုမဟုတ်တစ်ခု စိတ်ကြိုက်ရွေးချယ်နိုင်သလို ကျောင်းရဲ့အသေး စိတ်အချက်အလက်တွေကိုပါ ထည့်သွင်းဖော်ပြထားတာကြာင့် အသုံးပြုသူအတွက် အရမ်းကိုအဆင်ပြေစေပါတယ်။

Photo Source by Myanmar Tech Press

ကလေးမိဘတွေအတွက်လည်း မိမိရဲ့ကလေးတွေ ကို Pre School ထားချင်တယ်ဆိုရင်တယ်ဆိုရင်လည်း မိမိအိမ်နဲ့အနီးဆုံး မှာရှိနိုင်မယ့် Pre School တစ်ခုကို PandaingMap Application မှာဝင်ရောက်ရှာဖွေနိုင်ပြီး မိမိကလေးနဲ့အဆင်ပြေစေမယ့် ကျောင်းကိုရွေးချယ်ထားရှိလို့ လည်းရပါသေးတယ်။
သင်တန်းကျောင်းဖွင့်လှစ်သင်ကြားပေးနေတဲ့သူတွေအတွက်လည်း မိမိသင်တန်းကျောင်း၊ ကျောင်းသား၊ကျောင်းသူများကြား မှာ အသိအမှတ်အများဆုံးပြုခံရတဲ့ သင်တန်းကျောင်းတစ်ခုဖြစ်လာချင်တယ်။ တဆင့်စကားတစ်ဆင့်နားနဲ့ အောင်မြင်ကျော် ကြားတဲ့ သင်တန်းကျောင်းတစ်ခုအဖြစ် ထွက်ပေါ်လာစေချင်တယ်ဆိုရင်လည်း PandaingMap Application၊ Website နဲ့ Facebook Page မှာ ထည့်သွင်းဖော်ပြလို့လည်း လက်ခံပေးပါတယ်။
ဒါမှမဟုတ် မိမိဖွင့်လှစ်မယ့် သင်တန်းတွေရဲ့သင်တန်းဖွင့်ရက်နဲ့ သင်တန်းအချိန်ဇယားကိုလည်း ကျောင်းသူ၊ ကျောင်းသား များများသိရှိအောင် ထည့်သွင်းဖော်ပြချင်တယ်ဆိုရင်လည်း ဖုန်းဆက်၍ ဖြစ်စေ PandaingMap ChatBot မှဖြစ်စေ ဆက် သွယ်စုံစမ်းနိုင်ပါတယ်။ ChatBot မှမေးမြန်းလာတဲ့သူတွေကိုလည်း သိချင်တာတွေကိုအချိန်မရွေးပြန်လည်ဖြေကြားပေးစေ နိုင်ဖို့လည်းပြုလုပ်ထားပါတယ်။

Photo Source by Myanmar Tech Press

PandaingMap Application နဲ့ Facebook Page အတွက် သိချင်တဲ့အကြောင်းအရာ၊ မေးမြန်းလိုသည့် အကြောင်းအရာတွေကို ဆက်သွယ်မေးမြန်းနိုင်ရန်အတွက်လည်း ဖုန်းနံပါတ်နဲ့ရုံးလိပ်စာကို လည်းထည့်သွင်းဖော်ပြထားပါ တယ်။ ကြော်ငြာကဏ္ဍနဲ့မိမိ ကျောင်းကို အများပြည်သူပိုမိုသိရှိစေရန်အတွက် PandaingMap Application နဲ့ Page မှာ ထည့်သွင်းဖော်ပြမယ်ဆိုရင်လည်း ဆက်သွယ်မေးမြန်းလို့ရနိုင်ပါတယ်။
အောက်ပါ Link မှာဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://bit.ly/2X795NU